
ဇှနျ 16, 2019
By 🌸





Ref: The Nation
ဓါတ်ပုံ -kaokonlakao

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းဆေးရုံငယ် (၈)ခုအတွက် ရော့ခ်စတား တွန်းဘော်ဒိဆလဲန်းမ်၏ ရန်ပုံငွေမာရသွန် ပထမတစ်နာရီအတွင်း အလှူငွေဘတ် (၁၅)သန်းရရှိ
*****************
ဆေးရုံငယ်များတွင် လိုအပ်သည့်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ထိုင်း ရော့ခ်စတား နိုင်းအထိ၀ရာခုံးမားလိုင်း ( တွန်း ဘော်ဒိဆလဲန်းမ် )ဦးဆောင်သည့် ရန်ပုံငွေမာရသွန်ကို အရှေ့မြောက်ပိုင်းပြည်နယ် နွန်ခွိုင်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့ နံနက်(၅)နာရီကစတင်လိုက်ရာ မာရသွန်၏ပထမတစ်နာရီအတွင်း အလှူငွေဘတ် (၁၅)သန်းရရှိကြောင်း သိရသည်။

လာအို - ထိုင်းချစ်ကြည်ရေးတံတားတွင် စတင်သည့် အဆိုပါရန်ပုံငွေ မာရသွန်စတင်သည့်အခမ်းအနားတွင် နွန်ခွိုင်အုပ်ချုပ်ရေးမှူးက တက်ရောက်ဖွင့်လှစ်ပေးပြီး မာရသွန်၏ရည်ရွယ်ချက်ကို အထိဝရာကရှင်းလင်းခဲ့ကြောင်း သိရသည်။

နွန်ခွိုင်မှ ခွန်ခမ်အထိ (၁၇၅)ကီလိုမီတာမာရသွန်မှ ရရှိသည့်အလှူငွေများကို ဆေးရုံငယ် (၈)ခုတွင် လိုအပ်သည့် စက်ပစ္စည်းများဝယ်ယူရေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အထိဝရာ၏ ရန်ပုံငွေမာရသွန်များတွင် အကြီးအကျယ်အောင်မြင်မှုရခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဆေးရုံများအတွက် ရန်ပုံငွေ စုစုပေါင်းဘတ် (၁.၆)ဘီလီယံကိုရှာဖွေပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ရော့ခ်စတား၏ ရန်ပုံငွေမာရသွန်ကို Netflix ကလည်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေကြောင်း သိရသည်။

Ref: The Nation
ဓါတ်ပုံ -kaokonlakao

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net