ေလဆိပ္တြင္ ကေလးေမ့က်န္ခဲ့၍ ကြာလာလမ္ပူသို႔ပ်ံသန္းသည့္ေလယာဥ္ ျပန္လည္ဆင္းသက္ရ

ေလဆိပ္တြင္ ကေလးေမ့က်န္ခဲ့၍ ကြာလာလမ္ပူသို႔ပ်ံသန္းသည့္ေလယာဥ္ ျပန္လည္ဆင္းသက္ရ
မတ် 12, 2019
By 🌸
ေဆာ္ဒီအာေရးဗီးယားႏိုင္ငံ ဂ်ာဟတ္ၿမိဳ႕မွ မေလးရွားႏုိင္ငံ ကြာလာလမ္ပူသို႔ပ်ံသန္းမည့္ေလယာဥ္တစ္စီးတြင္ လုိ္က္ပါလာသည့္ အမ်ိဳးသမီးတစ္ဦးက ကေလးကိုေလဆိပ္တြင္ ေမ့က်န္ခဲ့သျဖင့္ ေလဆိပ္သို႔ျပန္လွည့္ ဆင္းသက္ခဲ့ရေၾကာင္း သိရသည္။

ကြာလာလမ္ပူသို႔ ဦးတည္ပ်ံသန္းလာသည့္ ေဆာ္ဒီေလေၾကာင္းလုိင္းတြင္ လုိက္ပါလာသည့္ ခရီးသည္အမ်ိဳးသမီးတစ္ဦးက ကေလးကို ေလဆိပ္တြင္ေမ့က်န္ခဲ့ေၾကာင္း ေလယာဥ္ဝန္ထမ္းမ်ားအား အသိေပးသျဖင့္ ေလယာဥ္အား ေနာက္ျပန္လွည့္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးေမ့က်န္၍ ေလဆိပ္သို႔ျပန္လည္ဆင္းသက္ခြင့္ေတာင္းရာတြင္ ေလေၾကာင္းထိန္းစင္တာမွ တာဝန္ရိွသူမ်ားမွာလည္း အဆိုပါအေၾကာင္းရင္းမွာ ေလဆိပ္သို႔ျပန္လည္ဆင္းသက္ခြင့္ျပဳ၊ မျပဳႏွင့္ပတ္သက္၍ ဆံုးျဖတ္ရန္အခက္အခဲျဖစ္ခဲ့ရေသာ္လည္း ေနာက္ဆံုးတြင္ ဆင္းသက္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

ေဆာ္ဒီေလေၾကာင္းလုိင္း၏ Flight SV832 ၏ ၂၀၁၉ ခုႏွစ္ မတ္လ (၉)ရက္ေန႔ခရီးစဥ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္အတြင္းကလည္း ဂ်ာမနီတြင္ ခရီးသည္လင္မယားႏွစ္ဦးက ကားတစ္စီးစီျဖင့္ ေလယာဥ္ေပၚတက္ခဲ့ရာ ငါးႏွစ္အရြယ္ကေလးကို ေလဆိပ္တြင္က်န္ခဲ့ဖူးေၾကာင္း သိရသည္။

Tachileik News Agency
Ref: Gulf News

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လေဆိပ်တွင် ကလေးမေ့ကျန်ခဲ့၍ ကွာလာလမ်ပူသို့ပျံသန်းသည့်လေယာဉ် ပြန်လည်ဆင်းသက်ရ
**************
ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျာဟတ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ပျံသန်းမည့်လေယာဉ်တစ်စီးတွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးက ကလေးကိုလေဆိပ်တွင် မေ့ကျန်ခဲ့သဖြင့် လေဆိပ်သို့ပြန်လှည့် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းလာသည့် ဆော်ဒီလေကြောင်းလိုင်းတွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးက ကလေးကို လေဆိပ်တွင်မေ့ကျန်ခဲ့ကြောင်း လေယာဉ်ဝန်ထမ်းများအား အသိပေးသဖြင့် လေယာဉ်အား နောက်ပြန်လှည့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမေ့ကျန်၍ လေဆိပ်သို့ပြန်လည်ဆင်းသက်ခွင့်တောင်းရာတွင် လေကြောင်းထိန်းစင်တာမှ တာဝန်ရှိသူများမှာလည်း အဆိုပါအကြောင်းရင်းမှာ လေဆိပ်သို့ပြန်လည်ဆင်းသက်ခွင့်ပြု၊ မပြုနှင့်ပတ်သက်၍ ဆုံးဖြတ်ရန်အခက်အခဲဖြစ်ခဲ့ရသော်လည်း နောက်ဆုံးတွင် ဆင်းသက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆော်ဒီလေကြောင်းလိုင်း၏ Flight SV832 ၏ ၂၀၁၉ ခုနှစ် မတ်လ (၉)ရက်နေ့ခရီးစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်းကလည်း ဂျာမနီတွင် ခရီးသည်လင်မယားနှစ်ဦးက ကားတစ်စီးစီဖြင့် လေယာဉ်ပေါ်တက်ခဲ့ရာ ငါးနှစ်အရွယ်ကလေးကို လေဆိပ်တွင်ကျန်ခဲ့ဖူးကြောင်း သိရသည်။

Tachileik News Agency
Ref: Gulf News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net