မေကြးတိုင္း သႀကၤန္အတက္ေန႔တြင္ ယခင္ေန႔မ်ားထက္ လည္ပတ္သူမ်ားျပား

မေကြးတိုင္း သႀကၤန္အတက္ေန႔တြင္ ယခင္ေန႔မ်ားထက္ လည္ပတ္သူမ်ားျပား
ဧပြီ 16, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး သႀကၤန္အတက္ေန႔ျဖစ္သည့္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၆)ရက္ေန႔တြင္ လမ္းေလွ်ာက္သႀကၤန္ႏွင့္ ၿမိဳ႕ေပၚလမ္းမႀကီးမ်ားရိွ ေရကစားမ႑ပ္မ်ား၌ ေရကစားသူမ်ား၊ ေရပက္ခံထြက္သူမ်ားျဖင့္ ၿပီးခဲ့သည့္ေန႔မ်ားထက္ မ်ားျပားစည္ကားလ်က္႐ိွေၾကာင္း သိရသည္။

မေကြးၿမိဳ႕တြင္  ဗဟိုမ႑ပ္၊ လမ္းေလွ်ာက္ သၾကၤန္ရိွ ေဖ်ာ္ေျဖေရးစင္၊ ေရကစားမ႑ပ္ႏွင့္ စတုဒီသာမ႑ပ္မ်ား၊ ၿမိဳ႕ေပၚလမ္းမမ်ားရိွ ေရကစား မ႑ပ္မ်ားတြင္ ေရကစားသူမ်ားႏွင့္ ယခင္ေန႔မ်ားကထက္ အထူးစည္ကားခဲ့ၿပီး ညေန(၆)နာရီအခ်ိန္ တြင္ ဆုရၿပိဳင္ပဲြဝင္ ယိမ္းအဖဲြ႔မ်ားကို ဆုမ်ားခ်ီးျမွင့္၍ မဟာသၾကၤန္ပဲြေတာ္ကို ပိတ္သိမ္းမည္ျဖစ္ ေၾကာင္္းသိရသည္။

မေကြးၿမိဳ႕ေပၚရပ္ကြက္အသီးသီးရွိ လမ္းမ်ားတြင္လည္း မိသားစုေရကစားမ႑ပ္မ်ား၊ အုန္းလက္ မ႑ပ္ မ်ားျဖင္႔ စည္ကားလ်က္ရွိသည့္ အျပင္  စတုဒီသာမ်ား ေကၽြးေမြး၍ ေပ်ာ္ရႊင္စြာျဖင့္ ဒါနျပဳလွ်က္ ရိွၾကၿပီး ၁၃၈၁ခုနွစ္ ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔တြင္ မေကြးၿမိဳ႕ဧရာ၀တီျမစ္ကမ္း ေညာင္ကိုးပင္ဆိပ္၌ ဇီ၀ိတဒါန ငါးလႊတ္ပြဲ နွင့္ မေကြးၿမိဳ႕ရွိ ဖန္ခါးေျမ ဘိုးဘြားရိပ္သာ၌ အသက္ (၈၅) ႏွစ္ႏွင့္ အထက္ဘိုးဘြား (၆၆) ဦးအား ပူေဇာ္ကန္႔ေတာ့ပြဲ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု -  ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး သင်္ကြန်အတက်နေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဧပြီလ(၁၆)ရက်နေ့တွင် လမ်းလျှောက်သင်္ကြန်နှင့် မြို့ပေါ်လမ်းမကြီးများရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် ပြီးခဲ့သည့်နေ့များထက် များပြားစည်ကားလျက်ရှိကြောင်း သိရသည်။

မကွေးမြို့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်ရှိ ဖျော်ဖြေရေးစင်၊ ရေကစားမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များ၊ မြို့ပေါ်လမ်းမများရှိ ရေကစား မဏ္ဍပ်များတွင် ရေကစားသူများနှင့် ယခင်နေ့များကထက် အထူးစည်ကားခဲ့ပြီး ညနေ(၆)နာရီအချိန် တွင် ဆုရပြိုင်ပွဲဝင် ယိမ်းအဖွဲ့များကို ဆုများချီးမြှင့်၍ မဟာသင်္ကြန်ပွဲတော်ကို ပိတ်သိမ်းမည်ဖြစ် ကြောင်းသိရသည်။

မကွေးမြို့ပေါ်ရပ်ကွက်အသီးသီးရှိ လမ်းများတွင်လည်း မိသားစုရေကစားမဏ္ဍပ်များ၊ အုန်းလက် မဏ္ဍပ် များဖြင့် စည်ကားလျက်ရှိသည့် အပြင် စတုဒီသာများ ကျွေးမွေး၍ ပျော်ရွှင်စွာဖြင့် ဒါနပြုလျှက် ရှိကြပြီး ၁၃၈၁ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မကွေးမြို့ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ နှင့် မကွေးမြို့ရှိ ဖန်ခါးမြေ ဘိုးဘွားရိပ်သာ၌ အသက် (၈၅) နှစ်နှင့် အထက်ဘိုးဘွား (၆၆) ဦးအား ပူဇော်ကန့်တော့ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net