မေကြးတုိင္းအတြင္း သဲ၊ေက်ာက္စရစ္မ်ားကို လုပ္ငန္းရွင္မ်ားႏွင့္ ေကာ္မတီတို႔ ညိႇႏိႈင္း သတ္မွတ္ေစ်းႏႈန္းအတုိင္းသာ ေရာင္းခ်ရမည္

မေကြးတုိင္းအတြင္း သဲ၊ေက်ာက္စရစ္မ်ားကို လုပ္ငန္းရွင္မ်ားႏွင့္ ေကာ္မတီတို႔ ညိႇႏိႈင္း သတ္မွတ္ေစ်းႏႈန္းအတုိင္းသာ ေရာင္းခ်ရမည္
ဧပြီ 13, 2019
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း ျမစ္၊ေခ်ာင္းမ်ားမွ သဲ၊ေက်ာက္စရစ္ထုတ္လုပ္ငန္းမ်ားအေနျဖင့္ သဲ၊ေက်ာက္စရစ္မ်ားကို လုပ္ငန္းရွင္မ်ားႏွင့္ ေကာ္မတီတို႔ ညိႇႏိႈင္းသတ္မွတ္ထားသည့္ ေစ်းႏႈန္းအတိုင္းသာ ေရာင္းခ်ၾကရမည္ျဖစ္ၿပီး တိုး၍၊ေလွ်ာ့၍ေရာင္းခ်ျခင္းမ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေစ်းႏွဳန္းတည္ျငိမ္မႈရိွေစဖို႔ ထိန္းခ်ဳပ္ေဆာင္ရြက္တဲ့ေနရာမွာ လုပ္ငန္းရွင္ေတြ မေရာင္းႏိုင္တဲ့ေစ်းႏွဳန္းကို ဇြတ္အတင္းသတ္မွတ္တာမ်ိဳးမဟုတ္ဘဲ သူတို႔ရဲ႕ ထုတ္လုပ္မႈစရိတ္၊ လုပ္ငန္းရွင္အသင္း သာေရးနာေရးရန္ ပံုေငြ၊ ဇံုေနရာအပိုင္းအျခားအလိုက္ သယ္ေဆာင္စရိတ္၊ လုပ္သားခ၊ အစိုးရကိုေပးေဆာင္ရမယ့္ အခြန္အခ အဲဒါေတြကို တြက္ခ်က္ၿပီး အျမတ္ဘယ္ေလာက္ဆိုရင္ သင့္ေတာ္မယ္ဆိုတာ ညိွႏိွဳင္းဆံုးျဖတ္ၾကတာပါ။ လုပ္ငန္းရွင္ကပဲ တိုက္ရိုက္လုပ္လုပ္၊ အျပင္လူကပဲလုပ္လုပ္ သတ္မွတ္ေစ်းႏွဳန္းအတိုင္းသာ ေရာင္းခ်ရမွာ ျဖစ္ၿပီး စည္းကမ္းေဖာက္ဖ်က္မႈရိွတယ္ဆိုရင္ သယ္ေဆာင္တဲ့ယာဥ္နဲ႔ ယာဥ္ပိုင္ရွင္ကိုပါ အေရးယူမွာပါ”ဟု မေကြးတိုင္းေဒသႀကီး ဆိပ္ကမ္းမ်ား၊ သေဘၤာဆိပ္မ်ား၊ ဆိပ္ခံမ်ား စီမံခန္႔ခဲြမႈေကာ္မတီအတြင္းေရးမွဴး၊ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန တိုင္းဦးစီးမွဴး ဦးေဇာ္လြင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။ 

ေဒသတြင္းမွထုတ္လုပ္သည့္ သဲ၊ေက်ာက္စရစ္ထုတ္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ၾကပ္မတ္ေဆာင္ရြက္ႏုိင္ရန္ ၿမိဳ႕နယ္မ်ားအလိုက္ ေဒသဆိုင္ရာဆိပ္ကမ္းမ်ား၊ သေဘၤာဆိပ္မ်ား၊ ဆိပ္ခံမ်ား စီမံခန္႔ခဲြမႈေကာ္မတီမ်ားအား ဖြဲ႕စည္းလုပ္ေဆာင္ေနျခင္းျဖစ္ရာ ၿမိဳ႕နယ္(၂၅)ၿမိဳ႕နယ္အနက္ (၂၂)ၿမိဳ႕နယ္တြင္ ေကာ္မတီမ်ားဖြဲ႕စည္းၿပီး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေကာ္မတီမ်ားက သဲ၊ေက်ာက္စရစ္ေစ်းႏႈန္းသတ္မွတ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ မတ္လပိုင္းမွ စတင္လုပ္ေဆာင္ခဲ့ၿပီး ေက်ာက္စရစ္ တစ္က်င္းလွ်င္ က်ပ္ (၂၃၀၀၀)၊ သဲတစ္က်င္းလွ်င္ က်ပ္ (၇၀၀၀) ႏႈန္းသတ္မွတ္ေပးထားေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္
 
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းအတွင်း သဲ၊ကျောက်စရစ်များကို  လုပ်ငန်းရှင်များနှင့် ကော်မတီတို့ ညှိနှိုင်း သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရမည်
**************
မကွေးတိုင်းဒေသကြီးအတွင်း မြစ်၊ချောင်းများမှ သဲ၊ကျောက်စရစ်ထုတ်လုပ်ငန်းများအနေဖြင့် သဲ၊ကျောက်စရစ်များကို လုပ်ငန်းရှင်များနှင့် ကော်မတီတို့ ညှိနှိုင်းသတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းသာ ရောင်းချကြရမည်ဖြစ်ပြီး တိုး၍၊လျှော့၍ရောင်းချခြင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဈေးနှုန်းတည်ငြိမ်မှုရှိစေဖို့ ထိန်းချုပ်ဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းရှင်တွေ မရောင်းနိုင်တဲ့ဈေးနှုန်းကို ဇွတ်အတင်းသတ်မှတ်တာမျိုးမဟုတ်ဘဲ သူတို့ရဲ့ ထုတ်လုပ်မှုစရိတ်၊ လုပ်ငန်းရှင်အသင်း သာရေးနာရေးရန် ပုံငွေ၊ ဇုံနေရာအပိုင်းအခြားအလိုက် သယ်ဆောင်စရိတ်၊ လုပ်သားခ၊ အစိုးရကိုပေးဆောင်ရမယ့် အခွန်အခ အဲဒါတွေကို တွက်ချက်ပြီး အမြတ်ဘယ်လောက်ဆိုရင် သင့်တော်မယ်ဆိုတာ ညှိနှိုင်းဆုံးဖြတ်ကြတာပါ။ လုပ်ငန်းရှင်ကပဲ တိုက်ရိုက်လုပ်လုပ်၊ အပြင်လူကပဲလုပ်လုပ် သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရမှာ ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုရှိတယ်ဆိုရင် သယ်ဆောင်တဲ့ယာဉ်နဲ့ ယာဉ်ပိုင်ရှင်ကိုပါ အရေးယူမှာပါ”ဟု မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်လွင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်းမှထုတ်လုပ်သည့် သဲ၊ကျောက်စရစ်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်နိုင်ရန် မြို့နယ်များအလိုက် ဒေသဆိုင်ရာဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီများအား ဖွဲ့စည်းလုပ်ဆောင်နေခြင်းဖြစ်ရာ မြို့နယ်(၂၅)မြို့နယ်အနက် (၂၂)မြို့နယ်တွင် ကော်မတီများဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီများက သဲ၊ကျောက်စရစ်ဈေးနှုန်းသတ်မှတ်ခြင်းကို ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းမှ စတင်လုပ်ဆောင်ခဲ့ပြီး ကျောက်စရစ် တစ်ကျင်းလျှင် ကျပ် (၂၃၀၀၀)၊ သဲတစ်ကျင်းလျှင် ကျပ် (၇၀၀၀) နှုန်းသတ်မှတ်ပေးထားကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net