အေမရိကန္ျပည္ေထာင္စုသို႔ ကုန္တင္သေဘၤာျဖင့္သယ္လာသည့္ ကိုကင္း (၁၆)တန္ခြဲ ဖမ္းဆီးရမိ

အေမရိကန္ျပည္ေထာင္စုသို႔ ကုန္တင္သေဘၤာျဖင့္သယ္လာသည့္ ကိုကင္း (၁၆)တန္ခြဲ ဖမ္းဆီးရမိ
ဇွန် 19, 2019
By 🌸
အေမရိကန္ျပည္ေထာင္စု ပန္ဆယ္ေဗးနီးယားျပည္နယ္ ဖီလာဒဲဖီးယားဆိပ္ကမ္းတြင္ ဆိုက္ကပ္ထားသည့္ ကုန္တင္သေဘၤာတြင္ ကိုကင္း (၁၆)တန္ခြဲကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၁၈)ရက္ေန႔ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိသျဖင့္ ျပည္နယ္တြင္း ပမာဏအမ်ားဆံုးဖမ္းဆီးရမိမႈျဖစ္ေၾကာင္း သိရသည္။

အဆိုပါ MSC Gayane ကုန္တင္သေဘၤာဝန္ထမ္းအဖြဲ႕အား ဖမ္းဆီးထားၿပီး စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ကိုကင္းမ်ားကို ကုန္တင္သေဘၤာေပၚရိွ ကြန္တိန္နာ (၇)လံုးတြင္ ထည့္သြင္းထားသည္ကို အနံ႔ခံေခြးမ်ားအကူအညီျဖင့္ စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ၿပီး ခန္႔မွန္းတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၁)ဘီလီယံရိွမည္ျဖစ္ေၾကာင္း သိရသည္။

ကိုကင္းမ်ားကို သေဘၤာဝန္ထမ္းအခ်ိဳ႕၏အကူအညီျဖင့္ ပနားမားႏွင့္ ေကာ္ရိုနယ္ၾကား ခုတ္ေမာင္းေနစဥ္ သေဘၤာငယ္ (၆)စီးျဖင့္ လည္းေကာင္း၊ ေကာ္ရိုနယ္၊ ပီရူးႏွင့္ ပနားမားၾကားခုတ္ေမာင္းစဥ္ သေဘၤာငယ္ (၈)စီးျဖင့္လည္းေကာင္း ညပိုင္းအခ်ိန္မ်ားတြင္ ခ်ဥ္းကပ္တင္ေဆာင္ခဲ့ျခင္းျဖစ္သည္ဟု သေဘၤာဝန္ထမ္းတစ္ဦးက ထြက္ဆိုထားေၾကာင္း သိရသည္။

လိုက္ဘီးယားအလံလႊင့္တင္ထားသည့္ အဆုိပါ ကုန္တင္သေဘၤာသည္ ေမလ(၁၉)ရက္ေန႔က ကိုလမ္ဘီယာ၊ ေမလ (၂၄)ရက္ေန႔က ပီရူး၊ ဇြန္လ (၉)ရက္ေန႔က ပနားမားႏွင့္ ဇြန္လ (၁၃)ရက္ေန႔တြင္ ဘဟားမားဆိပ္ကမ္းမ်ားကို ဆုိက္ကပ္ခဲ့ၿပီး ဖီလာဒဲဖီးယားဆိပ္ကမ္းသို႔ ဇြန္လ (၁၇)ရက္ေန႔ နံနက္(၅)နာရီက ဆိုက္ကပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: AP News, NBC News, abc News

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အမေရိကန်ပြည်ထောင်စုသို့ ကုန်တင်သင်္ဘောဖြင့်သယ်လာသည့် ကိုကင်း (၁၆)တန်ခွဲ ဖမ်းဆီးရမိ
**************
အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောတွင် ကိုကင်း (၁၆)တန်ခွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိသဖြင့် ပြည်နယ်တွင်း ပမာဏအများဆုံးဖမ်းဆီးရမိမှုဖြစ်ကြောင်း သိရသည်။

အဆိုပါ MSC Gayane ကုန်တင်သင်္ဘောဝန်ထမ်းအဖွဲ့အား ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကိုကင်းများကို ကုန်တင်သင်္ဘောပေါ်ရှိ ကွန်တိန်နာ (၇)လုံးတွင် ထည့်သွင်းထားသည်ကို အနံ့ခံခွေးများအကူအညီဖြင့် စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁)ဘီလီယံရှိမည်ဖြစ်ကြောင်း သိရသည်။

ကိုကင်းများကို သင်္ဘောဝန်ထမ်းအချို့၏အကူအညီဖြင့် ပနားမားနှင့် ကော်ရိုနယ်ကြား ခုတ်မောင်းနေစဉ် သင်္ဘောငယ် (၆)စီးဖြင့် လည်းကောင်း၊ ကော်ရိုနယ်၊ ပီရူးနှင့် ပနားမားကြားခုတ်မောင်းစဉ် သင်္ဘောငယ် (၈)စီးဖြင့်လည်းကောင်း ညပိုင်းအချိန်များတွင် ချဉ်းကပ်တင်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သင်္ဘောဝန်ထမ်းတစ်ဦးက ထွက်ဆိုထားကြောင်း သိရသည်။

လိုက်ဘီးယားအလံလွှင့်တင်ထားသည့် အဆိုပါ ကုန်တင်သင်္ဘောသည် မေလ(၁၉)ရက်နေ့က ကိုလမ်ဘီယာ၊ မေလ (၂၄)ရက်နေ့က ပီရူး၊ ဇွန်လ (၉)ရက်နေ့က ပနားမားနှင့် ဇွန်လ (၁၃)ရက်နေ့တွင် ဘဟားမားဆိပ်ကမ်းများကို ဆိုက်ကပ်ခဲ့ပြီး ဖီလာဒဲဖီးယားဆိပ်ကမ်းသို့ ဇွန်လ (၁၇)ရက်နေ့ နံနက်(၅)နာရီက ဆိုက်ကပ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: AP News, NBC News, abc News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net