ထိန္းခ်ုပ္လမ္းညႊန္ႏုိင္သည့္ လက္နက္သစ္ကို ေျမာက္ကိုရီးယား စမ္းသပ္ပစ္လႊတ္

ထိန္းခ်ုပ္လမ္းညႊန္ႏုိင္သည့္ လက္နက္သစ္ကို ေျမာက္ကိုရီးယား စမ္းသပ္ပစ္လႊတ္
ဧပြီ 18, 2019
By 🌸
ထိန္းခ်ဳပ္လမ္းညႊန္စနစ္ပါဝင္သည့္ လက္နက္သစ္တစ္မ်ိဳးကို ေျမာက္ကိုရီးယားႏုိင္ငံ ၿပံဳယမ္းၿမိဳ႕ေတာ္တြင္  စမ္းသပ္ပစ္လႊတ္ေၾကာင္း ေျမာက္ကိုရီးယား၏ တရားဝင္သတင္းဌာနျဖစ္သည့္ KCNA က သတင္းထုတ္ျပန္လာသည္ကို ေတြ႔ရသည္။

ေျမာက္ကိုရီးယားစစ္တပ္က လက္နက္သစ္ ထုတ္လုပ္စမ္းသပ္ျခင္းကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ကိုယ္တုိင္ စမ္းသပ္ပစ္လႊတ္မႈကို ေစာင့္ၾကည့္ခဲ့ေၾကာင္း သိရသည္။

မတူညီသည့္ပစ္မွတ္မ်ားအား လိုအပ္သလို ထိန္းခ်ဳပ္ပစ္လႊတ္ႏုိင္မည့္ အဆိုပါ လက္နက္သစ္စီမံကိန္းမွာ တိုးတက္မႈမ်ားရိွေနေၾကာင္းသိရသည္။

ႏူကလီးယားလက္နက္စမ္းသပ္မႈ အႀကိမ္မ်ားစြာျပဳလုပ္ခဲ့သည့္ ေျမာက္ကိုရီးယားက ႏူကလီးယားစမ္းသပ္ပစ္လႊတ္မႈမ်ားကို ရပ္ဆုိင္းထားၿပီျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဧၿပီလအတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္က ေျပာၾကားထားေသာ္လည္း လြန္ခဲ့သည့္တစ္ပတ္က ေကာင္းကင္ဓါတ္ပံုမ်ားအရ ႏူကလီးယားစမ္းသပ္သည့္ေနရာတြင္ လႈပ္ရွားမႈမ်ား ေတြ႔ေနရဆဲျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။

Tachileik News Agency
Ref:DW

Photo: Reuter

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိန်းချုပ်လမ်းညွှန်နိုင်သည့် လက်နက်သစ်ကို မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်
************
ထိန်းချုပ်လမ်းညွှန်စနစ်ပါဝင်သည့် လက်နက်သစ်တစ်မျိုးကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင်  စမ်းသပ်ပစ်လွှတ်ကြောင်း မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနဖြစ်သည့် KCNA က သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

မြောက်ကိုရီးယားစစ်တပ်က လက်နက်သစ် ထုတ်လုပ်စမ်းသပ်ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

မတူညီသည့်ပစ်မှတ်များအား လိုအပ်သလို ထိန်းချုပ်ပစ်လွှတ်နိုင်မည့် အဆိုပါ လက်နက်သစ်စီမံကိန်းမှာ တိုးတက်မှုများရှိနေကြောင်းသိရသည်။

နူကလီးယားလက်နက်စမ်းသပ်မှု အကြိမ်များစွာပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားက နူကလီးယားစမ်းသပ်ပစ်လွှတ်မှုများကို ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားထားသော်လည်း လွန်ခဲ့သည့်တစ်ပတ်က ကောင်းကင်ဓါတ်ပုံများအရ နူကလီးယားစမ်းသပ်သည့်နေရာတွင် လှုပ်ရှားမှုများ တွေ့နေရဆဲဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

Tachileik News Agency
Ref:DW
Photo: Reuter

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net