
မေ 28, 2019
By 🌸



Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ ပထုန်ကမ်းခြေတွင် မြန်မာလူငယ် (၁၀၀)နီးပါး အုပ်စုဖွဲ့၍ ဓါးများဖြင့်တိုက်ခိုက်မှုဖြစ်ပွား
************
ထိုင်းနိုင်ငံ ပထုန်ကမ်းခြေတွင် မြန်မာလူငယ် (၁၀၀)နီးပါး အုပ်စုဖွဲ့၍ ဓါးများဖြင့် အချင်းချင်းတိုက်ခိုက်မှု ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့ ညလယ်ပိုင်းကဖြစ်ပွားသွားကြောင်း Baywatch team Patong & Patong development foundation က facebook page တွင် တင်ထားသည်ကို ကိုးကား၍ ထိုင်းသတင်းဌာနက ဖေါ်ပြထားသည်ကို တွေ့ရသည်။

ဓါးတို၊ ဓါးရှည်များကိုင်ထားသည့် မြန်မာလူငယ်များဖြစ်သည်ဟု Baywatch team Patong & Patong development foundation က ဖေါ်ပြထားခြင်းဖြစ်ပြီး အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့က လာရောက်ထိန်းသိမ်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏတွေ့ရသော်လည်း ယခုကဲ့သို့ လူဦးရေအများအပြားပါဝင်ခဲ့မှုမရှိခဲ့ကြောင်း ကမ်းခြေထိန်းသိမ်းရေးအဖွဲ့က ရေးသားထားသည်။

Tachileik News Agency
Ref: Baywatch team Patong & Patong development foundation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net