ထုိင္းႏုိင္ငံရိွ ျမန္မာဒုကၡသည္စခန္းမီးေလာင္မႈမွာ ေျပာင္းဖူးကင္ရာမွ စတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွ

ထုိင္းႏုိင္ငံရိွ ျမန္မာဒုကၡသည္စခန္းမီးေလာင္မႈမွာ ေျပာင္းဖူးကင္ရာမွ စတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွ
မတ် 6, 2019
By 🌸
ျမန္မာႏိုင္ငံႏွင့္နယ္စပ္ ထုိင္းႏုိင္ငံ တာ့ခ္ခရိုင္ရိွ အုန္းဖန္ရိွ ျမန္မာဒုကၡသည္စခန္းအတြင္း အိမ္ေျခ (၁၀၀)နီးပါး ပ်က္စီးသြားသည့္ မီးေလာင္မႈျဖစ္ပြားရျခင္းမွာ ေျပာင္းဖူးကင္ရာမွ အိမ္အမိုးထိ မီးေတာက္တက္သြားကာ စတင္ေလာင္ကၽြမ္းသြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္ဟု ထုိင္းႏုိင္ငံ The Nation သတင္းတြင္ ေဖၚျပထားသည္။

ျမန္မာဒုုကၡသည္စခန္းတစ္ခုုျဖစ္သည့္ ႏုုိ႔ဖုုိးဒုုကၡသည္စခန္းတြင္ ၂၀၁၉ ခုႏွစ္ မတ္လ (၄)ရက္ေန႔ ေန႔လယ္ (၁)နာရီ (၄၀)မိနစ္ဝန္းက်င္က မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ တာဝန္ရိွသူမ်ားက မီးေလာင္ကၽြမ္းရသည့္ အေၾကာင္းရင္းသိရိွရန္ သက္ေသအေထာက္အထားရွာေဖြစစ္ေဆးမႈကို ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္နာရီေက်ာ္ၾကာျမင့္ခဲ့သည့္ မီးေလာင္ကၽြမ္းမႈေၾကာင့္ ဒုကၡသည္စခန္း ဇုန္ 16A ႏွင့္ ဇုန္ 16 B ရိွ တဲအိမ္အလံုးေရ (၁၀၀) ဆံုးရံႈးသြားၿပီး လူဦးေရ (၃၀၀)နီးပါးမွာ အိုးအိမ္မဲ့ျဖစ္သြားရေၾကာင္း သိရသည္။

ေနအိမ္မီးထဲပါသြားသူအမ်ားစုမွာ စခန္းတာဝန္ရိွသူမ်ားႏွင့္ စခန္းလံုၿခံဳေရးတာဝန္ယူထားသည့္ တပ္ဖြဲ႕တုိ႔က ေနရာခ်ထားေပးသည့္ ယာယီတဲမ်ားတြင္ ေနထိုင္ေနၾကၿပီး အခ်ိဳ႕မွာ မိသားစု၊ ေဆြမ်ိဳးမ်ားထံ သြားေရာက္ေနထုိင္ေနၾကေၾကာင္း သိရသည္။

ပ်က္စီးသြားသည့္ေနအိမ္မ်ား ျပန္လည္ေဆာက္လုပ္ေပးရန္ ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီးမ်ားရံုးက စီစဥ္ေနေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းခ်ိန္တြင္ စခန္း၌ မီးၿငိမ္းသတ္ရန္ ေရအလံုအေလာက္မရိွမႈႏွင့္ မီးသတ္ဗူးမ်ားမရိွသည့္အတြက္ ၿငိႇမ္းသတ္ႏုိင္ျခင္းမရိွခဲ့ေၾကာင္း စခန္းတြင္ ေနထုိင္သူမ်ားက ေျပာဆိုေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းမီးလောင်မှုမှာ ပြောင်းဖူးကင်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
*************
မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ အုန်းဖန်ရှိ မြန်မာဒုက္ခသည်စခန်းအတွင်း အိမ်ခြေ (၁၀၀)နီးပါး ပျက်စီးသွားသည့် မီးလောင်မှုဖြစ်ပွားရခြင်းမှာ ပြောင်းဖူးကင်ရာမှ အိမ်အမိုးထိ မီးတောက်တက်သွားကာ စတင်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်ဟု ထိုင်းနိုင်ငံ The Nation သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် နို့ဖိုးဒုက္ခသည်စခန်းတွင် ၂၀၁၉ ခုနှစ် မတ်လ (၄)ရက်နေ့ နေ့လယ် (၁)နာရီ (၄၀)မိနစ်ဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများက မီးလောင်ကျွမ်းရသည့် အကြောင်းရင်းသိရှိရန် သက်သေအထောက်အထားရှာဖွေစစ်ဆေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နာရီကျော်ကြာမြင့်ခဲ့သည့် မီးလောင်ကျွမ်းမှုကြောင့် ဒုက္ခသည်စခန်း ဇုန် 16A နှင့် ဇုန် 16 B ရှိ တဲအိမ်အလုံးရေ (၁၀၀) ဆုံးရှုံးသွားပြီး လူဦးရေ (၃၀၀)နီးပါးမှာ အိုးအိမ်မဲ့ဖြစ်သွားရကြောင်း သိရသည်။

နေအိမ်မီးထဲပါသွားသူအများစုမှာ စခန်းတာဝန်ရှိသူများနှင့် စခန်းလုံခြုံရေးတာဝန်ယူထားသည့် တပ်ဖွဲ့တို့က နေရာချထားပေးသည့် ယာယီတဲများတွင် နေထိုင်နေကြပြီး အချို့မှာ မိသားစု၊ ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြကြောင်း သိရသည်။

ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးက စီစဉ်နေကြောင်း သိရသည်။

မီးလောင်ကျွမ်းချိန်တွင် စခန်း၌ မီးငြိမ်းသတ်ရန် ရေအလုံအလောက်မရှိမှုနှင့် မီးသတ်ဗူးများမရှိသည့်အတွက် ငြှိမ်းသတ်နိုင်ခြင်းမရှိခဲ့ကြောင်း စခန်းတွင် နေထိုင်သူများက ပြောဆိုကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net