ဆြီဒင္ႏုိင္ငံတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းရန္ ေလေၾကာင္းခရီးအစား ရထားအသံုးျပဳမႈမ်ားလာ

ဆြီဒင္ႏုိင္ငံတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းရန္ ေလေၾကာင္းခရီးအစား ရထားအသံုးျပဳမႈမ်ားလာ
ဇွန် 18, 2019
By 🌸
ဆြီဒင္ႏုိင္ငံတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းသည့္အေနျဖင့္ ေလယာဥ္ျဖင့္ခရီးထြက္ျခင္းအစား ရထားကို အသံုးျပဳမႈမ်ားလာေနေၾကာင္း သိရသည္။

ဆြီဒင္ႏုိင္ငံလူထုအတြင္း Flight Shame လႈပ္ရွားမႈေၾကာင့္ ေလဆိပ္မ်ားတြင္ ၂၀၁၉ ခုႏွစ္အတြင္း ခရီးသြားအေရအတြက္ (၈)ရာခုိင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း သိရသည္။

ရာသီဥတုေျပာင္းလဲမႈသိသာလာသည္ႏွင့္အမွ် ဆြီဒင္ႏုိင္ငံသားမ်ားက သဘာဝပတ္ဝန္းက်င္ထိခိုက္ႏုိင္သည့္ ခရီးသြားလာျခင္းကို ေလွ်ာ့ခ်လာၾကသည့္ အက်ိဳးဆက္အေနျဖင့္ လြန္ခဲ့သည့္ႏွစ္ ကာလတူႏွင့္ ႏိႈင္းယွဥ္ပါက ျပည္တြင္းေလေၾကာင္းလုိင္းမ်ားတြင္ ဧၿပီလအတြင္း (၁၅)ရာခုိင္ႏႈန္းအထိက်ဆင္းလာေၾကာင္း သိရသည္။

မၾကာမီက ေကာက္ယူခဲ့သည့္စစ္တမ္းအရ ဆြီဒင္ႏုိင္ငံသားေလးပံုတစ္ပံုက ကမၻာႀကီးအားကယ္တင္ရန္အတြက္ ေလယာဥ္မစီးရန္ဆံုးျဖတ္သည္ဟု ေျဖၾကားထားေၾကာင္း သိရသည္။

ဆြီဒင္ႏုိင္ငံသည္ ဥေရာပတြင္ ေလေၾကာင္းခရီးသြားလာမႈအမ်ားဆံုး တစ္ႏုိင္ငံျဖစ္ေသာ္လည္း ယခုႏွစ္ပိုင္းမွစ၍ ခရီးရွည္မ်ားကိုပင္ ရထားစီးနင္းလာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အကြာအေဝးတူခရီးအား ရထားမွ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လႊတ္မႈမွာ (၄၄)ကီလိုဂရမ္ရိွေသာ္လည္း ေလယာဥ္တစ္စီးမွ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ထုတ္လႊတ္မႈမွာ (၂၆၂) ကီလိုဂရမ္ထုတ္လႊင့္ႏုိင္ေၾကာင္း သိရသည္။

ဆြီဒင္ႏုိင္ငံသားမ်ားၾကားတြင္ ရထားျဖင့္ခရီးသြားျခင္းမွာ လူႀကိဳက္မ်ားလာၿပီး မိသားစုခရီးမ်ားတြင္ ကေလးမ်ားအား သဘာဝပတ္ဝန္းက်င္ရႈခင္းမ်ားကို ျပသႏုိင္သည့္ ရထားခရီးေရြးခ်ယ္လာၾကျခင္း၊ ႏုိင္ငံျဖတ္ေက်ာ္ခရီးမ်ားကိုပါ ရထားျဖင့္သြားလာလိုသူမ်ားလာျခင္းတုိ႔ေၾကာင့္ ဥေရာပႏုိင္ငံမ်ားကို ျဖတ္သန္းသြားလာသည့္ ညအိပ္ရထားခရီးစဥ္မ်ားကို ျပန္လည္ေျပးဆြဲရန္ ဆြီဒင္အစိုးရက စဥ္းစားလာၿပီျဖစ္ေၾကာင္း သိရသည္။

ရထားခရီးစဥ္မ်ားအတြက္ ဆြီဒင္အစိုးရက ယခုႏွစ္အတြင္း အေမရိကန္ေဒၚလာ (၅)သန္းအထိ ရင္းႏွီးျမဳပ္ႏွံထားၿပီျဖစ္ေၾကာင္း သိရသည္။

ယင္းအေျခအေနမ်ားေၾကာင့္ ေလေၾကာင္းလုပ္ငန္းမ်ားကလည္း ၂၀၅၀ ခုႏွစ္တြင္ ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်မည့္ ေလယာဥ္သစ္မ်ားကို အသံုးျပဳလာႏုိင္မည္ဟု ကတိျပဳေျပာၾကားလာေၾကာင္း သိရသည္။

Tachileik News Agency
Ref: World Economic Forum

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဆွီဒင်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လေကြောင်းခရီးအစား ရထားအသုံးပြုမှုများလာ
********************
ဆွီဒင်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်အနေဖြင့် လေယာဉ်ဖြင့်ခရီးထွက်ခြင်းအစား ရထားကို အသုံးပြုမှုများလာနေကြောင်း သိရသည်။

ဆွီဒင်နိုင်ငံလူထုအတွင်း Flight Shame လှုပ်ရှားမှုကြောင့် လေဆိပ်များတွင် ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားအရေအတွက် (၈)ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုသိသာလာသည်နှင့်အမျှ ဆွီဒင်နိုင်ငံသားများက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် ခရီးသွားလာခြင်းကို လျှော့ချလာကြသည့် အကျိုးဆက်အနေဖြင့် လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းလေကြောင်းလိုင်းများတွင် ဧပြီလအတွင်း (၁၅)ရာခိုင်နှုန်းအထိကျဆင်းလာကြောင်း သိရသည်။

မကြာမီက ကောက်ယူခဲ့သည့်စစ်တမ်းအရ ဆွီဒင်နိုင်ငံသားလေးပုံတစ်ပုံက ကမ္ဘာကြီးအားကယ်တင်ရန်အတွက် လေယာဉ်မစီးရန်ဆုံးဖြတ်သည်ဟု ဖြေကြားထားကြောင်း သိရသည်။

ဆွီဒင်နိုင်ငံသည် ဥရောပတွင် လေကြောင်းခရီးသွားလာမှုအများဆုံး တစ်နိုင်ငံဖြစ်သော်လည်း ယခုနှစ်ပိုင်းမှစ၍ ခရီးရှည်များကိုပင် ရထားစီးနင်းလာကြခြင်းဖြစ်ကြောင်း သိရသည်။

အကွာအဝေးတူခရီးအား ရထားမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမှာ (၄၄)ကီလိုဂရမ်ရှိသော်လည်း လေယာဉ်တစ်စီးမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမှာ (၂၆၂) ကီလိုဂရမ်ထုတ်လွှင့်နိုင်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံသားများကြားတွင် ရထားဖြင့်ခရီးသွားခြင်းမှာ လူကြိုက်များလာပြီး မိသားစုခရီးများတွင် ကလေးများအား သဘာဝပတ်ဝန်းကျင်ရှုခင်းများကို ပြသနိုင်သည့် ရထားခရီးရွေးချယ်လာကြခြင်း၊ နိုင်ငံဖြတ်ကျော်ခရီးများကိုပါ ရထားဖြင့်သွားလာလိုသူများလာခြင်းတို့ကြောင့် ဥရောပနိုင်ငံများကို ဖြတ်သန်းသွားလာသည့် ညအိပ်ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲရန် ဆွီဒင်အစိုးရက စဉ်းစားလာပြီဖြစ်ကြောင်း သိရသည်။

ရထားခရီးစဉ်များအတွက် ဆွီဒင်အစိုးရက ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၅)သန်းအထိ ရင်းနှီးမြုပ်နှံထားပြီဖြစ်ကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် လေကြောင်းလုပ်ငန်းများကလည်း ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချမည့် လေယာဉ်သစ်များကို အသုံးပြုလာနိုင်မည်ဟု ကတိပြုပြောကြားလာကြောင်း သိရသည်။

Tachileik News Agency
Ref: World Economic Forum

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net