ဖားကန္႔တြင္ ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္း ႏြံကန္ၿပိဳက်၍ ကုမၸဏီႏွစ္ခုမွ လူဦးေရ (၄၅)ဦးခန္႔ နစ္ျမဳပ္သြား

ဖားကန္႔တြင္ ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္း ႏြံကန္ၿပိဳက်၍ ကုမၸဏီႏွစ္ခုမွ လူဦးေရ (၄၅)ဦးခန္႔ နစ္ျမဳပ္သြား
ဧပြီ 23, 2019
By 🌸
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္တြင္ ေက်ာက္စိမ္းတူးေဖၚေရးလုပ္ငန္းမွ ႏြံကန္ျပိဳျကသျဖင့္ ကုမၸဏီ (၂)ခုမွ လူဦးေရ (၄၅)ဦးပါသြားရာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔ ေန႔လယ္အထိ ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ဗလခရြာထိပ္ရိွ ႏြံကန္မွာ ဧၿပီလ (၂၂)ရက္ေန႔ ည (၁၁)ခြဲဝန္းက်င္က ၿပိဳက်သျဖင့္ ျမန္မာသူရကုမၸဏီမွ စက္ဆရာ (၁၀)ဦး၊ ကားသမား (၇)ဦး၊ ႀကီးၾကပ္သူ (၅)ဦး၊ ကားလမ္းေၾကာင္းျပ (၃)ဦး၊ ေရစက္ဆရာ(၂) ဦး စုစုေပါင္း (၂၇) ဦးႏွင့္ ေရႊနဂါးကိုးေကာင္ကုမၸဏီမွ ဝန္ထမ္း ခန္႔မွန္း (၁၈)ဦးခန္႔ စုစုေပါင္း (၄၅)ဦးခန္႔ နစ္ျမဳပ္သြားသည္ဟု ခန္႔မွန္းထားၾကေၾကာင္း သိရသည္။

နစ္ျမဳပ္ေပ်ာက္ဆံုးသြားသူမ်ားကို ဧၿပီလ (၂၃)ရက္ေန႔ ေန႔လယ္ (၁၁)ရီအထိ ရွာေဖြေနဆဲျဖစ္ေၾကာင္း ေဒသခံ ေဒၚမိုးမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

Tachileik News Agency
ဓါတ္ပံု - ေဒၚမိုးမိုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖားကန့်တွင် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်း နွံကန်ပြိုကျ၍ ကုမ္ပဏီနှစ်ခုမှ လူဦးရေ (၄၅)ဦးခန့် နစ်မြုပ်သွား
*************
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းမှ နွံကန်ပြိုကြသဖြင့် ကုမ္ပဏီ (၂)ခုမှ လူဦးရေ (၄၅)ဦးပါသွားရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ နေ့လယ်အထိ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဗလခရွာထိပ်ရှိ နွံကန်မှာ ဧပြီလ (၂၂)ရက်နေ့ ည (၁၁)ခွဲဝန်းကျင်က ပြိုကျသဖြင့် မြန်မာသူရကုမ္ပဏီမှ စက်ဆရာ (၁၀)ဦး၊ ကားသမား (၇)ဦး၊ ကြီးကြပ်သူ (၅)ဦး၊ ကားလမ်းကြောင်းပြ (၃)ဦး၊ ရေစက်ဆရာ(၂) ဦး စုစုပေါင်း (၂၇) ဦးနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ဝန်ထမ်း ခန့်မှန်း (၁၈)ဦးခန့် စုစုပေါင်း (၄၅)ဦးခန့် နစ်မြုပ်သွားသည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။

နစ်မြုပ်ပျောက်ဆုံးသွားသူများကို ဧပြီလ (၂၃)ရက်နေ့ နေ့လယ် (၁၁)ရီအထိ ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံ ဒေါ်မိုးမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Tachileik News Agency
ဓါတ်ပုံ - ဒေါ်မိုးမိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net