တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦးထံမွ ပိုက္ဆံအိတ္လုသြားသည့္ လူငယ္မ်ားကို တစ္ရက္အၾကာတြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦးထံမွ ပိုက္ဆံအိတ္လုသြားသည့္ လူငယ္မ်ားကို တစ္ရက္အၾကာတြင္ ဖမ္းဆီးရမိ
ဧပြီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ပံုလို႔လမ္းတြင္ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသမီး၏ ပိုက္ဆံအိတ္ကို ဆုိင္ကယ္ေပၚမွ အမ်ိဳးသား (၂)ဦးက လုယူထြက္ေျပးသျဖင့္ ရဲတပ္ဖြဲ႕ကစံုစမ္းရာ တစ္ရက္အၾကာတြင္ ပိုက္ဆံအိတ္လုယူသြားသည့္ လူငယ္ (၃)ဦးကို ဖမ္းမိေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးသည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၈)ရက္ေန႔ ညေန (၆)နာရီခြဲဝန္းက်င္က ဗိုလ္ခ်ဳပ္လမ္းမႀကီးဘက္သို႔ ေစ်းသြားဝယ္ရန္ ပံုလို႔လမ္းအတုိင္း လမ္းေလွ်ာက္လာစဥ္ ေနာက္မွ ဆုိင္ကယ္ျဖင့္ေရာက္လာသည့္အမ်ိဳးသား (၂)ဦးက ပိုက္ဆံအိတ္အား လုယူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

လုယူခံရသည့္ပိုက္ဆံအိတ္အတြင္း နားကပ္(၂)ရံ၊ ထုိင္းဘတ္ေငြ (၁,၂၀၀)ႏွင့္ က်ပ္ေငြ (၅၆,၀၀၀)တို႔ ပါဝင္သြားေၾကာင္း သိရသည္။

ပိုက္ဆံအိတ္လုယူခံရမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားရာ ဧၿပီလ (၉)ရက္ေန႔၌ လုယက္မႈျဖင့္ သံသယရိွသူ အသက္ (၁၅)ႏွစ္အရြယ္ ေအာင္ပိုင္ႏွင့္ အသက္ (၁၅)ႏွစ္အရြယ္ ေအာင္ခန္႔ (ခ) ရြာသားတို႔အား စစ္ေဆးရာ ၎တို႔ လုယူခဲ့ေၾကာင္း စစ္ေဆးသိရိွရေၾကာင္း သိရသည္။

လုယူရရိွခဲ့သည့္ ပိုက္ဆံအိတ္အတြင္းမွ ေငြေၾကးမ်ားအား သူငယ္ခ်င္းမ်ားျဖစ္သည့္ အသက္(၁၅)ႏွစ္အရြယ္ သိန္းႏုိင္ဦး(ခ)သားႀကီး၊ အသက္ (၁၇)ႏွစ္အရြယ္ သက္ႏိုင္စိုး(ခ) ဥတိပြား (ခ) ပါက်ဲ၊ အသက္ (၁၅)ႏွစ္အရြယ္ ေစာဆုိင္းမြန္းႏွင့္ အသက္(၁၅)ႏွစ္အရြယ္ ဗာလာဘတို႔ႏွင့္အတူ ခြဲေဝသံုးစြဲေၾကာင္း စစ္ေဆးသိရိွရေၾကာင္း သိရသည္။

လုယက္သြားသူမ်ားႏွင့္ လုယက္ရရိွသည္ကို ခြဲေဝသံုးစြဲသူ စုစုေပါင္း လူငယ္ (၆)ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ပုံလို့လမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသမီး၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ပေါ်မှ အမျိုးသား (၂)ဦးက လုယူထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့ကစုံစမ်းရာ တစ်ရက်အကြာတွင် ပိုက်ဆံအိတ်လုယူသွားသည့် လူငယ် (၃)ဦးကို ဖမ်းမိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်က ဗိုလ်ချုပ်လမ်းမကြီးဘက်သို့ ဈေးသွားဝယ်ရန် ပုံလို့လမ်းအတိုင်း လမ်းလျှောက်လာစဉ် နောက်မှ ဆိုင်ကယ်ဖြင့်ရောက်လာသည့်အမျိုးသား (၂)ဦးက ပိုက်ဆံအိတ်အား လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။

လုယူခံရသည့်ပိုက်ဆံအိတ်အတွင်း နားကပ်(၂)ရံ၊ ထိုင်းဘတ်ငွေ (၁,၂၀၀)နှင့် ကျပ်ငွေ (၅၆,ဝဝဝ)တို့ ပါဝင်သွားကြောင်း သိရသည်။

ပိုက်ဆံအိတ်လုယူခံရမှုအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ ဧပြီလ (၉)ရက်နေ့၌ လုယက်မှုဖြင့် သံသယရှိသူ အသက် (၁၅)နှစ်အရွယ် အောင်ပိုင်နှင့် အသက် (၁၅)နှစ်အရွယ် အောင်ခန့် (ခ) ရွာသားတို့အား စစ်ဆေးရာ၎င်းတို့ လုယူခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း သိရသည်။

လုယူရရှိခဲ့သည့် ပိုက်ဆံအိတ်အတွင်းမှ ငွေကြေးများအား သူငယ်ချင်းများဖြစ်သည့် အသက်(၁၅)နှစ်အရွယ် သိန်းနိုင်ဦး(ခ)သားကြီး၊ အသက် (၁၇)နှစ်အရွယ် သက်နိုင်စိုး(ခ) ဥတိပွား (ခ) ပါကျဲ၊ အသက် (၁၅)နှစ်အရွယ် စောဆိုင်းမွန်းနှင့် အသက်(၁၅)နှစ်အရွယ် ဗာလာဘတို့နှင့်အတူ ခွဲဝေသုံးစွဲကြောင်း စစ်ဆေးသိရှိရကြောင်း သိရသည်။

လုယက်သွားသူများနှင့် လုယက်ရရှိသည်ကို ခွဲဝေသုံးစွဲသူ စုစုပေါင်း လူငယ် (၆)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net