
မတျ 17, 2019
By 🌸




Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ကျင်းပမည့် အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းဗန်တိုနှင့် ဘော်လီဘောပြိုင်ပွဲများအတွက် စာရင်းပေးသွင်းနိုင်ပြီ
***********
(၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား မြန်မာ့သိုင်း ဗန်တို(အတိုက်)နှင့် ဘော်လီဘောပြိုင်ပွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ကျင်းပမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

အသက် (၂၀)နှစ်အောက်နှင့် အသက်(၂၀)နှစ်အထကိ ဗန်တိုအတိုက်နှင့် ဓါးခုတ်ပြိုင်ပွဲများကို အမျိုးသား၊ အမျိုးသမီး မည်သူမဆို သတ်မှတ်ကီလိုတန်းများအလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများကို အင်းသားလူမှုရေးအသင်း တာချီလိတ်မြို့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မတ်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဦးအောင်ကျော်ငြိမ်း ဖုန်း ၀၉ ၂၆၂၇၄၀၆၁၈ နှင့် ဦးသန်းလှိုင် ဖုန်း ၀၉ ၄၂၈၂၁၁၉၆၉ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net