ျမန္မာႏွစ္သစ္ကူး ဇီ၀ိတဒါနငါးလႊတ္ပြဲအျဖစ္ တာခ်ီလိတ္ၿမိဳ႕က ငါးအေကာင္ေရ (၃၀၀၀)လႊတ္

ျမန္မာႏွစ္သစ္ကူး ဇီ၀ိတဒါနငါးလႊတ္ပြဲအျဖစ္ တာခ်ီလိတ္ၿမိဳ႕က ငါးအေကာင္ေရ (၃၀၀၀)လႊတ္
ဧပြီ 17, 2019
By Tachileik News Agency

 ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္ ႏွစ္သစ္ကူး ဇီ၀ိတဒါနငါးလႊတ္ပြဲအျဖစ္ တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊ၀ါနဒီပန္းၿခံတြင္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၇)ရက္ေန႔ နံနက္(၇)နာရီက က်င္းပျပဳလုပ္ၿပီး ငါးအေကာင္ေရ စုစုေပါင္း (၃၀၀၀)လႊတ္ခဲ့ၾကေၾကာင္း သိရသည္။

ငါးလုပ္ငန္းဦးစီးဌာနမွ ငါးၾကင္းေရႊ၀ါ အေကာင္(၁၅၀၀) ႏွင့္ ဆလားဗီးယား အေကာင္(၅၀၀)ႏွင့္ စည္ပင္သာယာေရးဌာမွ ငါးခူအေကာင္(၁၀၀၀) စုစုေပါင္း အေကာင္(၃၀၀၀)အား လႊတ္ေပးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ငါးလႊတ္ပြဲတြင္  ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္၊ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ ႏွင့္ ခရိုင္အဆင့္ဌာနဆိုင္ရာမ်ား၊  တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ အမ်ဳိးသမီးေရးရာအဖြဲ႔၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

 မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကူး ဇီဝိတဒါနငါးလွှတ်ပွဲအဖြစ် တာချီလိတ်မြို့ရှိ ရွှေဝါနဒီပန်းခြံတွင် ၂၀၁၉ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်(၇)နာရီက ကျင်းပပြုလုပ်ပြီး ငါးအကောင်ရေ စုစုပေါင်း (၃၀၀၀)လွှတ်ခဲ့ကြကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးကြင်းရွှေဝါ အကောင်(၁၅၀၀) နှင့် ဆလားဗီးယား အကောင်(၅၀၀)နှင့် စည်ပင်သာယာရေးဌာမှ ငါးခူအကောင်(၁၀၀၀) စုစုပေါင်း အကောင်(၃၀၀၀)အား လွှတ်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ငါးလွှတ်ပွဲတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net