ဘီးလင်းမြစ်ရေအခြေအနေ ဇူလိုင်လ(၁၄)ရက်နေ့တွင် ကျဆင်းသွား၍ မြို့ပေါ်ကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း

ဘီးလင်းမြစ်ရေအခြေအနေ ဇူလိုင်လ(၁၄)ရက်နေ့တွင် ကျဆင်းသွား၍ မြို့ပေါ်ကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း
ဇူလိုငျ 14, 2019
By Tachileik News Agency

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မြစ်ရေကျဆင်းလာသဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့မှစ၍ မြို့ပေါ်ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး က ထုတ်ပြန် ကြေငြာထားသည်။


ဘီးလင်းမြို့တွင် မြစ်ရေတိုးနေသဖြင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်း (၅)ခုကို ဇူလိုင်လ (၉)ရက်နေ့ကတည်းက ဖွင့်ထားပြီး ရေကြီးနစ်မြုပ်ပါက အဆက်အသွယ်ပြတ်တောက်နိုင်သည့် ကျေးရွာအုပ်စု (၁၀)ခုကိုလည်း ရိက္ခာများ ကြိုတင်ပေးပို့ခြင်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ဘီးလင်းမြို့တွင် ၂၀၁၈ ခုနှစ်က  ရေကြီးနစ်မြုပ်မှုခံရသည့်စာရင်းများကို အခြေခံ၍ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့် ပစ္စည်း (၆)မျိုးကို (၇)ရက်စာကို ရင်းအုံ၊ အဟုံးဝ၊ ကတီပု၊ ဒညင်းကုန်း၊ နတ်ကြီး၊ ဘုရားဆိပ်ကျေးရွာ၊ မဲလံခေါင်း၊ ကျားကွင်း၊ နတ်ကြီး၊ ပီတိ၊ မဲပလီ၊ ဘုရားဆိပ် ကျေးရွာအုပ်စုများသို့ (၇)ရက်စာရိက္ခာများ ကြိုတင်ပေးပို့ထားပြီး  ဘီးလင်းမြို့တွင် ဓမ္မဝိဟာရ၊ မြို့နယ်တစညရုံး၊ မြို့ဦး၊ အောင်သိဒ္ဓိနှင့် ဘီးလင်း(အထက)တို့တွင်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့မှစ၍ဖွင့်လှစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုများကို ပြောင်းရွှေ့ပေးထားခဲ့ခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မြစ်ရေကျဆင်းလာသဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့မှစ၍ မြို့ပေါ်ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး က ထုတ်ပြန် ကြငြောထားသည်။

ဘီးလင်းမြစ်ရေအခြေအနေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် တိုင်းထွာချက်များအရ (၈၁၆) စင်တီမီတာရှိပြီး ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၀၂၂)စင်တီမီတာ ဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြို့တွင် မြစ်ရေတိုးနေသဖြင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်း (၅)ခုကို ဇူလိုင်လ (၉)ရက်နေ့ကတည်းက ဖွင့်ထားပြီး ရကြေီးနစ်မြုပ်ပါက အဆက်အသွယ်ပြတ်တောက်နိုင်သည့် ကျေးရွာအုပ်စု (၁၀)ခုကိုလည်း ရိက္ခါများ ကြိုတင်ပေးပို့ခြင်းကို ဆောင်ရွက်နခြေင်းဖြစ်သည်။

ဘီးလင်းမြို့တွင် ၂၀၁၈ ခုနှစ်က ရကြေီးနစ်မြုပ်မှုခံရသည့်စာရင်းများကို အခြေခံ၍ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့် ပစ္စည်း (၆)မျိုးကို (၇)ရက်စာကို ရင်းအုံ၊ အဟုံးဝ၊ ကတီပု၊ ဒညင်းကုန်း၊ နတ်ကြီး၊ ဘုရားဆိပ်ကျေးရွာ၊ မဲလံခေါင်း၊ ကျားကွင်း၊ နတ်ကြီး၊ ပီတိ၊ မဲပလီ၊ ဘုရားဆိပ် ကျေးရွာအုပ်စုများသို့ (၇)ရက်စာရိက္ခါများ ကြိုတင်ပေးပို့ထားပြီး ဘီးလင်းမြို့တွင် ဓမ္မဝိဟာရ၊ မြို့နယ်တစညရုံး၊ မြို့ဦး၊ အောင်သိဒိ္ဓနှင့် ဘီးလင်း(အထက)တို့တွင်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့မှစ၍ဖွင့်လှစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုများကို ပြောင်းရွှေ့ပေးထားခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်) နှင့် ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်း၊ ကမ်းနား (အမက)၊ ရွှေလှေ(အမက)၊ ပျဉ်းမပင်ဆိပ်(အထကခွဲ) ကျောင်း(၄)ကျောင်းကို ဇူလိုင်လ (၉)ရက်နေ့ကတည်းက စတင်ပိတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net