ထိုင္းလူငယ္တစ္ဦး ရဲစခန္းတြင္း ေဖါက္ထြင္းဝင္ကာ ရဲကားခိုးယူသြားၿပီး ႏွစ္နာရီအၾကာတြင္ လမ္းေဘးမီးတုိင္ဝင္တုိက္မိ၍ အဖမ္းခံရ

ထိုင္းလူငယ္တစ္ဦး ရဲစခန္းတြင္း ေဖါက္ထြင္းဝင္ကာ ရဲကားခိုးယူသြားၿပီး ႏွစ္နာရီအၾကာတြင္ လမ္းေဘးမီးတုိင္ဝင္တုိက္မိ၍ အဖမ္းခံရ
မေ 27, 2019
By 🌸
ထိုင္းႏုိင္ငံ၊ ဆူရတ္ဌာနီရဲတပ္ဖြဲ႕၏ကားတစ္စီးကို စိတ္ၾကြေဆးသံုးထားသည့္ အသက္(၂၀)အရြယ္ ထုိင္းလူငယ္က ခိုးယူသြားၿပီး လမ္းေဘးမီးတုိင္ကို ဝင္တုိက္မိသျဖင့္ ရဲတပ္ဖြဲ႕က ျပန္လည္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ရဲစခန္း ကားရပ္နားရန္ေနရာတြင္ ရပ္ထားသည့္ကားကို ေမလ (၂၅)ရက္ေန႔ည (၁၁)နာရီဝန္းက်င္ ခိုးယူသြားျခင္းျဖစ္ၿပီး ေမလ (၂၆)ရက္ေန႔ နံနက္ (၁)နာရီဝန္းက်င္တြင္ လမ္းေဘးမီးတုိင္ကို ဝင္တုိက္ထားသည့္ ကားကို ရဲတပ္ဖြဲ႕က ျပန္ေတြ႔ရၿပီး ကားခိုးသြားသူမွာ ဒဏ္ရာအနည္းငယ္ရထားေၾကာင္း သိရသည္။

ကားခိုးသည့္လူငယ္က ရဲစခန္းအတြင္း ျပတင္းေပါက္မွ ခိုးဝင္ၿပီး ကားေသာ့ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကားခိုးသြားသည့္လူငယ္အား ဆီးစစ္ရာ စိတ္ၾကြေဆးျပားသံုးထားေၾကာင္း ေတြ႔ရသျဖင့္ မူးယစ္ေဆးမႈ၊ ရဲစခန္းတြင္း ေဖာက္ထြင္းဝင္ေရာက္မႈ၊ ကားခိုးမႈ၊ ကားတုိက္မႈတို႔ျဖင့္ အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation



~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းလူငယ်တစ်ဦး ရဲစခန်းတွင်း ဖေါက်ထွင်းဝင်ကာ ရဲကားခိုးယူသွားပြီး နှစ်နာရီအကြာတွင် လမ်းဘေးမီးတိုင်ဝင်တိုက်မိ၍ အဖမ်းခံရ
**************
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီရဲတပ်ဖွဲ့၏ကားတစ်စီးကို စိတ်ကြွဆေးသုံးထားသည့် အသက်(၂၀)အရွယ် ထိုင်းလူငယ်က ခိုးယူသွားပြီး လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိသဖြင့် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရဲစခန်း ကားရပ်နားရန်နေရာတွင် ရပ်ထားသည့်ကားကို မေလ (၂၅)ရက်နေ့ည (၁၁)နာရီဝန်းကျင် ခိုးယူသွားခြင်းဖြစ်ပြီး မေလ (၂၆)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်တွင် လမ်းဘေးမီးတိုင်ကို ဝင်တိုက်ထားသည့် ကားကို ရဲတပ်ဖွဲ့က ပြန်တွေ့ရပြီး ကားခိုးသွားသူမှာ ဒဏ်ရာအနည်းငယ်ရထားကြောင်း သိရသည်။

ကားခိုးသည့်လူငယ်က ရဲစခန်းအတွင်း ပြတင်းပေါက်မှ ခိုးဝင်ပြီး ကားသော့ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားခိုးသွားသည့်လူငယ်အား ဆီးစစ်ရာ စိတ်ကြွဆေးပြားသုံးထားကြောင်း တွေ့ရသဖြင့် မူးယစ်ဆေးမှု၊ ရဲစခန်းတွင်း ဖောက်ထွင်းဝင်ရောက်မှု၊ ကားခိုးမှု၊ ကားတိုက်မှုတို့ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net