ပဋိပကၡမ်ားအား စီမံခန္႔ခြဲျခင္းႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေထာက္အကူေပးေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပ

ပဋိပကၡမ်ားအား စီမံခန္႔ခြဲျခင္းႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေထာက္အကူေပးေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲ က်င္းပ
ဇွန် 18, 2019
By 🌸
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ ပဋိပကၡမ်ားအား စီမံခန္႔ခြဲျခင္းႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အား အေထာက္အကူေပးေရးဆိုင္ရာ လုပ္ငန္းမ်ားဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲကို ဖင္လန္ႏိုင္ငံအေျခစိုက္ Crisis Management Initiative (CMI) ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) ႐ုံးအဖြဲ႔တို႔က ရန္ကုန္ၿမိဳ႕၌  ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၇) ရက္ႏွင့္ (၁၈) ရက္ႏွစ္ရက္တာ က်င္းပသည္။

အလုပ္႐ုံေဆြးေႏြးပြဲသို႔ CMI မွ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္ႏိုင္ငံသံ႐ုံးမွ ေကာင္စစ္ဝန္ မစၥ ကာတီရား ဟာဗိုနမ္ ႏွင့္ JMC အဆင့္ဆင့္မွ ႐ုံးဝန္ထမ္းမ်ား ပါဝင္တက္ေရာက္ၾကေၾကာင္း သိရသည္။

ေဆြးေႏြးပြဲ၌ CMI မွ ပညာရွင္မ်ားျဖစ္ေသာ ေနာ္ေဝႏိုင္ငံမွ အၿငိမ္းစားဗိုလ္မွဴးခ်ဳပ္ Jan Erik Wilhelmsen ႏွင့္ ဖင္လန္ႏိုင္ငံမွ အၿငိမ္းစားဗိုလ္ခ်ဳပ္ Jaakko Oksanen တို႔က အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ႏွင့္ နီေပါႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားမွ အေတြ႔အႀကံဳႏွင့္ သင္ခန္းစာမ်ား၊ ပဋိပကၡ စီမံခန္႔ခြဲေရးဆိုင္ရာ နည္းနာမ်ားအား ရွင္းလင္း ေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

Crisis Management Initiative (CMI) သည္ ဖင္လန္ႏိုင္ငံ အေျခစိုက္ ပညာရွင္အဖြဲ႔အစည္းျဖစ္ၿပီး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) အား နည္းပညာပိုင္းဆိုင္ရာ အေထာက္အကူ ေပးအပ္ေနေသာ အဖြဲ႔ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -JMC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပဋိပက္ခများအား စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
************
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပဋိပက္ခများအား စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အထောက်အကူပေးရေးဆိုင်ရာ လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative (CMI) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရုံးအဖွဲ့တို့က ရန်ကုန်မြို့၌  ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇) ရက်နှင့် (၁၈) ရက်နှစ်ရက်တာ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ CMI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံရုံးမှ ကောင်စစ်ဝန် မစ္စ ကာတီရား ဟာဗိုနမ် နှင့် JMC အဆင့်ဆင့်မှ ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ CMI မှ ပညာရှင်များဖြစ်သော နော်ဝေနိုင်ငံမှ အငြိမ်းစားဗိုလ်မှူးချုပ် Jan Erik Wilhelmsen နှင့် ဖင်လန်နိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Jaakko Oksanen တို့က အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် နီပေါနိုင်ငံတို့ အပါအဝင် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ အတွေ့အကြုံနှင့် သင်ခန်းစာများ၊ ပဋိပက္ခ စီမံခန့်ခွဲရေးဆိုင်ရာ နည်းနာများအား ရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

Crisis Management Initiative (CMI) သည် ဖင်လန်နိုင်ငံ အခြေစိုက် ပညာရှင်အဖွဲ့အစည်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အား နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပေးအပ်နေသော အဖွဲ့ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -JMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net