အပူခ်ိန္လြန္ကဲမႈေၾကာင့္ ေရႊစက္ေတာ္ေဘးမဲ့ေတာရွိ ျမန္မာ့ၾကယ္လိပ္ (၆၀)ေက်ာ္ ေသဆံုးသြား၍ က်န္ရွိသည့္ လိပ္မ်ား ေသဆံုးမႈ မျဖစ္ေစရန္ အစာေရစာႏွင့္အတူ က်န္းမာေရး ေစာင့္ေရွာက္ထားရ

အပူခ်ိန္လြန္ကဲမႈေၾကာင့္ ေရႊစက္ေတာ္ေဘးမဲ့ေတာရွိ ျမန္မာ့ၾကယ္လိပ္ (၆၀)ေက်ာ္ ေသဆံုးသြား၍ က်န္ရွိသည့္ လိပ္မ်ား ေသဆံုးမႈ မျဖစ္ေစရန္ အစာေရစာႏွင့္အတူ က်န္းမာေရး ေစာင့္ေရွာက္ထားရ
မေ 27, 2019
By Tachileik News Agency

အပူခ်ိန္လြန္ကဲျခင္း ႏွင့္အတူ အစာေရစာ ျပတ္လပ္မႈတို႔ေၾကာင့္ မေကြးတိုင္း ေရႊစက္ေတာ္ေဘးမဲ့ေတာရိွ ရွားပါး ျမန္မာ့ ၾကယ္လိပ္အေကာင္ (၆၀) ေက်ာ္ ေမလအတြင္း ေသဆံုးသြား၍ က်န္ရွိသည့္ လိပ္မ်ား ထပ္မံေသဆံုးမႈ မျဖစ္ပြားေစရန္ က်န္းမာေရးႏွင့္အတူ အစာေရစာမ်ားျဖင့္ ေစာင့္ေရွာက္ေပးထားရေၾကာင္း သိရသည္။

“(၃)(၄)ႏွစ္သားအရြယ္ ၾကယ္လိပ္အေကာင္(၆၅၀)ကို မူရင္းေဒသျဖစ္တဲ့ ေရႊစက္ေတာ္ေဘးမဲ့ေတာထဲ ကို တတိယအႀကိမ္ေျမာက္အျဖစ္ ေဖေဖာ္ဝါရီလထဲမွာ ျပန္လႊတ္ေပးခဲ့တာပါ။ ရာသီဥတုက ပူျပင္းလြန္းတာ ေၾကာင့္ အစာေရစာျပတ္လပ္ၿပီး ေသဆံုးရတာျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရပါတယ္။ ေမြးတုန္းက အစားအ ေသာက္ကို အဆင္သင့္ေကၽြးေမြးထားတာျဖစ္လို႔ ျပန္လႊတ္ေပးတဲ့အခါမွာ သဘာဝအတိုင္း အစာရွာေဖြစား ေသာက္ႏိုင္ေအာင္ ေလ့က်င့္ေပးတဲ့အေနနဲ႔ အစာေကၽြးမႈစနစ္ကို ျဖတ္ေတာက္ရပါတယ္။ အဲဒီအခါ ရာသီ ဥတုက အလြန္ပူျပင္းတာနဲ႔သြားေတြ႔ေတာ့ အစာေရစာ ျပတ္လပ္တာေတြ ေရဓာတ္ခန္းေျခာက္တာ ေတြျဖစ္ၿပီး ေသဆံုးရတာပါ”ဟု ေရႊစက္ေတာ္ေဘးမဲ့ေတာ ဦးစီးအရာရိွ ဦးသိန္းလြင္က ေျပာသည္။

ေသဆံုးမႈျဖစ္ပြားသည့္ ၾကယ္လိပ္မ်ားမွာ (၃)ႏွစ္သား၊(၄)ႏွစ္သားအရြယ္မ်ားျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ေမလ(၁၀) ရက္ေန႔က  ေသဆံုးေနသည္ကို စတင္ေတြ႔ရိွရ၍ တစ္ပတ္တစ္ႀကိမ္သြားေရာက္စစ္ေဆးမႈအရ အေကာင္ေရ (၆၂)ေကာင္ ေသဆံုးေၾကာင္း သိရၿပီး ထပ္မံေသဆံုးမႈ မျဖစ္ပြားေစရန္ လိုအပ္သည့္ေဆးဝါး ကုသမႈ မ်ားျပဳလုပ္ေပးကာ ေရဓာတ္ခန္းေျခာက္မႈႏွင့္ အစာျပတ္လပ္မႈကို ကာကြယ္ႏိုင္ရန္ အပူဒဏ္သက္သာ ေစသည့္ ထန္းလက္မိုးမ်ား၏ ေအာက္တြင္ ထားရိွျခင္း၊ ဖရဲသီးႏွင့္ ကန္စြန္းရြက္မ်ားကို ေကၽြးေမြးျခင္း၊ ဂလူးကို႔စ္ ေဆးထိုးေပးျခင္း၊ ေရစိမ္ေပးျခင္း မ်ား ေဆာင္ရြက္ေပးလွ်က္ရိွေၾကာင္း သိရသည္။

ျမန္မာ့ရွားပါးမ်ိဳးစိတ္ဝင္ ၾကယ္လိပ္မ်ားကို ၁၉၉၅ ခုႏွစ္တြင္ စတင္သုေတသနျပဳလုပ္ခဲ့ျခင္းျဖစ္ရာ ထိုအခ်ိန္က ၾကယ္လိပ္မ်ားမွာ မေတြ႔ရေတာ့သေလာက္ပင္ရိွေနၿပီျဖစ္၍ စီမံခ်က္တစ္ခု ေရးဆဲြကာ ေရႊစက္ေတာ္ ေဘးမဲ့ေတာ၌ ၾကယ္လိပ္ထိန္းသိမ္းေမြးျမဴေရးလုပ္ငန္း စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အျခား ေဘးမဲ့ေတာ(၂)ခု တြင္လည္း ၾကယ္လိပ္မ်ားကို ေမြးျမဴခဲ့ရာ ယခုအခါ ၾကယ္လိပ္အေကာင္ေရ (၁,၇၅၀)ကို မူရင္းေဒသျဖစ္သည့္ ေရႊစက္ေတာ္ေဘးမဲ့ေတာ၌ ျပန္လည္လႊတ္ေပးထားၿပီး ျဖစ္ေၾကာင္း သိရသည္။

ၾကယ္လိပ္မ်ားမ်ိဳးသုန္းမႈေဘးမွ  ကာကြယ္လွ်က္ရိွေနသကဲ့သို႔ မ်ိဳးဆက္ျပန္႔ပြားေရးအတြက္လည္း ေဆာင္ ရြက္လွ်က္ရိွရာ အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္မႈရရိွေနေၾကာင္း သိရၿပီး ၂၀၁၉ခုႏွစ္ ေမလ(၂၀) ရက္ေန႔ကလလည္း ၾကယ္လိပ္(၆၃)ေကာင္ ထပ္မံေပါက္ဖြားခဲ့ေၾကာင္းသိရသည္။

မေကြးတိုင္း မင္းဘူးခရိုင္အတြင္း တည္ရိွသည့္ ေရႊစက္ေတာ္ေဘးမဲ့ေတာမွာ အက်ယ္အဝန္း ဧရိယာ ဧက (၁)သိန္း(၁)ေသာင္းေက်ာ္ရိွၿပီး (၂)ဧကခဲြခန္႔ကို ျခံခတ္၍ ၾကယ္လိပ္မ်ားအား ေမြးျမဴထားျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု -  ေရႊစက္ေတာ္ေဘးမဲ့ေတာဦးစီးဌာန


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အပူချိန်လွန်ကဲခြင်း နှင့်အတူ အစာရေစာ ပြတ်လပ်မှုတို့ကြောင့် မကွေးတိုင်း ရွှေစက်တော်ဘေးမဲ့တောရှိ ရှားပါး မြန်မာ့ ကြယ်လိပ်အကောင် (၆၀) ကျော် မေလအတွင်း သေဆုံးသွား၍ ကျန်ရှိသည့် လိပ်များ ထပ်မံသေဆုံးမှု မဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အတူ အစာရေစာများဖြင့် စောင့်ရှောက်ပေးထားရကြောင်း သိရသည်။

“(၃)(၄)နှစ်သားအရွယ် ကြယ်လိပ်အကောင်(၆၅၀)ကို မူရင်းဒေသဖြစ်တဲ့ ရွှေစက်တော်ဘေးမဲ့တောထဲ ကို တတိယအကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလထဲမှာ ပြန်လွှတ်ပေးခဲ့တာပါ။ ရာသီဥတုက ပူပြင်းလွန်းတာ ကြောင့် အစာရေစာပြတ်လပ်ပြီး သေဆုံးရတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ မွေးတုန်းက အစားအ သောက်ကို အဆင်သင့်ကျွေးမွေးထားတာဖြစ်လို့ ပြန်လွှတ်ပေးတဲ့အခါမှာ သဘာဝအတိုင်း အစာရှာဖွေစား သောက်နိုင်အောင် လေ့ကျင့်ပေးတဲ့အနေနဲ့ အစာကျွေးမှုစနစ်ကို ဖြတ်တောက်ရပါတယ်။ အဲဒီအခါ ရာသီ ဥတုက အလွန်ပူပြင်းတာနဲ့သွားတွေ့တော့ အစာရေစာ ပြတ်လပ်တာတွေ ရေဓာတ်ခန်းခြောက်တာ တွဖြေစ်ပြီး သေဆုံးရတာပါ”ဟု ရွှေစက်တော်ဘေးမဲ့တော ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။

သေဆုံးမှုဖြစ်ပွားသည့် ကြယ်လိပ်များမှာ (၃)နှစ်သား၊(၄)နှစ်သားအရွယ်များဖြစ်ပြီး ၂၀၁၉ခုနှစ် မေလ(၁၀) ရက်နေ့က သေဆုံးနေသည်ကို စတင်တွေ့ရှိရ၍ တစ်ပတ်တစ်ကြိမ်သွားရောက်စစ်ဆေးမှုအရ အကောင်ရေ (၆၂)ကောင် သေဆုံးကြောင်း သိရပြီး ထပ်မံသေဆုံးမှု မဖြစ်ပွားစေရန် လိုအပ်သည့်ဆေးဝါး ကုသမှု များပြုလုပ်ပေးကာ ရေဓာတ်ခန်းခြောက်မှုနှင့် အစာပြတ်လပ်မှုကို ကာကွယ်နိုင်ရန် အပူဒဏ်သက်သာ စေသည့် ထန်းလက်မိုးများ၏ အောက်တွင် ထားရှိခြင်း၊ ဖရဲသီးနှင့် ကန်စွန်းရွက်များကို ကျွေးမွေးခြင်း၊ ဂလူးကို့စ် ဆေးထိုးပေးခြင်း၊ ရေစိမ်ပေးခြင်း များ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မြန်မာ့ရှားပါးမျိုးစိတ်ဝင် ကြယ်လိပ်များကို ၁၉၉၅ ခုနှစ်တွင် စတင်သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ရာ ထိုအချိန်က ကြယ်လိပ်များမှာ မတွေ့ရတော့သလောက်ပင်ရှိနပြေီဖြစ်၍ စီမံချက်တစ်ခု ရေးဆွဲကာ ရွှေစက်တော် ဘေးမဲ့တော၌ ကြယ်လိပ်ထိန်းသိမ်းမွေးမြူရေးလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခြား ဘေးမဲ့တော(၂)ခု တွင်လည်း ကြယ်လိပ်များကို မွေးမြူခဲ့ရာ ယခုအခါ ကြယ်လိပ်အကောင်ရေ (၁,၇၅၀)ကို မူရင်းဒေသဖြစ်သည့် ရွှေစက်တော်ဘေးမဲ့တော၌ ပြန်လည်လွှတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ကြယ်လိပ်များမျိုးသုန်းမှုဘေးမှ ကာကွယ်လျှက်ရှိနေသကဲ့သို့ မျိုးဆက်ပြန့်ပွားရေးအတွက်လည်း ဆောင် ရွက်လျှက်ရှိရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေကြောင်း သိရပြီး ၂၀၁၉ခုနှစ် မေလ(၂၀) ရက်နေ့ကလလည်း ကြယ်လိပ်(၆၃)ကောင် ထပ်မံပေါက်ဖွားခဲ့ကြောင်းသိရသည်။

မကွေးတိုင်း မင်းဘူးခရိုင်အတွင်း တည်ရှိသည့် ရွှေစက်တော်ဘေးမဲ့တောမှာ အကျယ်အဝန်း ဧရိယာ ဧက (၁)သိန်း(၁)သောင်းကျော်ရှိပြီး (၂)ဧကခွဲခန့်ကို ခြံခတ်၍ ကြယ်လိပ်များအား မွေးမြူထားခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရွှေစက်တော်ဘေးမဲ့တောဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net