တာခ်ီလိတ္ၿမိဳ႕တြင္း အပတ္စဥ္အမိႈက္ေကာက္မႈ စတင္ေနၿပီး ေရရွည္ေဆာင္ရြက္ႏိုင္ရန္ စီစဥ္

တာခ်ီလိတ္ၿမိဳ႕တြင္း အပတ္စဥ္အမိႈက္ေကာက္မႈ စတင္ေနၿပီး ေရရွည္ေဆာင္ရြက္ႏိုင္ရန္ စီစဥ္
မတ် 9, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္း အမိႈက္ကင္းစင္ရန္ႏွင့္ စနစ္တက်စြန္႔ပစ္ေစေရးရည္ရြယ္ေဆာင္ရြက္သည့္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္သည့္ အစီအစဥ္ကို ၂၀၁၉ခုႏွစ္ မတ္လ (၉) ရက္ေန႔ နံနက္က ၀မ္ေကာင္းရပ္ကြက္တြင္ စတင္ခဲ့ၿပီး ေရရွည္ေဆာင္ရြက္ႏိုင္ရန္အတြက္ စီစဥ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"လက္ရိွ ကၽြန္ေတာ္တို႔ကေတာ့ တစ္ႏွစ္စီမံခ်က္ေရးဆြဲၿပီးေဆာင္ရြက္ထားတယ္။ ကၽြန္ေတာ္တို႔ တာခ်ီလိတ္ၿမိဳ႕ ဆိုရင္ ႏွစ္ႏိုင္ငံနယ္စပ္ၿမိဳ႕ျဖစ္ေနတာေပါ့။ နယ္စပ္ၿမိဳ႕ျဖစ္ေနေတာ့ကၽြန္ေတာ္တို႔လည္းျပန္သံုးသပ္တယ္။ အဓိက ကေတာ့ လူတစ္ဦးခ်င္းစီေပါ့။ ကၽြန္ေတာ္တို႔ပါ ပါတယ္။ လူတစ္ဦးခ်င္းဆိုတဲ့ေနရာမွာ။ အသိစိတ္ဓာတ္ေတြ ျပဳျပင္ေျပာင္းလဲသြားၿပီ။ အမိႈက္ေတြကို သတ္မွတ္ထားတဲ့ ေနရာမွာပဲ ပစ္ရမယ္။ ျပစ္တဲ့ေနရာမွာလည္း စနစ္တက် ဘယ္လိုပစ္ရမယ္ေပါ့။ ေရေျမာင္းေတြထဲလည္း အမိႈက္ပစ္လို႔မရဘူး။ စသည္ျဖင့္ တစ္ဦးခ်င္းစီ အသိစိတ္ဓာတ္ေတြ ေျပာင္းလဲသြားၿပီဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ၿမိဳ႕က အလို လိုသန္႔ရွင္းသြားမွာေပါ့ေနာ္။ အဲဒီလိုျဖစ္ဖို႔ အခ်ိန္အတိုင္းအတာတစ္ခုထိ ေဆာင္ရြက္ရမွာေပါ့။ ေရရွည္ျဖစ္ေစေရးနဲ႔ပတ္သက္ၿပီး လက္ဆင့္ကမ္းရမွာေပါ့။ ဥပမာ ကၽြန္ေတာ္တို႔ဆို ၀န္ထမ္းေတြ သက္မွတ္ကာလတစ္ခုမွာပဲ တာ၀န္က်တဲ့ေနရာမွာ ျပန္လည္ေျပာင္းေရြ႕ရမယ့္ အေနအထားေတြရိွတာေပါ့ေနာ္။ ကၽြန္ေတာ္တို႔ေနရာကို ဆက္ၿပီးတာ၀န္ယူတဲ့ပုဂၢိဳလ္ေတြေရာ ဒီမွာအေျခခ်ေနထိုင္ေနတဲ့ လူမႈေရးအသင္းအဖြဲ႕ေတြေရာ တစ္ေလ်ာက္လံုးေနထိုင္သြားမယ့္ ျပည္သူလူထုေတြေရာ သူတို႔ကေန လက္ဆင့္ကမ္းၿပီးေတာ့ ဆက္လက္ေဆာင္ရြက္သြားမယ္ဆိုရင္ေတာ့ ေရရွည္ေဆာင္ရြက္လို႔ရမယ့္လုပ္ငန္းေတြျဖစ္ပါတယ္ခင္ဗ်"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရပ္ကြက္အလိုက္ စုေပါင္းအမိႈက္ေကာက္သည့္ အစီအစဥ္ကို ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ႏိုင္ငံေရးတီမ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ား ပူးေပါင္းၿပီး အင္အား (၃၀၀) ေက်ာ္ ပါ၀င္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ႔ေတာင္ႀကီးျပည္နယ္အစိုးရရံုးမွာ ရွမ္းျပည္နယ္အေနနဲ႔ သန္႔ရွင္းသာယာတဲ့ၿမိဳ႕တစ္ၿမိဳ႕ေရြးမယ္ဆိုၿပီးေတာ့ လြိဳင္လင္ရယ္၊ ကေလာရယ္၊ တာခ်ီလိတ္ရယ္ (၃) ခုေရြးတယ္ေပါ့။ အဲဒါနဲ႔စၿပီးလုပ္ေတာ့ ကၽြန္ေတာ့္ ရပ္ကြက္ကေနစလုပ္တာေပါ့။ ရပ္ကြက္ေနျပည္သူေတြကိုလည္း အသိေပးတာေပါ့။ တစ္ကယ္လို႔ေရြးခံရတယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ၿမိဳ႕အတြက္ ဂုဏ္တက္တာေပါ့။ အမိႈက္ကားပံုမွန္လာေအာင္ ကၽြန္ေတာ့္ဘက္ကတာ၀န္ယူတယ္။ ရပ္ကြက္ေနျပည္သူေတြက အမိႈက္ကားလာတဲ့အခ်ိန္မွာ ေစာင့္ၿပီးပစ္ေပးဖို႔ေပါ့။ ၿပီးရင္ေခ်ာင္းထဲတို႔ လမ္းေဘးေနရာတို႔ အျမင္မတင့္တဲ့ေနရာမွာ ေျပာရရင္အမိႈက္ကိုခိုးၿပီးလာပစ္တဲ့ေနရာမွာ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ၿပီးေတာ့ အေရးယူသြားတဲ့ အပိုင္းေတြလုပ္သြားဖို႔ စီစဥ္ထားပါတယ္"ဟု ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

စုေပါင္းအမိႈက္ေကာက္သည့္ အစီအစဥ္ကို ပထမ (၃) လပတ္တြင္ အသိပညာေပးမႈႏွင့္ အမိႈက္ေကာက္ျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ၿပီး အမိႈက္ပံုးမ်ားေ၀ငွျခင္း၊ ဆိုင္းဘုတ္မ်ား စိုက္ထူျခင္းႏွင့္ သန္႔ရွင္းေသာရပ္ကြက္မ်ားကို ဆုေပးျခင္း၊ ဒဏ္ေပးျခင္းမ်ားကို အပိုင္းလိုက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"လူတိုင္း လူတိုင္းေပါ့ လမ္းသြားရင္းနဲ႔ အလြယ္တကူစြန္႔ပစ္တာနဲ႔စာရင္ ကၽြန္ေတာ္တို႔ သက္မွတ္တဲ့ေနရာမွာ အမိႈက္ထုပ္ေလးေလးေတြထုတ္ၿပီးေတာ့မွ စြန္႔ပစ္ေစခ်င္ပါတယ္။ ဒီလိုမ်ိဳးေျမာင္းထဲမွာ အမိႈက္စြန္႔ပစ္ျခင္းအားျဖင့္ ေရသန္႔ရွင္းမႈအားနည္းပါတယ္။ အနံ႕အသက္ေတြလည္း ပတ္၀န္းက်င္ကိုထိခိုက္ေစပါတယ္။ ေနာက္ဆံုးဒီအမိႈက္ေတြက မယ္ဆိုင္ေခ်ာင္းထဲကိုေရာက္ၿပီး မဲေခါင္ျမစ္ထဲကို ေရာက္သြားတာျဖစ္ပါတယ္။ ကုန္းေပၚေနတဲ့ လူေတြတင္ ဒုကၡေရာက္တာ မဟုတ္ပါဘူး။ ေရေနသတၱ၀ါေတြလည္း ဒုကၡေရာက္တဲ့အေနအထားျဖစ္ပါတယ္။ ေရေျမာင္းထဲကို အလြယ္တကူ မစြန္႔ပစ္ေစခ်င္ပါဘူး"ဟု တာခ်ီလိတ္ၿမိဳ႕စည္ပင္သာယာေရးေကာ္ဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

စုေပါင္းအမိႈက္ေကာက္ျခင္းကို ယခင္က တာခ်ီလိတ္ၿမိဳ႕တြင္း ရပ္ကြက္အလိုက္ေဆာင္ရြက္ခဲ့မႈမ်ားရိွခဲ့ေသာ္လည္း အခ်ိန္တစ္ႏွစ္ခန္႔အၾကာတြင္ လုပ္ငန္းရပ္နားသြားခဲ့ေၾကာင္း သိရသည္။

"၂၀၁၄ ခုႏွစ္ကေပါ့ ကၽြန္ေတာ္တို႔ရပ္ကြက္ထဲမွာ ကိုယ့္ရပ္ကြက္သန္႔ရွင္းခ်င္တဲ့စိတ္နဲ႔ စၿပီးေကာက္တာေပါ့ေနာ္။ ရပ္ကြက္ထဲက ဆယ္အိမ္မႈးေတြရယ္၊ ရာအိမ္မႈးေတြရယ္ အမိႈက္ပံုရိွတဲ့ေနရာေလးေတြမွာ စုေပါင္းၿပီးေကာက္ၿပီးေတာ့ အမိႈက္ပံုသန္႔ရွင္းေရးလုပ္ၿပီးေတာ့ ဒီနားသန္႔ရွင္းသြားရင္မပစ္ေအာင္ဆိုတဲ့စိတ္နဲ႔ ေကာက္ခဲ့တာေပါ့။ အစကေတာ့ ကၽြန္ေတာ္ရပ္ကြက္အေနနဲ႔ေကာက္တာေပါ့။ ေနာက္က်ေတာ့ ၿမိဳ႕နယ္အဆင့္၊ ခရိုင္အဆင့္ေတြပါလာေတာ့ ၿမိဳ႕နယ္ထဲက လူမႈေရးအသင္းအဖြဲ႕ေတြေပါင္းၿပီးေတာ့ ေကာက္တာေပါ့။ တစ္ႏွစ္ေလာက္ေတာ့ ၾကာမယ္ထင္တယ္။ ရပ္ကြက္တိုင္း ရပ္ကြက္တိုင္းေပါ့။ ဒီတဟ္ေခါက္စေနမွာ ကၽြန္ေတာ့္ရပ္ကြက္ေကာက္ရင္ အျခားရပ္ကြက္ေတြပါေပါင္းၿပီးေတာ့ တစ္ၿမိဳ႕လံုးလုပ္ၾကတာေပါ့"ဟု ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက ေျပာသည္။ 

အပတ္စဥ္စေနေန႔တိုင္း အမိႈက္ေကာက္မည့္ အစီအစဥ္ကို မတ္လ (၉) ရက္ေန႔က ၀မ္ေကာင္းရပ္ကြက္တြင္ စတင္ခဲ့ၿပီး မတ္လ (၁၆) ရက္ေန႔တြင္ မကာအိုခမ္းရပ္ကြက္ ေဂၚသဇင္လမ္း၊ မတ္လ (၂၃) ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၁)ေစ်း၊ မတ္လ (၃၀) ရက္ေန႔တြင္ ေဆခမ္းရပ္ကြက္၊ ေလယာဥ္ကြင္းလမ္း၊ ဧၿပီလ (၆) ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္ စိန္ပန္းလမ္း၊ ဧၿပီလ (၁၃) ရက္ေန႔တြင္ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်း၊ ဧၿပီလ (၂၀) ရက္ေန႔တြင္ တာေလာ့ရပ္ကြက္၊ အလက(ခြဲ) ေက်ာင္းလမ္း၊ ဧၿပီလ (၂၇) ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္၊ ပန္းၿခံႏွင့္ အမွတ္(၂) တံတား၊ ေမလ (၄) ရက္ေန႔တြင္ ပါဆတ္ရပ္ကြက္၊ ခိုေတာင္ရြာေဘးေရေခ်ာင္း၊ ေမလ (၁၁) ရက္ေန႔တြင္ ဆန္ဆိုင္း(က) ရပ္ကြက္၊ ဆန္ဆိုင္းေစ်း၊ ေမလ (၁၈) ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္၊ ေဗဒါလမ္း၊ ေမလ (၂၅) ရက္ေန႔တြင္ ဆန္ဆိုင္း(ခ) ရပ္ကြက္၊ ရွမ္းရိုးမကြင္းတို႔တြင္ အသီးသီး အမိႈက္ေကာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း အမှိုက်ကင်းစင်ရန်နှင့် စနစ်တကျစွန့်ပစ်စေရေးရည်ရွယ်ဆောင်ရွက်သည့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်သည့် အစီအစဉ်ကို ၂၀၁၉ခုနှစ် မတ်လ (၉) ရက်နေ့ နံနက်က ဝမ်ကောင်းရပ်ကွက်တွင် စတင်ခဲ့ပြီး ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လက်ရှိ ကျွန်တော်တို့ကတော့ တစ်နှစ်စီမံချက်ရေးဆွဲပြီးဆောင်ရွက်ထားတယ်။ ကျွန်တော်တို့ တာချီလိတ်မြို့ ဆိုရင် နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်နေတာပေါ့။ နယ်စပ်မြို့ဖြစ်နေတော့ကျွန်တော်တို့လည်းပြန်သုံးသပ်တယ်။ အဓိက ကတော့ လူတစ်ဦးချင်းစီပေါ့။ ကျွန်တော်တို့ပါ ပါတယ်။ လူတစ်ဦးချင်းဆိုတဲ့နေရာမှာ။ အသိစိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲသွားပြီ။ အမှိုက်တွေကို သတ်မှတ်ထားတဲ့ နေရာမှာပဲ ပစ်ရမယ်။ ပြစ်တဲ့နေရာမှာလည်း စနစ်တကျ ဘယ်လိုပစ်ရမယ်ပေါ့။ ရေမြောင်းတွေထဲလည်း အမှိုက်ပစ်လို့မရဘူး။ စသည်ဖြင့် တစ်ဦးချင်းစီ အသိစိတ်ဓာတ်တွေ ပြောင်းလဲသွားပြီဆိုရင်တော့ ကျွန်တော်တို့မြို့က အလို လိုသန့်ရှင်းသွားမှာပေါ့နော်။ အဲဒီလိုဖြစ်ဖို့ အချိန်အတိုင်းအတာတစ်ခုထိ ဆောင်ရွက်ရမှာပေါ့။ ရေရှည်ဖြစ်စေရေးနဲ့ပတ်သက်ပြီး လက်ဆင့်ကမ်းရမှာပေါ့။ ဥပမာ ကျွန်တော်တို့ဆို ဝန်ထမ်းတွေ သက်မှတ်ကာလတစ်ခုမှာပဲ တာဝန်ကျတဲ့နေရာမှာ ပြန်လည်ပြောင်းရွေ့ရမယ့် အနေအထားတွေရှိတာပေါ့နော်။ ကျွန်တော်တို့နေရာကို ဆက်ပြီးတာဝန်ယူတဲ့ပုဂ္ဂိုလ်တွေရော ဒီမှာအခြေချနေထိုင်နေတဲ့ လူမှုရေးအသင်းအဖွဲ့တွေရော တစ်လျောက်လုံးနေထိုင်သွားမယ့် ပြည်သူလူထုတွေရော သူတို့ကနေ လက်ဆင့်ကမ်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင်တော့ ရေရှည်ဆောင်ရွက်လို့ရမယ့်လုပ်ငန်းတွဖြေစ်ပါတယ်ခင်ဗျ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်ကွက်အလိုက် စုပေါင်းအမှိုက်ကောက်သည့် အစီအစဉ်ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးတီများနှင့် ရပ်ကွက်နပြေည်သူများ ပူးပေါင်းပြီး အင်အား (၃၀၀) ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့တောင်ကြီးပြည်နယ်အစိုးရရုံးမှာ ရှမ်းပြည်နယ်အနေနဲ့ သန့်ရှင်းသာယာတဲ့မြို့တစ်မြို့ရွေးမယ်ဆိုပြီးတော့ လွိုင်လင်ရယ်၊ ကလောရယ်၊ တာချီလိတ်ရယ် (၃) ခုရွေးတယ်ပေါ့။ အဲဒါနဲ့စပြီးလုပ်တော့ ကျွန်တော့် ရပ်ကွက်ကနေစလုပ်တာပေါ့။ ရပ်ကွက်နပြေည်သူတွေကိုလည်း အသိပေးတာပေါ့။ တစ်ကယ်လို့ရွေးခံရတယ် ဆိုရင်တော့ ကျွန်တော်တို့မြို့အတွက် ဂုဏ်တက်တာပေါ့။ အမှိုက်ကားပုံမှန်လာအောင် ကျွန်တော့်ဘက်ကတာဝန်ယူတယ်။ ရပ်ကွက်နပြေည်သူတွေက အမှိုက်ကားလာတဲ့အချိန်မှာ စောင့်ပြီးပစ်ပေးဖို့ပေါ့။ ပြီးရင်ချောင်းထဲတို့ လမ်းဘေးနေရာတို့ အမြင်မတင့်တဲ့နေရာမှာ ပြောရရင်အမှိုက်ကိုခိုးပြီးလာပစ်တဲ့နေရာမှာ ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ အရေးယူသွားတဲ့ အပိုင်းတွေလုပ်သွားဖို့ စီစဉ်ထားပါတယ်"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

စုပေါင်းအမှိုက်ကောက်သည့် အစီအစဉ်ကို ပထမ (၃) လပတ်တွင် အသိပညာပေးမှုနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး အမှိုက်ပုံးများေဝငှခြင်း၊ ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် သန့်ရှင်းသောရပ်ကွက်များကို ဆုပေးခြင်း၊ ဒဏ်ပေးခြင်းများကို အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လူတိုင်း လူတိုင်းပေါ့ လမ်းသွားရင်းနဲ့ အလွယ်တကူစွန့်ပစ်တာနဲ့စာရင် ကျွန်တော်တို့ သက်မှတ်တဲ့နေရာမှာ အမှိုက်ထုပ်လေးလေးတွေထုတ်ပြီးတော့မှ စွန့်ပစ်စေချင်ပါတယ်။ ဒီလိုမျိုးမြောင်းထဲမှာ အမှိုက်စွန့်ပစ်ခြင်းအားဖြင့် ရေသန့်ရှင်းမှုအားနည်းပါတယ်။ အနံ့အသက်တွေလည်း ပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်။ နောက်ဆုံးဒီအမှိုက်တွေက မယ်ဆိုင်ချောင်းထဲကိုရောက်ပြီး မဲခေါင်မြစ်ထဲကို ရောက်သွားတာဖြစ်ပါတယ်။ ကုန်းပေါ်နေတဲ့ လူတွေတင် ဒုက္ခရောက်တာ မဟုတ်ပါဘူး။ ရေနေသတ္တဝါတွေလည်း ဒုက္ခရောက်တဲ့အနေအထားဖြစ်ပါတယ်။ ရေမြောင်းထဲကို အလွယ်တကူ မစွန့်ပစ်စေချင်ပါဘူး"ဟု တာချီလိတ်မြို့စည်ပင်သာယာရေးကော်ဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

စုပေါင်းအမှိုက်ကောက်ခြင်းကို ယခင်က တာချီလိတ်မြို့တွင်း ရပ်ကွက်အလိုက်ဆောင်ရွက်ခဲ့မှုများရှိခဲ့သော်လည်း အချိန်တစ်နှစ်ခန့်အကြာတွင် လုပ်ငန်းရပ်နားသွားခဲ့ကြောင်း သိရသည်။

"၂၀၁၄ ခုနှစ်ကပေါ့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကိုယ့်ရပ်ကွက်သန့်ရှင်းချင်တဲ့စိတ်နဲ့ စပြီးကောက်တာပေါ့နော်။ ရပ်ကွက်ထဲက ဆယ်အိမ်မှုးတွေရယ်၊ ရာအိမ်မှုးတွေရယ် အမှိုက်ပုံရှိတဲ့နေရာလေးတွေမှာ စုပေါင်းပြီးကောက်ပြီးတော့ အမှိုက်ပုံသန့်ရှင်းရေးလုပ်ပြီးတော့ ဒီနားသန့်ရှင်းသွားရင်မပစ်အောင်ဆိုတဲ့စိတ်နဲ့ ကောက်ခဲ့တာပေါ့။ အစကတော့ ကျွန်တော်ရပ်ကွက်အနေနဲ့ကောက်တာပေါ့။ နောက်ကျတော့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေပါလာတော့ မြို့နယ်ထဲက လူမှုရေးအသင်းအဖွဲ့တွေပေါင်းပြီးတော့ ကောက်တာပေါ့။ တစ်နှစ်လောက်တော့ ကြာမယ်ထင်တယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းပေါ့။ ဒီတဟ်ခေါက်စနေမှာ ကျွန်တော့်ရပ်ကွက်ကောက်ရင် အခြားရပ်ကွက်တွေပါပေါင်းပြီးတော့ တစ်မြို့လုံးလုပ်ကြတာပေါ့"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

အပတ်စဉ်စနေနေ့တိုင်း အမှိုက်ကောက်မည့် အစီအစဉ်ကို မတ်လ (၉) ရက်နေ့က ဝမ်ကောင်းရပ်ကွက်တွင် စတင်ခဲ့ပြီး မတ်လ (၁၆) ရက်နေ့တွင် မကာအိုခမ်းရပ်ကွက် ဂေါ်သဇင်လမ်း၊ မတ်လ (၂၃) ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ဈေး၊ မတ်လ (၃၀) ရက်နေ့တွင် ဆေခမ်းရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ ဧပြီလ (၆) ရက်နေ့တွင် ပုန်းထွန်ရပ်ကွက် စိန်ပန်းလမ်း၊ ဧပြီလ (၁၃) ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေး၊ ဧပြီလ (၂၀) ရက်နေ့တွင် တာလော့ရပ်ကွက်၊ အလက(ခွဲ) ကျောင်းလမ်း၊ ဧပြီလ (၂၇) ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်၊ ပန်းခြံနှင့် အမှတ်(၂) တံတား၊ မေလ (၄) ရက်နေ့တွင် ပါဆတ်ရပ်ကွက်၊ ခိုတောင်ရွာဘေးရေချောင်း၊ မေလ (၁၁) ရက်နေ့တွင် ဆန်ဆိုင်း(က) ရပ်ကွက်၊ ဆန်ဆိုင်းဈေး၊ မေလ (၁၈) ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ ဗေဒါလမ်း၊ မေလ (၂၅) ရက်နေ့တွင် ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ရှမ်းရိုးမကွင်းတို့တွင် အသီးသီး အမှိုက်ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net