တရုတ္ႏိုင္ငံတြင္ ခရီးသည္အမ်ဳိးသမီးက ေလယာဥ္ခရီးစဥ္ ေဘးကင္းေစရန္အတြက္ ဆုေတာင္းၿပီး အင္ဂ်င္ထဲသို႔ အေၾကြေစ့ (၆)ေစ့ ပစ္ထည့္

တရုတ္ႏိုင္ငံတြင္ ခရီးသည္အမ်ဳိးသမီးက ေလယာဥ္ခရီးစဥ္ ေဘးကင္းေစရန္အတြက္ ဆုေတာင္းၿပီး အင္ဂ်င္ထဲသို႔ အေၾကြေစ့ (၆)ေစ့ ပစ္ထည့္
ဧပြီ 17, 2019
By Tachileik News Agency

တရုတ္နုိင္ငံတြင္ ေလယာဥ္ခရီးစဥ္ေဘးကင္းေစရန္ဆုေတာင္းသည့္အေနျဖင့္ အင္ဂ်င္ထဲသို႔ အေၾကြေစ့ (၆)ေစ့ ပစ္ထည့္ခဲ့သည့္ အသက္ (၆၆)ႏွစ္အရြယ္ အမ်ိဳးသမီးကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းလိုက္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးသည္ မြန္ဂိုလီးယားရိွ Hohhot Baita အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ တီရန္က်င္းေလေၾကာင္းလုိင္းျဖင့္ စီးနင္းလုိက္ပါမည့္သူျဖစ္ၿပီး ကံေကာင္းေစရန္ဆုေတာင္းၿပီး အင္ဂ်င္အတြင္း အေၾကြေစ့မ်ား ပစ္ထည့္လုိက္ေၾကာင္း ဝန္ခံသျဖင့္ ေလယာဥ္ေပၚမွ ဖယ္ရွားခဲ့ေၾကာင္း သိရသည္။

ေလယာဥ္ေပၚမွ ခရီးသည္ (၁၀၀)ကို အျခားေလယာဥ္ျဖင့္ အစားထိုးပ်ံသန္းေျပးဆြဲေပးခဲ့ရၿပီး ေလယာဥ္ခရီးစဥ္မွာ (၂)နာရီခန္႔ ၾကန္႔ၾကာခဲ့ရေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးကို လက္ရိွတြင္ ရဲတပ္ဖြဲ႕က ထိန္းသိမ္းထားၿပီး ေလေၾကာင္းလုိင္းက တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူျဖစ္ရပ္မ်ားကို တရုတ္ႏုိင္ငံအတြင္း ေလေၾကာင္းလုိင္းမ်ားတြင္ မၾကာခဏႀကံဳေတြ႔ေနရၿပီး လြန္ခဲ့သည့္ ရက္သတၱပတ္ႏွစ္ပတ္အၾကာက ဟြမ္ေဘးျပည္နယ္ေလဆိပ္တြင္ အသက္ (၃၁)ႏွစ္အရြယ္ တရုတ္အမ်ိဳးသားတစ္ဦးက ေယာကၡမမွာလုိက္သည့္အတုိင္း ေလယာဥ္အင္ဂ်င္အတြင္း အေၾကြေစ့ပစ္ထည့္ ဆုေတာင္းခဲ့သျဖင့္ ဖမ္းဆီးခဲ့ရၿပီး လြန္ခဲ့သည့္ တစ္လက အသက္(၂၀)ဝန္းက်င္ အမ်ိဳးသမီးႏွစ္ဦးႏွင့္ ေဖေဖၚဝါရီလအတြင္းက အသက္(၂၈)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးတုိ႔ကိုလည္း ထိန္းသိမ္းခဲ့ရေၾကာင္း သိရသည္။

Tachileik News Agency
Ref:Daily Mail



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရုတ်နိုင်ငံတွင် လေယာဉ်ခရီးစဉ်ဘေးကင်းစေရန်ဆုတောင်းသည့်အနဖြေင့် အင်ဂျင်ထဲသို့ အကြွေစေ့ (၆)စေ့ ပစ်ထည့်ခဲ့သည့် အသက် (၆၆)နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် မွန်ဂိုလီးယားရှိ Hohhot Baita အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တီရန်ကျင်းလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါမည့်သူဖြစ်ပြီး ကံကောင်းစေရန်ဆုတောင်းပြီး အင်ဂျင်အတွင်း အကြွေစေ့များ ပစ်ထည့်လိုက်ကြောင်း ဝန်ခံသဖြင့် လေယာဉ်ပေါ်မှ ဖယ်ရှားခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်မှ ခရီးသည် (၁၀၀)ကို အခြားလေယာဉ်ဖြင့် အစားထိုးပျံသန်းပြေးဆွဲပေးခဲ့ရပြီး လေယာဉ်ခရီးစဉ်မှာ (၂)နာရီခန့် ကြန့်ကြာခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးကို လက်ရှိတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး လေကြောင်းလိုင်းက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူဖြစ်ရပ်များကို တရုတ်နိုင်ငံအတွင်း လေကြောင်းလိုင်းများတွင် မကြာခဏကြုံတွေ့နေရပြီး လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အကြာက ဟွမ်ဘေးပြည်နယ်လေဆိပ်တွင် အသက် (၃၁)နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးက ယောက္ခမမှာလိုက်သည့်အတိုင်း လေယာဉ်အင်ဂျင်အတွင်း အကြွေစေ့ပစ်ထည့် ဆုတောင်းခဲ့သဖြင့် ဖမ်းဆီးခဲ့ရပြီး လွန်ခဲ့သည့် တစ်လက အသက်(၂၀)ဝန်းကျင် အမျိုးသမီးနှစ်ဦးနှင့် ဖေဖော်ဝါရီလအတွင်းက အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကိုလည်း ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

Tachileik News Agency
Ref:Daily Mail

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net