မေကြးၿမိဳ႕တြင္ ေက်ာင္းသားသမဂၢမ်ားပူးေပါင္း၍ ဆဲဗင္းဇူလိုင္ ေအာက္ေမ့ဖြယ္အခမ္းအနားကို ပထမဆံုးအႀကိမ္ က်င္းပ

မေကြးၿမိဳ႕တြင္ ေက်ာင္းသားသမဂၢမ်ားပူးေပါင္း၍ ဆဲဗင္းဇူလိုင္ ေအာက္ေမ့ဖြယ္အခမ္းအနားကို ပထမဆံုးအႀကိမ္ က်င္းပ
ဇူလိုင် 7, 2019
By Tachileik News Agency

ဆဲဗင္းဇူလိုင္(7 JULY) ေအာက္ေမ့ဖြယ္အခမ္းအနားကို ဇူလိုင္(၇)ရက္ နံနက္ပိုင္းက မေကြးတကၠသိုလ္ေက်ာင္းသား သမဂၢရံုး ခန္းမတြင္  ပထမဆံုးအႀကိမ္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ သမဂၢအေဆာက္အဦဟာ ဒီေန႔ ဒီအခ်ိန္မွာပဲ အၿဖိဳခဲြခံခဲ့ရတယ္။ ၇ ၇ ၆၂ မေမ့ၾကနဲ႔ ဆိုတဲ့ အ တိုင္း ဒါကို မေမ့ေလ်ာ့ၾကေစခ်င္ဘူး။ တစ္ခ်ိဳ႕ေက်ာင္းသားေတြဆို ဒီျဖစ္ရပ္ဆိုးကို  မသိၾကေတာ့ဘူး။ အရင္ ႏွစ္ေတြတုန္းကေတာ့ ဒီလိုအခမ္းအနားမ်ိဳး လုပ္ခဲ့တာမရိွေပမယ့္ ဒီႏွစ္မွာေတာ့ ဒီလိုအခမ္းအနားမ်ိဳးေတြကို အခုလိုလုပ္မွ ဒီေန႔ဟာ ေက်ာင္းသားသမဂၢ အတြက္ မေမ့အပ္တဲ့ေန႔ဆိုတာကို ကြ်န္ေတာ္တို႔မ်ိဳးဆက္နဲ႔တကြ ေနာက္မ်ိဳးဆက္ေက်ာင္းသူေက်ာင္းသားေတြ သိရိွၾကမွာျဖစ္လို႔ အခုလို ကြ်န္ေတာ္တို႔ေက်ာင္းသားသမဂၢေတြ စုေပါင္းၿပီး ျပဳလုပ္ရတာပါ”ဟု မေကြးတကၠသိုလ္ေက်ာင္းသားသမဂၢ ဥကၠဌ ကိုထိန္လင္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခမ္းအနားတြင္ ႏိုင္ငံေတာ္အလံအားအေလးျပဳျခင္း၊ ၿဖိဳခဲြခံလိုက္ရသည့္ သမဂၢအေဆာက္အဦႏွင့္ က်ဆံုး ခဲ့ရေသာ ေက်ာင္းသား၊ ျပည္သူ၊ ရဟန္း၊ ရွင္၊ လူ အေပါင္းတို႔ကို ေအာက္ေမ့တမ္းသလြမ္းဆြတ္ျခင္း အားျဖင့္ တစ္မိနစ္ ၿငိမ္သက္ျခင္း၊ မေကြးတကၠသိုလ္ ပထဝီဝင္ဌာနမွ ေဒါက္တာေက်ာ္ခိုင္ဝင္းက 7 JULY သမိုင္း ေၾကာင္းအား ေျပာၾကားျခင္း၊ မေကြးၿမိဳ႕ေပၚတကၠသိုလ္(၅)ခု၊ မေကြး ပညာေရးေကာလိပ္ ၊ အစိုးရစက္မႈ လက္မႈသိပၸံေက်ာင္းႏွင့္ ေရနံေခ်ာင္းဒီဂရီေကာလိပ္တို႔မွ ေက်ာင္းသားသမဂၢမ်ားက သဝဏ္လႊာမ်ားဖတ္ ၾကားကာ ကဗ်ာ၊သီခ်င္းမ်ား ရြတ္ဆိုၾကေၾကာင္း သိရသည္။

အခမ္းအနားသို႔ တက္ေရာက္လာသည့္ ၈၈ မ်ိဳးဆက္ေက်ာင္းသားေဟာင္း၊ မေကြးေကာလိပ္ေက်ာင္းသား သမဂၢ အတြင္းေရးမွဴးတာဝန္ယူခဲ့သူ ဦးသာဒြန္းက “၁၉၆၂ ခုႏွစ္မွာ စစ္အာဏာရွင္ေတြက ေက်ာင္းသား သမဂၢအေဆာက္အဦကို ၿဖိဳခ်ခဲ့ေပမယ့္ ေက်ာင္းသားေတြရဲ႕ စိတ္ဓာတ္၊ သမဂၢ စိတ္ဓာတ္ေတြကေတာ့ ဘယ္ေတာ့မွ မၿပိဳက်ခဲ့ပါဘူး။ ကြ်န္ေတာ္တို႔ရဲ႕ ေနာင္ေတာ္ႀကီးေတြကေန ကြ်န္ေတာ္တို႔လက္ထက္၊ ကြ်န္ေတာ္တို႔ လက္ထက္ကေန ဒီေန႔ ေက်ာင္းသားေတြလက္ထက္ သမဂၢစိတ္ဓာတ္ေတြကို လက္ဆင့္ကမ္းလာခဲ့တာ အခုလို အေျခအေနအထိ ေက်ာင္းသားသမဂၢရဲ႕ ပံုရိပ္ကို ေဖာ္ေဆာင္ႏိုင္တဲ့ မ်ိဳးဆက္သစ္ေက်ာင္းသားေတြ ကို ေက်းဇူးတင္တယ္။ မ်ိဳးဆက္ေက်ာင္းသားေတြ ဒိထက္ညီညြတ္ၾကဖို႔ပဲ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

အဆိုပါ အခမ္းအနားအား ေဆးတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ အေျခခံက်န္းမာေရး တကၠသိုလ္၊ ကြန္ပ်ဴ တာတကၠသိုလ္၊ ပညာေရးေကာလိပ္၊ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္း ႏွင့္ မေကြးတကၠသိုလ္တို႔ရိွ ေက်ာင္း သားသမဂၢမ်ား ပထမဦးဆံုးအႀကိမ္ ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
 သတင္း/ဓာတ္ပံု- ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆဲဗင်းဇူလိုင်(7 JULY) အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်(၇)ရက် နံနက်ပိုင်းက မကွေးတက္ကသိုလ်ကျောင်းသား သမဂ္ဂရုံး ခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သမဂ္ဂအဆောက်အဦဟာ ဒီနေ့ ဒီအချိန်မှာပဲ အဖြိုခွဲခံခဲ့ရတယ်။ ၇ ၇ ၆၂ မမေ့ကြနဲ့ ဆိုတဲ့ အ တိုင်း ဒါကို မမေ့လျော့ကြစေချင်ဘူး။ တစ်ချို့ကျောင်းသားတွေဆို ဒီဖြစ်ရပ်ဆိုးကို မသိကြတော့ဘူး။ အရင် နှစ်တွေတုန်းကတော့ ဒီလိုအခမ်းအနားမျိုး လုပ်ခဲ့တာမရှိပေမယ့် ဒီနှစ်မှာတော့ ဒီလိုအခမ်းအနားမျိုးတွေကို အခုလိုလုပ်မှ ဒီနေ့ဟာ ကျောင်းသားသမဂ္ဂ အတွက် မမေ့အပ်တဲ့နေ့ဆိုတာကို ကျွန်တော်တို့မျိုးဆက်နဲ့တကွ နောက်မျိုးဆက်ကျောင်းသူကျောင်းသားတွေ သိရှိကြမှာဖြစ်လို့ အခုလို ကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ပြုလုပ်ရတာပါ”ဟု မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုထိန်လင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ဖြိုခွဲခံလိုက်ရသည့် သမဂ္ဂအဆောက်အဦနှင့် ကျဆုံး ခဲ့ရသော ကျောင်းသား၊ ပြည်သူ၊ ရဟန်း၊ ရှင်၊ လူ အပေါင်းတို့ကို အောက်မေ့တမ်းသလွမ်းဆွတ်ခြင်း အားဖြင့် တစ်မိနစ် ငြိမ်သက်ခြင်း၊ မကွေးတက္ကသိုလ် ပထဝီဝင်ဌာနမှ ဒေါက်တာကျော်ခိုင်ဝင်းက 7 JULY သမိုင်း ကြောင်းအား ပြောကြားခြင်း၊ မကွေးမြို့ပေါ်တက္ကသိုလ်(၅)ခု၊ မကွေး ပညာရေးကောလိပ်၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းနှင့် ရေနံချောင်းဒီဂရီကောလိပ်တို့မှ ကျောင်းသားသမဂ္ဂများက သဝဏ်လွှာများဖတ် ကြားကာ ကဗျာ၊သီချင်းများ ရွတ်ဆိုကြကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း၊ မကွေးကောလိပ်ကျောင်းသား သမဂ္ဂ အတွင်းရေးမှူးတာဝန်ယူခဲ့သူ ဦးသာဒွန်းက “၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင်တွေက ကျောင်းသား သမဂ္ဂအဆောက်အဦကို ဖြိုချခဲ့ပေမယ့် ကျောင်းသားတွေရဲ့ စိတ်ဓာတ်၊ သမဂ္ဂ စိတ်ဓာတ်တွေကတော့ ဘယ်တော့မှ မပြိုကျခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေကနေ ကျွန်တော်တို့လက်ထက်၊ ကျွန်တော်တို့ လက်ထက်ကနေ ဒီနေ့ ကျောင်းသားတွေလက်ထက် သမဂ္ဂစိတ်ဓာတ်တွေကို လက်ဆင့်ကမ်းလာခဲ့တာ အခုလို အခြေအနေအထိ ကျောင်းသားသမဂ္ဂရဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင်တဲ့ မျိုးဆက်သစ်ကျောင်းသားတွေ ကို ကျေးဇူးတင်တယ်။ မျိုးဆက်ကျောင်းသားတွေ ဒိထက်ညီညွတ်ကြဖို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ အခမ်းအနားအား ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ ကွန်ပျူ တာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း နှင့် မကွေးတက္ကသိုလ်တို့ရှိ ကျောင်း သားသမဂ္ဂများ ပထမဦးဆုံးအကြိမ် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
 သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net