ျမန္မာႏိုင္ငံဘက္တြင္ ခိုေအာင္းေနသည့္ ထိုင္းမူးယစ္ရာဇာ၏သားမက္ကို ခ်င္းမုိင္ရဲတပ္ဖြဲ႕ ဖမ္းဆီးရမိ

ျမန္မာႏိုင္ငံဘက္တြင္ ခိုေအာင္းေနသည့္ ထိုင္းမူးယစ္ရာဇာ၏သားမက္ကို ခ်င္းမုိင္ရဲတပ္ဖြဲ႕ ဖမ္းဆီးရမိ
ဧပြီ 13, 2019
By 🌸
ျမန္မာႏုိင္ငံတြင္ ခိုေအာင္းေနထိုင္သည့္ ထုိင္းႏုိင္ငံေျမာက္ပိုင္းမွ မူးယစ္ရာဇာ လိြဳင္တဆန္လန္း၏ သားမက္ျဖစ္သူကို ထုိင္းႏုိင္ငံဘက္သို႔ျပန္ဝင္လာစဥ္ ခ်င္းမုိင္ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ လူနည္းစုတုိင္းရင္းသားမ်ားၾကား သြားေရာက္ပုန္းေအာင္းေနထိုင္ေနသည့္ အသက္ (၅၀) အရြယ္ ဆုန္ခ်ိဳင္းဆမ္မီးမွာ မူးယစ္ေဆးဝါးမႈႏွင့္ဆက္စပ္၍ ထုိင္းရဲတပ္ဖြဲ႕က ၂၀၀၃ ခုႏွစ္ကတည္းက အလိုရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

၎အားဖမ္းဆီးရမိသည့္ေနအိမ္၏ အမိုးတြင္ဝွက္ထားသည့္ ဘတ္ (၃၉၀၀၀၀)ကိုလည္း ရဲတပ္ဖြဲ႕က ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

အသက္ (၇၉)ႏွစ္အရြယ္ လိြဳင္တသည္ ၂၀၁၆ ခုႏွစ္က ခ်င္းမုိင္ခရိုင္အတြင္း မူးယစ္ေဆးဖမ္းဆီးေရးစစ္ဆင္မႈျပဳလုပ္စဥ္ မူးယစ္ေမွာင္ခိုမႈ (၁၃)မႈျဖင့္ ဆက္စပ္ကာ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းက်ခံခဲ့ရျခင္းျဖစ္ၿပီး ေရႊႀတိဂံေဒသမွ ဘိန္းဘုရင္ခြန္ဆာႏွင့္ လက္တြဲအလုပ္လုပ္သူျဖစ္သည္ဟု ထုိင္းရဲတပ္ဖြဲ႕က ယံုၾကည္ထားသူျဖစ္သည္။

Tachileik News Agency
Ref:Bangkok Post
 
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာနိုင်ငံဘက်တွင် ခိုအောင်းနေသည့် ထိုင်းမူးယစ်ရာဇာ၏သားမက်ကို ချင်းမိုင်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
***********
မြန်မာနိုင်ငံတွင် ခိုအောင်းနေထိုင်သည့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာ လွိုင်တဆန်လန်း၏ သားမက်ဖြစ်သူကို ထိုင်းနိုင်ငံဘက်သို့ပြန်ဝင်လာစဉ် ချင်းမိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူနည်းစုတိုင်းရင်းသားများကြား သွားရောက်ပုန်းအောင်းနေထိုင်နေသည့် အသက် (၅၀) အရွယ် ဆုန်ချိုင်းဆမ်မီးမှာ မူးယစ်ဆေးဝါးမှုနှင့်ဆက်စပ်၍ ထိုင်းရဲတပ်ဖွဲ့က ၂၀၀၃ ခုနှစ်ကတည်းက အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအားဖမ်းဆီးရမိသည့်နေအိမ်၏ အမိုးတွင်ဝှက်ထားသည့် ဘတ် (၃၉၀၀၀၀)ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အသက် (၇၉)နှစ်အရွယ် လွိုင်တသည် ၂၀၁၆ ခုနှစ်က ချင်းမိုင်ခရိုင်အတွင်း မူးယစ်ဆေးဖမ်းဆီးရေးစစ်ဆင်မှုပြုလုပ်စဉ် မူးယစ်မှောင်ခိုမှု (၁၃)မှုဖြင့် ဆက်စပ်ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရခြင်းဖြစ်ပြီး ရွှေတြိဂံဒေသမှ ဘိန်းဘုရင်ခွန်ဆာနှင့် လက်တွဲအလုပ်လုပ်သူဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယုံကြည်ထားသူဖြစ်သည်။

Tachileik News Agency
Ref:Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net