ဌာန(၁၀)ခု ပါ၀င္သည့္ OSS အဖြဲ႔က တာခ်ီလိတ္ၿမိဳ႕နယ္တြင္း ေက်းရြာအုပ္စုႏွစ္ခုတြင္ (၂၇၁)ဦးကို ၀န္ေဆာင္မႈေပးခဲ့

ဌာန(၁၀)ခု ပါ၀င္သည့္ OSS အဖြဲ႔က တာခ်ီလိတ္ၿမိဳ႕နယ္တြင္း ေက်းရြာအုပ္စုႏွစ္ခုတြင္ (၂၇၁)ဦးကို ၀န္ေဆာင္မႈေပးခဲ့
မတ် 19, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္ေက်းရြာမ်ားအလိုက္ ဌာန(၁၀)ခုပါ၀င္သည့္ OSS အဖြဲ႕မွ ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုႏွင့္ ၀မ္လံုးေက်းရြာအုပ္စုတြင္ လူဦးေရ (၂၇၁) ဦးကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့ေၾကာင္းသိရ၀ည္။

"တိုင္းရင္းသားေတြဆိုေတာ့ လာတာနည္းတယ္ဗ်"ဟု OSS အဖြဲ႕ေခါင္းေဆာင္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က မတ္လ (၁၉) ရက္၀မ္လံုးေက်းရြာတြင္ ကြင္းဆင္းေဆာင္ရြက္ေပးမႈကို တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

၀မ္လံုးေက်းရြာအုပ္စုတြင္ မတ္လ (၁၉) ရက္ေန႔က ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ (၂၃) ဦး၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူအင္အားဦးစီးဌာနမွ (၄၁) ဦး၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုတြင္ မတ္လ (၁၈) ရက္ေန႔က ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ (၆) ဦး၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူအင္အားဦးစီးဌာနမွ (၁၉၅) ဦးႏွင့္ က်န္းမာေရး၀န္ႀကီးဌာနမွ (၆) ဦးကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ မတ္လ(၂၁)ရက္ေန႔တြင္ ဖန္မင္ေက်းရြာအုပ္စု၊ မတ္လ(၂၂)ရက္ေန႔တြင္ မိုင္းကိုးေက်းရြာအုပ္စု၊ မတ္လ(၂၅)ရက္ေန႔တြင္ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအား မတ္လ(၂၆)ရက္ေန႔တြင္ လည္းေကာင္း၊ မတ္လ(၂၈)ရက္ေန႔တြင္ မိုင္းဟဲေက်းရြာအုပ္စုအတြင္း ၀န္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

One Stop Shop(OSS)  အဖြဲ႕တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရး ေကာ္မတီ၊ ျပန္/ထူ၊ လွ်ပ္စစ္၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနႏွင့္ က်န္းမာေရး၀န္ႀကီးဌာနတို႔ ပါ၀င္ကာ အဆိုပါ ဌာနမ်ားနွင့္ သက္ဆုိင္သည့္ ကိစၥရပ္မ်ားကို ခ်က္ခ်င္း ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ခ်က္ခ်င္းေဆာင္ရြက္၍ မျဖစ္ႏုိင္သည့္လုပ္ငန္းမ်ားကို  သက္ဆိုင္ရာ ဌာနမ်ားမွ ေလွ်ာက္လႊာမ်ားလက္ခံရယူၿပီး ေဆာင္ရြက္ၿပီးစီးပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးမ်ားမွ တစ္ဆင့္ ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္မွာ OSS ရံုးအေနျဖင့္ တစ္ႏွစ္တာ၀န္ေဆာင္မႈ (၈၃၀) ေက်ာ္သာေပးႏိုင္ခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလတစ္လထဲ ၿမိဳ႕ေပၚရပ္ကြက္ (၁၁) ရပ္ကြက္တြင္ကြင္းဆင္းေဆာင္ရြက္ခဲ့ရာတြင္ (၈၂၀)ေက်ာ္အထိ ၀န္ေဆာင္မႈေပးႏိုင္ခဲ့သျဖင့္ ျပည္သူလူထုအတြက္ ပိုမိုေကာင္းမြန္ေသာ၀န္ေဆာင္မႈမ်ား ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း ႏွင့္  ၿမိဳ႕ေပၚရပ္ကြက္မ်ားမွကြင္းဆင္းေဆာင္ရြက္မႈအေတြအႀကံဳမ်ားကို ေဆြးေႏြးညိႇႏိႈင္းၿပီး ေကာင္းမြန္ေသာ၀န္ေဆာင္မႈမ်ားေပးႏိုင္ရန္ OSS အေနျဖင့္ျပင္ဆင္ေဆာင္ရြက္ထားေၾကာင္းသိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများအလိုက် ဌာန(၁၀)ခုပါဝင်သည့် OSS အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် ဝမ်လုံးကျေးရွာအုပ်စုတွင် လူဦးရေ (၂၇၁) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်းသိရဝည်။

"တိုင်းရင်းသားတွေဆိုတော့ လာတာနည်းတယ်ဗျ"ဟု OSS အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က မတ်လ (၁၉) ရက်ဝမ်လုံးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးမှုကို တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဝမ်လုံးကျေးရွာအုပ်စုတွင် မတ်လ (၁၉) ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၂၃) ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနမှ (၄၁) ဦး၊ လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် မတ်လ (၁၈) ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၆) ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနမှ (၁၉၅) ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ (၆) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မတ်လ(၂၁)ရက်နေ့တွင် ဖန်မင်ကျေးရွာအုပ်စု၊ မတ်လ(၂၂)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မတ်လ(၂၅)ရက်နေ့တွင် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအား မတ်လ(၂၆)ရက်နေ့တွင် လည်းကောင်း၊ မတ်လ(၂၈)ရက်နေ့တွင် မိုင်းဟဲကျေးရွာအုပ်စုအတွင်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

One Stop Shop(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ပြန်/ထူ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်မှာ OSS ရုံးအနဖြေင့် တစ်နှစ်တာဝန်ဆောင်မှု (၈၃၀) ကျော်သာပေးနိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတစ်လထဲ မြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက်တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် (၈၂၀)ကျော်အထိ ဝန်ဆောင်မှုပေးနိုင်ခဲ့သဖြင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း နှင့် မြို့ပေါ်ရပ်ကွက်များမှကွင်းဆင်းဆောင်ရွက်မှုအတွေအကြုံများကို ဆွေးနွေးညှိနှိုင်းပြီး ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် OSS အနဖြေင့်ပြင်ဆင်ဆောင်ရွက်ထားကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net