မေလးရွားသြားရန္ ထုိင္းႏုိင္ငံတြင္း ခိုးဝင္လာသည့္ ျမန္မာႏုိင္ငံသား (၁၀)ဦးႏွင့္ ပို႔ေဆာင္ေပးသူ (၃)ဦးကို ဖမ္းဆီးရမိ

မေလးရွားသြားရန္ ထုိင္းႏုိင္ငံတြင္း ခိုးဝင္လာသည့္ ျမန္မာႏုိင္ငံသား (၁၀)ဦးႏွင့္ ပို႔ေဆာင္ေပးသူ (၃)ဦးကို ဖမ္းဆီးရမိ
မတ် 12, 2019
By 🌸
ထုိင္းနုိင္ငံ ဟတ္ယိုင္ခရိုင္တြင္ မေလးရွားသြားမည့္ ျမန္မာႏုိင္ငံသား (၁၀)ဦးကို ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္မႈျဖင့္ဖမ္းဆီးလုိက္ေၾကာင္း ထုိင္းလူဝင္မႈႀကီးၾကပ္ေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၁)ရက္ေန႔က ေဖၚျပထားသည္။

မေလးရွားသြားရန္ခိုးဝင္လာသည့္ ျမန္မာႏုိင္ငံသား (၁၀)ဦးႏွင့္အတူ ကူညီေပးသည့္ ထုိင္းနိုင္ငံသား (၂)ဦးႏွင့္ ျမန္မာႏုိင္ငံသား(၁)ဦးတို႔ကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ခိုးဝင္လာသူမ်ားသည္ ျမန္မာႏုိင္ငံ ရေနာင္းမွတစ္ဆင့္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာၾကျခင္းျဖစ္ၿပီး ထုိင္းႏုိင္ငံနယ္စပ္မွ မေလးရွားသို႔သြားေရာက္ၾကရန္စီစဥ္ေနၾကျခင္းျဖစ္ၿပီး ပို႔ေဆာင္ေပးသည့္ ပြဲစားမ်ားက တစ္ဦးလွ်င္ အက်ိဳးေဆာင္ခ ဘတ္ (၂၅၀၀)ရယူေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား(၁၀)ဦးကို ႏုိင္ငံတြင္း တရားမဝင္ဝင္ေရာက္မႈျဖင့္ အေရးယူမည္ျဖစ္ၿပီး အက်ိဳးေဆာင္ကူညီသူ(၃)ဦးကို တရားမဝင္ ဝင္ေရာက္လာသူမ်ားအား ကူညီေပးမႈျဖင့္ အေရးယူမည္ျဖစ္ေၾကာငး္ သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားသွားရန် ထိုင်းနိုင်ငံတွင်း ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၁၀)ဦးနှင့် ပို့ဆောင်ပေးသူ (၃)ဦးကို ဖမ်းဆီးရမိ
************
ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်တွင် မလေးရှားသွားမည့် မြန်မာနိုင်ငံသား (၁၀)ဦးကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်ဖမ်းဆီးလိုက်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့က ဖေါ်ပြထားသည်။

မလေးရှားသွားရန်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၁၀)ဦးနှင့်အတူ ကူညီပေးသည့် ထိုင်းနိုင်ငံသား (၂)ဦးနှင့် မြန်မာနိုင်ငံသား(၁)ဦးတို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ခိုးဝင်လာသူများသည် မြန်မာနိုင်ငံ ရနောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်မှ မလေးရှားသို့သွားရောက်ကြရန်စီစဉ်နေကြခြင်းဖြစ်ပြီး ပို့ဆောင်ပေးသည့် ပွဲစားများက တစ်ဦးလျှင် အကျိုးဆောင်ခ ဘတ် (၂၅၀၀)ရယူဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား(၁၀)ဦးကို နိုင်ငံတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် အရေးယူမည်ဖြစ်ပြီး အကျိုးဆောင်ကူညီသူ(၃)ဦးကို တရားမဝင် ဝင်ရောက်လာသူများအား ကူညီပေးမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net