တာခ်ီလိတ္ၿမိဳ႕၌ ႏွစ္ဆန္း(၁)ရက္ေန႔တြင္ အသက္(၈၀)အထက္ ဘိုးဘြား (၉၂)ဦး စုေပါင္းကန္ေတာ့

တာခ်ီလိတ္ၿမိဳ႕၌ ႏွစ္ဆန္း(၁)ရက္ေန႔တြင္ အသက္(၈၀)အထက္ ဘိုးဘြား (၉၂)ဦး စုေပါင္းကန္ေတာ့
ဧပြီ 17, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္ဓမၼာရံုတြင္ ႏွစ္စဥ္ျပဳလုပ္သည့္ ႏွစ္ဆန္း (၁) ရက္ေန႔ အႏၱရာယ္ကင္းပရိတ္ရြက္ဖတ္ပူေဇာ္ပြဲႏွင့္ သက္ႀကီးပူေဇာ္ပြဲအခမ္းအနားအား ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၇)ရက္ေန႔ နံနက္ပိုင္းက ဘိုးဘြား (၉၂) ဦးလာေရာက္ ကန္ေတာ့ခံခဲ့ေၾကာင္း ႏွင့္ မလာေရာက္ႏိုင္သည့္ ဘိုးဘြားမ်ားကိုလည္း အိမ္တိုင္ရာေရာက္သြားေရာက္ ကန္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"စာရင္းအရက (၁၂၃) ဦး။ လာတက္တာေတာ့ (၉၂) ဦးေပါ့။ အသက္ (၈၀) ပတ္၀န္းက်င္ေတြမ်ားပါတယ္။ အလွဴရွင္ေတြလည္း လာလွဴတယ္။ ကၽြန္ေတာ္တို႔ဆီက တစ္ဦးကို ဘတ္ (၁,၁၀၀) နဲ႔က်ပ္ (၂,၀၀၀)၊ ေကြကာရယ္၊ ဆပ္ျပာတံုးရယ္၊ မိုင္လိုရယ္၊ ေခါက္ဆြဲေျခာက္ထုပ္ေတြရယ္။ က်န္တဲ့အလွဴရွင္ေတြက စာအိတ္ေလးေတြနဲ႔လွဴတာေပါ့"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အႏၱရာယ္ကင္းပရိတ္ရြတ္ဖက္ပူေဇာ္ပြဲတြင္ ပင့္သံဃာ (၉) ပါးမွ ပရိတ္တရားေတာ္မ်ားရြတ္ဖတ္ပူေဇာ္ခဲ့ၿပီး လွဴဖြယ္ပစၥည္းမ်ားကို ဌာနဆိုင္ရာမွ တာ၀န္ရိွသူမ်ားက ဆပ္ကပ္လွဴဒါန္းခဲ့ၿပီး သက္ႀကီးပူေဇာ္ပြဲတြင္ အပူေဇာ္ခံဘိုးဘြားမ်ားကို က်န္းမာေရးစစ္ေဆးမႈျပဳခဲ့ကာ ေန႔လည္စာလည္း ဒါနျပဳေကၽြးေမြးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊  စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ ႏွင့္ ခရိုင္အဆင့္ဌာနဆိုင္ရာမ်ား၊  တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ အမ်ဳိးသမီးေရးရာအဖြဲ႔၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏွင့္ တာ၀န္ရွိသူမ်ား အပါအ၀င္ လူမႈေရးအသင္းအဖြဲ႔မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြို့နယ်ဓမ္မာရုံတွင် နှစ်စဉ်ပြုလုပ်သည့် နှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားအား ၂၀၁၉ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းက ဘိုးဘွား (၉၂) ဦးလာရောက် ကန်တော့ခံခဲ့ကြောင်း နှင့် မလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်း အိမ်တိုင်ရာရောက်သွားရောက် ကန်တော့မည်ဖြစ်ကြောင်း သိရသည်။

"စာရင်းအရက (၁၂၃) ဦး။ လာတက်တာတော့ (၉၂) ဦးပေါ့။ အသက် (၈၀) ပတ်ဝန်းကျင်တွေများပါတယ်။ အလှူရှင်တွေလည်း လာလှူတယ်။ ကျွန်တော်တို့ဆီက တစ်ဦးကို ဘတ် (၁,၁၀၀) နဲ့ကျပ် (၂,ဝဝဝ)၊ ကွေကာရယ်၊ ဆပ်ပြာတုံးရယ်၊ မိုင်လိုရယ်၊ ခေါက်ဆွဲခြောက်ထုပ်တွေရယ်။ ကျန်တဲ့အလှူရှင်တွေက စာအိတ်လေးတွေနဲ့လှူတာပေါ့"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အန္တရာယ်ကင်းပရိတ်ရွတ်ဖက်ပူဇော်ပွဲတွင် ပင့်သံဃာ (၉) ပါးမှ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ပြီး လှူဖွယ်ပစ္စည်းများကို ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဆပ်ကပ်လှူဒါန်းခဲ့ပြီး သက်ကြီးပူဇော်ပွဲတွင် အပူဇော်ခံဘိုးဘွားများကို ကျန်းမာရေးစစ်ဆေးမှုပြုခဲ့ကာ နေ့လည်စာလည်း ဒါနပြုကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများ အပါအဝင် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net