ခ်င္းမုိင္ေဒသတြင္ ေတာမီးမ်ားေၾကာင့္ မီးခိုးျမဴထူထပ္စြာပိတ္ေန၍ ေလေၾကာင္းခရီးစဥ္မ်ား ေရႊ႕ဆုိင္းထားရၿပီး မီးတားဇုန္မ်ား ေဖၚေဆာင္ေန

ခ်င္းမုိင္ေဒသတြင္ ေတာမီးမ်ားေၾကာင့္ မီးခိုးျမဴထူထပ္စြာပိတ္ေန၍ ေလေၾကာင္းခရီးစဥ္မ်ား ေရႊ႕ဆုိင္းထားရၿပီး မီးတားဇုန္မ်ား ေဖၚေဆာင္ေန
မတ် 15, 2019
By 🌸
ျမန္မာႏွင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံ၊ ခ်င္းမုိင္ေဒသတြင္ ေတာမီးရိႈ႕မႈမ်ားေၾကာင့္ မီးခိုးျမဴမ်ားပိတ္ေနသျဖင့္ ခ်င္းမုိင္ႏွင့္ မယ္ေဟာင္ေဆာင္သို႔ မနက္အေစာပိုင္းေလယာဥ္ခရီးစဥ္မ်ားကို ေရႊ႕ဆုိင္းထားရေၾကာင္း သိရသည္။

အဆိုပါျပည္နယ္ႏွစ္ခုတြင္ ေလယာဥ္ဆင္းသက္ရန္ ျမင္ကြင္းရွင္းလင္းမႈမရိွသျဖင့္ ေလေၾကာင္းခရီးစဥ္မ်ား ေရႊ႕ဆုိင္းမႈျပဳလုပ္ေနရရာ ေလယာဥ္ခရီးစဥ္ (၁၀)ခုထက္မနည္းကို ေရႊ႕ဆုိင္းခဲ့ရၿပီး ဆက္လက္ေရႊ႕ဆုိင္းရဖြယ္ရိွေၾကာင္း ဘန္ေကာက္ေလေၾကာင္းလုိင္းက သတင္းထုတ္ျပန္သည္။

မယ္ေဟာင္ေဆာင္ခရိုင္တြင္ ၂၀၁၉ ခုႏွစ္  ေတာမီးရိႈ႕သည့္ေနရာေပါင္း (၂၇၉)ေနရာကို ေတြ႔ရိွထားၿပီး လြန္ခဲ့သည့္ႏွစ္ အလားတူကာလအတြင္း (၁၄၁)ေနရာတြင္ ေလာင္ကၽြမ္းခဲ့ေၾကာင္း သိရသည္။

လက္ရိွတြင္ တာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ားပူးေပါင္းၿပီး ေတာမီးမပ်ံ႕ေစရန္ မီးတားဇုန္မ်ား လုပ္ေဆာင္ရန္ ႀကိဳးစားေနၾကသည္။

“အဓိကကေတာ့ ေတာမီးေတြေလာင္တာေၾကာင့္ပါ။ ေနာင္မွာ အခုလိုေတာမီးရိႈ႕တာေတြမရိွေအာင္ နည္းလမ္းရွာေဖြရေတာ့မယ္”ဟု အဆိုပါေဒသသို႔ လာေရာက္သည့္ ဒုဝန္ႀကီးခ်ဳပ္ ပရာဝတ္ ဝုန္ဆူဝမ္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံအတြင္း စိုက္ပ်ိဳးရာသီတြင္ ေတာင္ယာမီးရိႈ႕ျခင္း၊ စုိက္ပ်ိဳးေျမမ်ားမီးရိႈ႕ျခင္းမ်ားေၾကာင့္ မီးခိုးျမဴထူထပ္စြာ ဖံုးလႊမ္းျခင္းကို ဆယ္စုႏွစ္မ်ားစြာ ႀကံဳေတြ႔ေနရျခင္းျဖစ္ေသာ္လည္း ေတာင္သူမ်ားက ေတာမီးရိႈ႕သည့္ဓေလ့ကို က်င့္သံုးေနဆဲျဖစ္သည္။

ထုိင္းႏုိင္ငံနည္းတူ အိမ္နီးခ်င္းျမန္မာႏုိင္ငံ၏ ေတာင္ေပၚေဒသမ်ားတြင္လည္း ေတာင္ယာမီးရိႈ႕သည့္ဓေလ့ကို က်င့္သံုးေနၾကျခင္းျဖစ္သည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ချင်းမိုင်ဒေသတွင် တောမီးများကြောင့် မီးခိုးမြူထူထပ်စွာပိတ်နေ၍ လေကြောင်းခရီးစဉ်များ ရွှေ့ဆိုင်းထားရပြီး မီးတားဇုန်များ ဖေါ်ဆောင်နေ
****************
မြန်မာနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်ဒေသတွင် တောမီးရှို့မှုများကြောင့် မီးခိုးမြူများပိတ်နေသဖြင့် ချင်းမိုင်နှင့် မယ်ဟောင်ဆောင်သို့ မနက်အစောပိုင်းလေယာဉ်ခရီးစဉ်များကို ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

အဆိုပါပြည်နယ်နှစ်ခုတွင် လေယာဉ်ဆင်းသက်ရန် မြင်ကွင်းရှင်းလင်းမှုမရှိသဖြင့် လေကြောင်းခရီးစဉ်များ ရွှေ့ဆိုင်းမှုပြုလုပ်နေရရာ လေယာဉ်ခရီးစဉ် (၁၀)ခုထက်မနည်းကို ရွှေ့ဆိုင်းခဲ့ရပြီး ဆက်လက်ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ဘန်ကောက်လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

မယ်ဟောင်ဆောင်ခရိုင်တွင် ၂၀၁၉ ခုနှစ်  တောမီးရှို့သည့်နေရာပေါင်း (၂၇၉)နေရာကို တွေ့ရှိထားပြီး လွန်ခဲ့သည့်နှစ် အလားတူကာလအတွင်း (၁၄၁)နေရာတွင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်းပြီး တောမီးမပျံ့စေရန် မီးတားဇုန်များ လုပ်ဆောင်ရန် ကြိုးစားနေကြသည်။

“အဓိကကတော့ တောမီးတွေလောင်တာကြောင့်ပါ။ နောင်မှာ အခုလိုတောမီးရှို့တာတွေမရှိအောင် နည်းလမ်းရှာဖွေရတော့မယ်”ဟု အဆိုပါဒေသသို့ လာရောက်သည့် ဒုဝန်ကြီးချုပ် ပရာဝတ် ဝုန်ဆူဝမ်က ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း စိုက်ပျိုးရာသီတွင် တောင်ယာမီးရှို့ခြင်း၊ စိုက်ပျိုးမြေများမီးရှို့ခြင်းများကြောင့် မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းခြင်းကို ဆယ်စုနှစ်များစွာ ကြုံတွေ့နေရခြင်းဖြစ်သော်လည်း တောင်သူများက တောမီးရှို့သည့်ဓလေ့ကို ကျင့်သုံးနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံနည်းတူ အိမ်နီးချင်းမြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများတွင်လည်း တောင်ယာမီးရှို့သည့်ဓလေ့ကို ကျင့်သုံးနေကြခြင်းဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net