မုိင္းျဖတ္ - တာခ်ီလိတ္လမ္းတြင္ ေမာ္ေတာ္ယာဥ္အရွိန္လြန္ၿပီး လမ္းေဘးအုတ္တံတုိင္း ဝင္တုိက္၍ (၃)ဦး ဒဏ္ရာရ

မုိင္းျဖတ္ - တာခ်ီလိတ္လမ္းတြင္ ေမာ္ေတာ္ယာဥ္အရွိန္လြန္ၿပီး လမ္းေဘးအုတ္တံတုိင္း ဝင္တုိက္၍ (၃)ဦး ဒဏ္ရာရ
မတ် 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕ ဝမ္လံုးေက်းရြာအုပ္စု၊ ယမ္းခမ္းေက်းရြာတြင္ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္လြန္ကာ လမ္းေဘးေနအိမ္အုတ္တံတိုင္းကို ဝင္တုိက္တိမ္းေမွာက္၍ (၃)ဦးဒဏ္ရာရသြားသည့္အနက္ အမ်ိဳးသားတစ္ဦးမွာ ဒဏ္ရာျပင္းထန္ေၾကာင္း သိရသည္။

ယာဥ္ေမာင္း က်ိဳင္းဟုန္သည္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၁)ရက္ေန႔ ည (၇)နာရီ (၄၅)မိနစ္ဝန္းက်င္က မိုင္းျဖတ္ - တာခ်ီလိတ္ကားလမ္းအတိုင္း မုိင္းျဖတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ေမာင္းႏွင္လာစဥ္ မုိင္တုိင္အမွတ္ (၇၁၂/၇၁၃)Km ၾကား ယမ္းခမ္းေက်းရြာအတြင္းေရာက္ရိွစဥ္ လမ္းေဘးေနအိမ္၏ ၿခံစည္းရိုးအုတ္တံတုိင္းကို အရွိန္လြန္ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္တြင္ လုိက္ပါလာသည့္ ဦးေပါေထာက္ဟိန္းမွာ ဒဏ္ရာအျပင္းအထန္ရသြားၿပီး ေဒၚနန္းရွဲန္ႏွင့္ ေဒၚအီအုိင္တို႔တြင္ ဒဏ္ရာမ်ားရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရလူနာမ်ားအား မုိင္းျဖတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသမႈခံယူေစၿပီး ယာဥ္ေမာင္း က်ိဳင္းဟုန္ကို မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဖြတ် - တာချီလိတ်လမ်းတွင် မော်တော်ယာဉ်အရှိန်လွန်ပြီး လမ်းဘေးအုတ်တံတိုင်း ဝင်တိုက်၍ (၃)ဦး ဒဏ်ရာရ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ ယမ်းခမ်းကျေးရွာတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးနေအိမ်အုတ်တံတိုင်းကို ဝင်တိုက်တိမ်းမှောက်၍ (၃)ဦးဒဏ်ရာရသွားသည့်အနက် အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ယာဉ်မောင်း ကျိုင်းဟုန်သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်ဝန်းကျင်က မိုင်းဖြတ် - တာချီလိတ်ကားလမ်းအတိုင်း မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၇၁၂/၇၁၃)Km ကြား ယမ်းခမ်းကျေးရွာအတွင်းရောက်ရှိစဉ် လမ်းဘေးနေအိမ်၏ ခြံစည်းရိုးအုတ်တံတိုင်းကို အရှိန်လွန်ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ်တွင် လိုက်ပါလာသည့် ဦးပေါထောက်ဟိန်းမှာ ဒဏ်ရာအပြင်းအထန်ရသွားပြီး ဒေါ်နန်းရှဲန်နှင့် ဒေါ်အီအိုင်တို့တွင် ဒဏ်ရာများရသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရလူနာများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစေပြီး ယာဉ်မောင်း ကျိုင်းဟုန်ကို မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net