ဇနီးျဖစ္သူႏွင့္ စကားမေျပာလိုသည့္အမ်ိဳးသားက ေနအိမ္တြင္ (၆၂)ႏွစ္ၾကာ ဆြံ႕အနားမၾကားအျဖစ္ ဟန္ေဆာင္ေနထိုင္

ဇနီးျဖစ္သူႏွင့္ စကားမေျပာလိုသည့္အမ်ိဳးသားက ေနအိမ္တြင္ (၆၂)ႏွစ္ၾကာ ဆြံ႕အနားမၾကားအျဖစ္ ဟန္ေဆာင္ေနထိုင္
မတ် 5, 2019
By 🌸
ဇနီးျဖစ္သူစကားေျပာသည္ကို နားမေထာင္လိုသည့္အတြက္ ေပါင္းသင္းေနထုိင္သည့္ (၆၂)ႏွစ္တာကာလအတြင္း ဆြံ႕အနားမၾကားဟန္ေဆာင္ေနခဲ့သည့္အမ်ိဳးသားကို ဇနီးျဖစ္သူက တရားရံုးတြင္ ကြာရွင္းခြင့္ေတာင္းထားေၾကာင္း သိရသည္။

ကြန္နက္တီကပ္တြင္ ေနထုိင္သည့္ အသက္ (၈၄)ႏွစ္အရြယ္ ဘယ္ရီေဒၚဆင္သည္ အသက္ (၈၀)အရြယ္ရိွေနၿပီျဖစ္သည့္ ဇနီးျဖစ္သူ ေဒၚရသီ၏ေရွ႕တြင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ စကားတစ္လံုးမွ မေျပာခဲ့သျဖင့္ ေဒၚရသီမွာ အမူအရာျဖင့္စကားေျပာျခင္းကို ႏွစ္ႏွစ္ၾကာ သင္ယူခဲ့ရကာ ခင္ပြန္းျဖစ္သူႏွင့္ စကားေျပာဆိုဆက္သြယ္ရန္ ႀကိဳးစားခ်ိန္တြင္ ခင္ပြန္းျဖစ္သူက အျမင္အာရံုပါခ်ိဳ႕တဲ့သြားသျဖင့္ ဆက္သြယ္ေျပာဆိုမရျဖစ္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါဇနီးေမာင္ႏွံတြင္ ကေလး (၆)ဦးႏွင့္ ေျမး (၁၃)ဦးရိွၿပီး ၎တို႔ကပါ မစၥတာေဒၚဆင္မွာ ဆြံ႕အနားမၾကားဟု ထင္ျမင္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားက ဘားတစ္ခုတြင္ ကာရာအိုေကဆိုေနသည့္ ဖိုင္ကို ယူက်ဴတြင္ေတြ႔လုိက္ရၿပီး လူမႈေရးရန္ပံုေငြအတြက္ အစည္းအေဝးတစ္ခုတြင္ စကားေျပာဆိုေနသည္ကို ဇနီးျဖစ္သူက အမွတ္မထင္ေတြ႕လုိက္ရၿပီး ခင္ပြန္းျဖစ္သူမွာ ႏွစ္ေပါင္းမ်ားစြာ လိမ္လည္ဟန္ေဆာင္ေနသည္ကို သိရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚဆင္မွာ စကားနည္းၿပီး အေနေအးေသာ္လည္း ဇနီးျဖစ္သူက စကားမ်ားလြန္းသူျဖစ္သျဖင့္ စိတ္အေနွာင့္အယွက္ျဖစ္ကာ ဆြံ႕အနားမၾကားဟန္ေဆာင္ခဲ့ျခင္းသာျဖစ္ၿပီး ယင္းကဲ့သို႔ လုပ္ေဆာင္ခဲ့ျခင္းမရိွပါက လြန္ခဲ့သည့္ ႏွစ္ေပါင္း (၆၀)ကတည္းက အိမ္ေထာင္ၿပိဳကြဲခဲ့မည္ဟု ေဒၚဆင္၏ေရွ႕ေနက ဆိုသည္။

အဆိုပါဇနီးေမာင္ႏွံက တရားရံုးတြင္ ကြာရွင္းရန္ႀကိဳးစားေနၿပီး ဇနီးျဖစ္သူက ပိုင္ဆုိင္မႈတစ္ဝက္ႏွင့္ ရပိုင္ခြင့္မ်ားအျပင္ စိတ္ဖိစီးၿပီးဝန္ထုပ္ဝန္ပိုးျဖစ္ခဲ့ရမႈမ်ားအတြက္လည္း ေလ်ာ္ေၾကးေတာင္းခံမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
Ref: World News Daily

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဇနီးဖြစ်သူနှင့် စကားမပြောလိုသည့်အမျိုးသားက နေအိမ်တွင် (၆၂)နှစ်ကြာ ဆွံ့အနားမကြားအဖြစ် ဟန်ဆောင်နေထိုင်
************
ဇနီးဖြစ်သူစကားပြောသည်ကို နားမထောင်လိုသည့်အတွက် ပေါင်းသင်းနေထိုင်သည့် (၆၂)နှစ်တာကာလအတွင်း ဆွံ့အနားမကြားဟန်ဆောင်နေခဲ့သည့်အမျိုးသားကို ဇနီးဖြစ်သူက တရားရုံးတွင် ကွာရှင်းခွင့်တောင်းထားကြောင်း သိရသည်။

ကွန်နက်တီကပ်တွင် နေထိုင်သည့် အသက် (၈၄)နှစ်အရွယ် ဘယ်ရီဒေါ်ဆင်သည် အသက် (၈၀)အရွယ်ရှိနေပြီဖြစ်သည့် ဇနီးဖြစ်သူ ဒေါ်ရသီ၏ရှေ့တွင် ဆယ်စုနှစ်ပေါင်းများစွာ စကားတစ်လုံးမှ မပြောခဲ့သဖြင့် ဒေါ်ရသီမှာ အမူအရာဖြင့်စကားပြောခြင်းကို နှစ်နှစ်ကြာ သင်ယူခဲ့ရကာ ခင်ပွန်းဖြစ်သူနှင့် စကားပြောဆိုဆက်သွယ်ရန် ကြိုးစားချိန်တွင် ခင်ပွန်းဖြစ်သူက အမြင်အာရုံပါချို့တဲ့သွားသဖြင့် ဆက်သွယ်ပြောဆိုမရဖြစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါဇနီးမောင်နှံတွင် ကလေး (၆)ဦးနှင့် မြေး (၁၃)ဦးရှိပြီး ၎င်းတို့ကပါ မစ္စတာဒေါ်ဆင်မှာ ဆွံ့အနားမကြားဟု ထင်မြင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသားက ဘားတစ်ခုတွင် ကာရာအိုကေဆိုနေသည့် ဖိုင်ကို ယူကျူတွင်တွေ့လိုက်ရပြီး လူမှုရေးရန်ပုံငွေအတွက် အစည်းအဝေးတစ်ခုတွင် စကားပြောဆိုနေသည်ကို ဇနီးဖြစ်သူက အမှတ်မထင်တွေ့လိုက်ရပြီး ခင်ပွန်းဖြစ်သူမှာ နှစ်ပေါင်းများစွာ လိမ်လည်ဟန်ဆောင်နေသည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဆင်မှာ စကားနည်းပြီး အနေအေးသော်လည်း ဇနီးဖြစ်သူက စကားများလွန်းသူဖြစ်သဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ ဆွံ့အနားမကြားဟန်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိပါက လွန်ခဲ့သည့် နှစ်ပေါင်း (၆၀)ကတည်းက အိမ်ထောင်ပြိုကွဲခဲ့မည်ဟု ဒေါ်ဆင်၏ရှေ့နေက ဆိုသည်။

အဆိုပါဇနီးမောင်နှံက တရားရုံးတွင် ကွာရှင်းရန်ကြိုးစားနေပြီး ဇနီးဖြစ်သူက ပိုင်ဆိုင်မှုတစ်ဝက်နှင့် ရပိုင်ခွင့်များအပြင် စိတ်ဖိစီးပြီးဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရမှုများအတွက်လည်း လျော်ကြေးတောင်းခံမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref: World News Daily

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net