တာခ်ီလိတ္ရဲတပ္ဖြဲ႕က စစ္ေဆးရန္တားဆီးစဥ္ ထြက္ေျပးသျဖင့္ ပစ္ခတ္တားဆီးခံရသည့္ ထိုင္းႏိုင္ငံသားက အမႈဖြင့္တုိင္ၾကား

တာခ်ီလိတ္ရဲတပ္ဖြဲ႕က စစ္ေဆးရန္တားဆီးစဥ္ ထြက္ေျပးသျဖင့္ ပစ္ခတ္တားဆီးခံရသည့္ ထိုင္းႏိုင္ငံသားက အမႈဖြင့္တုိင္ၾကား
မတ် 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔ ည (၉)နာရီခြဲဝန္းက်င္က ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္တြင္ ရဲတပ္ဖြဲ႕ဦးေဆာင္သည့္ပူးေပါင္းအဖြဲ႕က ပိတ္ဆို႔စစ္ေဆးမႈအတြင္း ထြက္ေျပး ေမာင္းနွင္သြားသည့္ ထုိင္းႏုိင္ငံသား၏ေမာ္ေတာ္ယာဥ္ကို ပစ္ခတ္တားဆီးခဲ့ရေၾကာင္း သိရသည္။

“သူကေဟာင္လိတ္ဘက္ကေန ၿမိဳ႕တြင္းဘက္ကိုေမာင္းလာတာမွာ ခမရ(၅၂၆)ကို သြားတဲ့လမ္းရိွတယ္ သူကအဲဒီဘက္ကို ေကြ႕ဝင္သြားတယ္။ အဲဒီကေနျပန္ထြက္လာခ်ိန္မွာ ကၽြန္ေတာ္တုိ႔ဆီက တားတဲ့ဟာကို သူကရပ္မေပးဘဲေမာင္းေျပးေတာ့ ကၽြန္ေတာ့္ဆီက အဖြဲ႕ထဲကေနၿပီးေတာ့ ေျခာက္ပစ္လုိက္တာ”ဟု ေဟာင္လိတ္နယ္ေျမရဲကင္းစခန္းမွ ေခတၱစခန္းမွဴး ရဲအုပ္သန္းထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသက္ (၂၇)ႏွစ္အရြယ္ ထုိင္းႏိုင္ငံသား Gulay ဆိုသူသည္ တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တစ္ခုတြင္ တည္းခိုေနထုိင္ၿပီး သူငယ္ခ်င္းျဖစ္သူထံမွငွားထားသည့္ကားျဖင့္ မတ္လ(၁၁)ရက္ေန႔ညပိုင္းက ၿမိဳ႕တြင္းသို႔ထြက္လာစဥ္ ေဟာင္လိတ္မီးပိြဳင့္အနီး၌ ပိတ္ဆို႔စစ္ေဆးအဖြဲ႕အားေတြ႔သျဖင့္ လမ္းခ်ိဳးအတြင္း ေကြ႕ဝင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေကြ႕ဝင္သြားေသာလမ္းမွာ လမ္းပိတ္ျဖစ္ေန၍ျပန္ထြက္လာစဥ္ ပိတ္ဆို႔စစ္ေဆးေရးအဖြဲ႕က စစ္ေဆးရန္တားျမစ္သည္ကို ရပ္မေပးဘဲ ထြက္ေျပးေမာင္းႏွင္ခဲ့သျဖင့္ ပစ္ခတ္တားဆီးခံရျခင္းျဖစ္ၿပီး ဒဏ္ရာရသြားသည့္ အဆိုပါထိုင္းႏုိင္ငံသားက တာေလာ့ရပ္ကြက္ရိွ ၎ႏွင့္ရင္းႏွီးသည့္အမ်ိဳးသမီးတစ္ဦး၏ အကူအညီျဖင့္ ဖန္မင္ရြာမွ အမ်ိဳးသားတစ္ဦးက ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဒဏ္ရာရထုိင္းႏုိင္ငံသားသည္ မတ္လ (၁၂)ရက္ေန႔ နံနက္(၂)နာရီခြဲဝန္းက်င္တြင္ ခရိုင္ျပည္သူ႔ေဆးရံုသို႔ ေရာက္လာသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕က ေဆးရံုသို႔သြားေရာက္ စစ္ေဆးရာ ထုိင္းႏိုင္ငံသားက ၎အားေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူအား စံုစမ္းေဖၚထုတ္ေပးရန္ အမႈဖြင့္တုိင္ၾကားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္အတြင္း ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္  ၿမိဳ႕တြင္း ပိတ္ဆို႔စစ္ေဆးမႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္ေနရာ မူးယစ္ေဆး၊ လက္နက္ခဲယမ္း၊ တရားမဝင္ ဝင္ေရာက္သည့္ ထုိင္းႏိုင္ငံသားမ်ားႏွင့္ တရားမဝင္ ေမာ္ေတာ္ယာဥ္မ်ားကို ပိတ္ဆို႔စစ္ေဆးမႈမ်ားအတြင္း ဖမ္းဆီးရမိထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဇန္နဝါရီလ (၂၉)ရက္ေန႔ည တာခ်ီလိတ္ၿမိဳ႕တြင္း ညပိုင္းပိတ္ဆို႔စစ္ေဆးမႈလုပ္ေနျခင္းျဖစ္ပါသည္။

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ရဲတပ်ဖွဲ့က စစ်ဆေးရန်တားဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်တားဆီးခံရသည့် ထိုင်းနိုင်ငံသားက  အမှုဖွင့်တိုင်ကြား
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ ည (၉)နာရီခွဲဝန်းကျင်က ဟောင်လိတ်လမ်းဆုံမီးပွိုင့်တွင် ရဲတပ်ဖွဲ့ဦးဆောင်သည့်ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးမှုအတွင်း ထွက်ပြေး မောင်းနှင်သွားသည့် ထိုင်းနိုင်ငံသား၏မော်တော်ယာဉ်ကို ပစ်ခတ်တားဆီးခဲ့ရကြောင်း သိရသည်။

“သူကဟောင်လိတ်ဘက်ကနေ မြို့တွင်းဘက်ကိုမောင်းလာတာမှာ ခမရ(၅၂၆)ကို သွားတဲ့လမ်းရှိတယ် သူကအဲဒီဘက်ကို ကွေ့ဝင်သွားတယ်။ အဲဒီကနေပြန်ထွက်လာချိန်မှာ ကျွန်တော်တို့ဆီက တားတဲ့ဟာကို သူကရပ်မပေးဘဲမောင်းပြေးတော့ ကျွန်တော့်ဆီက အဖွဲ့ထဲကနေပြီးတော့ ခြောက်ပစ်လိုက်တာ”ဟု ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက် (၂၇)နှစ်အရွယ် ထိုင်းနိုင်ငံသား Gulay ဆိုသူသည် တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ပြီး သူငယ်ချင်းဖြစ်သူထံမှငှားထားသည့်ကားဖြင့် မတ်လ(၁၁)ရက်နေ့ညပိုင်းက မြို့တွင်းသို့ထွက်လာစဉ် ဟောင်လိတ်မီးပွိုင့်အနီး၌ ပိတ်ဆို့စစ်ဆေးအဖွဲ့အားတွေ့သဖြင့် လမ်းချိုးအတွင်း ကွေ့ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကွေ့ဝင်သွားသောလမ်းမှာ လမ်းပိတ်ဖြစ်နေ၍ပြန်ထွက်လာစဉ် ပိတ်ဆို့စစ်ဆေးရေးအဖွဲ့က စစ်ဆေးရန်တားမြစ်သည်ကို ရပ်မပေးဘဲ ထွက်ပြေးမောင်းနှင်ခဲ့သဖြင့် ပစ်ခတ်တားဆီးခံရခြင်းဖြစ်ပြီး ဒဏ်ရာရသွားသည့် အဆိုပါထိုင်းနိုင်ငံသားက တာလော့ရပ်ကွက်ရှိ ၎င်းနှင့်ရင်းနှီးသည့်အမျိုးသမီးတစ်ဦး၏ အကူအညီဖြင့် ဖန်မင်ရွာမှ အမျိုးသားတစ်ဦးက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရထိုင်းနိုင်ငံသားသည် မတ်လ (၁၂)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်တွင် ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်လာသဖြင့် တာချီလိတ်မြို့မရဲတပ်ဖွဲ့က ဆေးရုံသို့သွားရောက် စစ်ဆေးရာ ထိုင်းနိုင်ငံသားက ၎င်းအားသေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား စုံစမ်းဖေါ်ထုတ်ပေးရန် အမှုဖွင့်တိုင်ကြားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်  မြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေရာ မူးယစ်ဆေး၊ လက်နက်ခဲယမ်း၊ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများနှင့် တရားမဝင် မော်တော်ယာဉ်များကို ပိတ်ဆို့စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဇန်နဝါရီလ (၂၉)ရက်နေ့ည တာချီလိတ်မြို့တွင်း ညပိုင်းပိတ်ဆို့စစ်ဆေးမှုလုပ်နေခြင်းဖြစ်ပါသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net