ရဲတပ္ဖြဲ႕မွ ေသနတ္ (၁၁)လက္ခိုးယူေရာင္းခ်သည့္ ရဲအရာရိွ (၁) ဦးႏွင့္ အရပ္သား(၄)ဦးကို ဖမ္းဆီးထား

ရဲတပ္ဖြဲ႕မွ ေသနတ္ (၁၁)လက္ခိုးယူေရာင္းခ်သည့္ ရဲအရာရိွ (၁) ဦးႏွင့္ အရပ္သား(၄)ဦးကို ဖမ္းဆီးထား
မတ် 1, 2019
By 🌸
ထုိင္းရဲတပ္ဖြဲ႕သံုး ေသနတ္ (၁၁)လက္ခိုးေရာင္းမႈႏွင့္ပတ္သက္၍ သံသယရိွသည့္ ရဲအရာရိွတစ္ဦးႏွင့္ အရပ္သား (၄)ဦး စုစုေပါင္း (၅)ဦးကို ထိန္းသိမ္းလုိက္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၈)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္လုိက္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖၚျပထားသည္။

အယုဒၶရဲတပ္ဖြဲ႕မွ ေပ်ာက္ဆံုးသြားသည့္ ပစၥတိုမ်ားကို ေရာင္းခ်မႈျဖင့္ အဆိုပါ (၅)ဦးကို စစ္ေဆးေနၿပီး ရဲအရာရိွထံမွ ေသနတ္တစ္လက္လွ်င္ ဘတ္ (၂၀၀၀၀)မွ (၂၈၀၀၀)အထိေပး၍ ဝယ္ယူထားျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ဖမ္းဆီးထားသူမ်ား၏အမည္မ်ားကို ထုတ္ေဖၚေျပာၾကားျခင္းမရိွေသးဘဲ ကြင္းဆက္တရားခံမ်ားကို စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕မွ ေပ်ာက္ဆံုးသြားသည့္ ေသနတ္ (၁၁)လက္ကို ျပန္လည္ရရိွထားၿပီဟုဆိုေသာ္လည္း အေသးစိတ္အခ်က္အလက္မ်ား ထုတ္ျပန္ထားျခင္းမရိွေသးေၾကာငး္ သိရသည္။

ဘန္ေကာက္တြင္ ေဖေဖၚဝါရီလ (၁၄)ရက္ေန႔က ဖမ္းဆီးမႈအတြင္း ရဲတပ္ဖဲြ႕သံုး ေသနတ္ကို ေတြ႔ရိွရသျဖင့္ ဆက္လက္စံုစမ္းရာမွ ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ေသနတ္မ်ားမွာ  ထုိင္းေတာ္ဝင္ရဲတပ္ဖြဲ႕အား လက္နက္မ်ား အဆင့္ျမႇင့္တင္ရန္ ၂၀၁၅ ခုႏွစ္က ညႊန္ၾကားခ်က္အရ ၂၀၁၇ ခုႏွစ္တြင္ အသစ္လဲလွယ္တပ္ဆင္ေပးထားသည့္ Sig Sauer P320SP တစ္သိန္းခြဲမွ ေသနတ္မ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အျဖစ္အပ်က္ေၾကာင့္ ထုိင္းႏိုင္ငံတြင္းမွ ရဲစခန္းမ်ားအားလံုးက လက္နက္မ်ား စိစစ္ၿပီး မတ္လ (၁၅)ရက္ေန႔ ေနာက္ဆံုးထား၍ သတင္းတင္ျပၾကရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

Tachileik News Agency
Photo: Bangkok Post တြင္ ေဖၚျပထားသည့္၂၀၁၇ စက္တင္ဘာလက ထုိင္းေတာ္ဝင္ရဲတပ္ဖြဲ႕ထံ ေပးအပ္မည့္ ig Sauer P320SP ပစၥတိုမ်ားျဖစ္သည္။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရဲတပ်ဖွဲ့မှ သေနတ် (၁၁)လက်ခိုးယူရောင်းချသည့် ရဲအရာရှိ (၁) ဦးနှင့် အရပ်သား(၄)ဦးကို ဖမ်းဆီးထား
****************
ထိုင်းရဲတပ်ဖွဲ့သုံး သေနတ် (၁၁)လက်ခိုးရောင်းမှုနှင့်ပတ်သက်၍ သံသယရှိသည့် ရဲအရာရှိတစ်ဦးနှင့် အရပ်သား (၄)ဦး စုစုပေါင်း (၅)ဦးကို ထိန်းသိမ်းလိုက်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

အယုဒ္ဓရဲတပ်ဖွဲ့မှ ပျောက်ဆုံးသွားသည့် ပစ္စတိုများကို ရောင်းချမှုဖြင့် အဆိုပါ (၅)ဦးကို စစ်ဆေးနေပြီး ရဲအရာရှိထံမှ သေနတ်တစ်လက်လျှင် ဘတ် (၂၀၀၀၀)မှ (၂၈၀၀၀)အထိပေး၍ ဝယ်ယူထားခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများ၏အမည်များကို ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးဘဲ ကွင်းဆက်တရားခံများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ပျောက်ဆုံးသွားသည့် သေနတ် (၁၁)လက်ကို ပြန်လည်ရရှိထားပြီဟုဆိုသော်လည်း အသေးစိတ်အချက်အလက်များ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

ဘန်ကောက်တွင် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့က ဖမ်းဆီးမှုအတွင်း ရဲတပ်ဖွဲ့သုံး သေနတ်ကို တွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းရာမှ ဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ်များမှာ  ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အား လက်နက်များ အဆင့်မြှင့်တင်ရန် ၂၀၁၅ ခုနှစ်က ညွှန်ကြားချက်အရ ၂၀၁၇ ခုနှစ်တွင် အသစ်လဲလှယ်တပ်ဆင်ပေးထားသည့် Sig Sauer P320SP တစ်သိန်းခွဲမှ သေနတ်များဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ထိုင်းနိုင်ငံတွင်းမှ ရဲစခန်းများအားလုံးက လက်နက်များ စိစစ်ပြီး မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား၍ သတင်းတင်ပြကြရန် ညွှန်ကြားထားကြောင်း သိရသည်။

Tachileik News Agency
Photo: Bangkok Post တွင် ဖေါ်ပြထားသည့်၂၀၁၇ စက်တင်ဘာလက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ထံ ပေးအပ်မည့် ig Sauer P320SP ပစ္စတိုများဖြစ်သည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~