အမ်ိဳးသားဥယ်ာဥ္အတြင္း အမဲလုိက္မႈျဖင့္ တရားစြဲခံရသည့္ ထုိင္းအရာရိွတစ္ဦးအပါအဝင္ (၁၃)ဦးအဖြဲ႕မွ ျမန္မာႏုိင္ငံသားတစ္ဦး ျပစ္ဒဏ္အျမင့္ဆံုးခ်မွတ္ခံရ

အမ်ိဳးသားဥယ်ာဥ္အတြင္း အမဲလုိက္မႈျဖင့္ တရားစြဲခံရသည့္ ထုိင္းအရာရိွတစ္ဦးအပါအဝင္ (၁၃)ဦးအဖြဲ႕မွ ျမန္မာႏုိင္ငံသားတစ္ဦး ျပစ္ဒဏ္အျမင့္ဆံုးခ်မွတ္ခံရ
မတ် 7, 2019
By 🌸
ထုိင္းႏုိင္ငံ ကန္ခ်နဘူရီရိွ ဆြတ္ယိုင္အမ်ိဳးသားဥယ်ာဥ္အတြင္း အမဲလုိက္ရန္ ထုိင္းအရာရိွတစ္ဦးပါဝင္သည့္အဖြဲ႕က ငွားရမ္းသျဖင့္ ဝက္ဝံပစ္ခတ္ခဲ့သူ ျမန္မာႏုိင္ငံသားမွာ ေထာင္ဒဏ္ (၃)ႏွစ္ႏွင့္ (၇)လခ်မွတ္ခံလုိက္ရေသာ္လည္း ၎အား ငွားရမ္းေစခိုင္းခဲ့သူ ထုိင္းအရာရိွအပါအဝင္က်န္အဖြဲ႕ဝင္မ်ားမွာ ျပစ္ဒဏ္အနည္းငယ္စီသာ ခ်မွတ္ခံရေၾကာင္း ဘန္ေကာက္ပို႔စ္၏ မတ္လ (၆)ရက္ေန႔သတင္းအရ သိရသည္။

အမ်ိဳးသားဥယ်ာဥ္ဧရိယာအတြင္း အမဲလုိက္မႈျဖင့္ ဒုခရိုင္အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ ထုိင္းနိုင္ငံသား(၁၂)ဦးႏွင့္ ၎တို႔အဖြဲ႕ႏွင့္အတူ အမဲလုိက္ရန္ငွားရမ္းခဲ့သည့္ ျမန္မာႏုိင္ငံသားတစ္ဦးတုိ႔ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၇)ရက္ေန႔က အမ်ိဳးသားဥယ်ာဥ္အတြင္းမွ ဝက္ဝံတစ္ေကာင္အား ပစ္သတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္သည္။

အဆိုပါအဖြဲ႕ထံမွ ရိုင္ဖယ္တစ္လက္၊ ပစၥတိုတစ္လက္၊ ခဲယမ္းမ်ားႏွင့္ ဝက္ဝံ၏ေျခလက္ေလးခုတို႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရၿပီး ပစ္သတ္ခံရသည့္ ဝက္ဝံအမ်ိဳးအစားသည္ သဘာဝေတာရိုင္း တိရစၦာန္ထိန္းသိမ္းေစာင့္ေရွာက္ေရးဥပေဒအရ ကာကြယ္ထားသည့္ မ်ိဳးစိတ္တြင္ပါဝင္ေၾကာင္း သိရသည္။

အဆိုပါဝက္ဝံအားပစ္ခတ္သည့္ ေတာလုိ္က္အဖြဲ႕တြင္ပါဝင္သည့္ (၁၃)ဦးအနက္ ျပစ္မႈေျမာက္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည့္ ျမန္မာႏုိင္ငံသားတစ္ဦးႏွင့္ ထုိင္းနုိင္ငံသား (၄)ဦးႏွင့္ ထုိင္းႏုိင္ငံသူ (၂)ဦး စုစုေပါင္း (၇)ဦးကို အမိန္႔ခ်မွတ္လုိက္ၿပီး  ဒုခရိုင္အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ (၆)ဦးမွာ စြဲခ်က္မ်ားကိုျငင္းဆိုုထားဆဲျဖစ္ကာ ၎တို႔အား ဧၿပီ (၂၂)ရက္ေန႔တြင္ အမိန္႔ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားက ထြက္ဆိုရာတြင္ ၎အားငွားရမ္းခဲ့သည့္ ထုိင္းအရာရိွ၏ လက္ေထာက္ႏွစ္ဦးက ဝက္ဝံအားပစ္ခတ္ခုိင္းသျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုခဲ့ေၾကာင္း သိရသည္။

ဝက္ဝံအားပစ္ခတ္သူျဖစ္သည့္ ျမန္မာႏုိင္ငံသားကို ကန္ခ်နပူရီျပည္နယ္တရားရံုးက ၂၀၁၉ ခုႏွစ္၊ မတ္လ (၆) ရက္ေန႔၌ ေထာင္ဒဏ္ (၇)ႏွစ္ႏွင့္ (၂)လ ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီးေနာက္ ေထာင္ဒဏ္ (၃)ႏွစ္ (၂)လႏွင့္ ေငြဒဏ္ ဘတ္ (၂၀၀၀)သို႔ ေျပာင္းလဲခ်မွတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံသူ(၁)ဦးႏွင့္ ထုိင္းႏုိင္ငံသား (၂)ဦးတုိ႔ကို ေထာင္ဒဏ္ (၃)လ (၁၅)ရက္စီႏွင့္ ေငြဒဏ္ ဘတ္(၃၀၀၀)စီကိုလည္းေကာင္း၊ ထုိင္းႏုိင္ငံသားတစ္ဦးကို ေထာင္ဒဏ္ (၁၅)ရက္ႏွင့္ ေငြဒဏ္ (၂၇၅၀)ဘတ္ကိုလည္းေကာင္း၊ က်န္ထုိင္းႏိုင္ငံသူတစ္ဦးႏွင့္ ထိင္းႏုိင္ငံသားတစ္ဦးတုိ႔ကို ေထာင္ဒဏ္ (၁၅)ရက္စီႏွင့္ ေငြဒဏ္ ဘတ္ (၇၅၀)စီတုိ႔ကို အသီးသီးျပစ္ဒဏ္ခ်မွတ္လုိက္ေၾကာင္း သိရသည္။

ဒုခရို္င္အုပ္ခ်ဳပ္ေရးမွဴးမွာ အဆိုပါျဖစ္ရပ္ေၾကာင့္ တာဝန္မွ ယာယီရပ္ဆုိင္းခံခဲ့ရေၾကာင္း သိရသည္။

အမ်ိဳးဥယ်ာဥ္တာဝန္ရိွသူမ်ားက အဖြဲ႕လုိက္ဝင္ေရာက္လည္ပတ္ခြင့္ေပးထားခဲ့ျခင္းမရိွေသာ္လည္း ဥယ်ာဥ္အတြင္း ခ်က္ျပဳတ္စားေသာက္ထားသည့္ေနရာတစ္ခုႏွင့္ ေတာရိုင္းတိရစၦာန္အၾကြင္းအက်န္အစအနမ်ားေတြ႔ရာမွ ဝက္ဝံအမဲလုိက္သူမ်ားကို ရဲတပ္ဖြဲ႕က စံုစမ္းေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘာသာျပန္သတင္း #ဇာႏွင္း
Ref:Bangkokpost,Thaipbs

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အမျိုးသားဥယျာဉ်အတွင်း အမဲလိုက်မှုဖြင့် တရားစွဲခံရသည့် ထိုင်းအရာရှိတစ်ဦးအပါအဝင် (၁၃)ဦးအဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦး ပြစ်ဒဏ်အမြင့်ဆုံးချမှတ်ခံရ
**********
ထိုင်းနိုင်ငံ ကန်ချနဘူရီရှိ ဆွတ်ယိုင်အမျိုးသားဥယျာဉ်အတွင်း အမဲလိုက်ရန် ထိုင်းအရာရှိတစ်ဦးပါဝင်သည့်အဖွဲ့က ငှားရမ်းသဖြင့် ဝက်ဝံပစ်ခတ်ခဲ့သူ မြန်မာနိုင်ငံသားမှာ ထောင်ဒဏ် (၃)နှစ်နှင့် (၇)လချမှတ်ခံလိုက်ရသော်လည်း ၎င်းအား ငှားရမ်းစေခိုင်းခဲ့သူ ထိုင်းအရာရှိအပါအဝင်ကျန်အဖွဲ့ဝင်များမှာ ပြစ်ဒဏ်အနည်းငယ်စီသာ ချမှတ်ခံရကြောင်း ဘန်ကောက်ပို့စ်၏ မတ်လ (၆)ရက်နေ့သတင်းအရ သိရသည်။

အမျိုးသားဥယျာဉ်ဧရိယာအတွင်း အမဲလိုက်မှုဖြင့် ဒုခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ထိုင်းနိုင်ငံသား(၁၂)ဦးနှင့် ၎င်းတို့အဖွဲ့နှင့်အတူ အမဲလိုက်ရန်ငှားရမ်းခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးတို့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့က အမျိုးသားဥယျာဉ်အတွင်းမှ ဝက်ဝံတစ်ကောင်အား ပစ်သတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါအဖွဲ့ထံမှ ရိုင်ဖယ်တစ်လက်၊ ပစ္စတိုတစ်လက်၊ ခဲယမ်းများနှင့် ဝက်ဝံ၏ခြေလက်လေးခုတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရပြီး ပစ်သတ်ခံရသည့် ဝက်ဝံအမျိုးအစားသည် သဘာဝတောရိုင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအရ ကာကွယ်ထားသည့် မျိုးစိတ်တွင်ပါဝင်ကြောင်း သိရသည်။

အဆိုပါဝက်ဝံအားပစ်ခတ်သည့် တောလိုက်အဖွဲ့တွင်ပါဝင်သည့် (၁၃)ဦးအနက် ပြစ်မှုမြောက်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသား (၄)ဦးနှင့် ထိုင်းနိုင်ငံသူ (၂)ဦး စုစုပေါင်း (၇)ဦးကို အမိန့်ချမှတ်လိုက်ပြီး  ဒုခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် (၆)ဦးမှာ စွဲချက်များကိုငြင်းဆိုထားဆဲဖြစ်ကာ ၎င်းတို့အား ဧပြီ (၂၂)ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားက ထွက်ဆိုရာတွင် ၎င်းအားငှားရမ်းခဲ့သည့် ထိုင်းအရာရှိ၏ လက်ထောက်နှစ်ဦးက ဝက်ဝံအားပစ်ခတ်ခိုင်းသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဝက်ဝံအားပစ်ခတ်သူဖြစ်သည့် မြန်မာနိုင်ငံသားကို ကန်ချနပူရီပြည်နယ်တရားရုံးက ၂၀၁၉ ခုနှစ်၊ မတ်လ (၆) ရက်နေ့၌ ထောင်ဒဏ် (၇)နှစ်နှင့် (၂)လ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ် (၃)နှစ် (၂)လနှင့် ငွေဒဏ် ဘတ် (၂၀၀၀)သို့ ပြောင်းလဲချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသူ(၁)ဦးနှင့် ထိုင်းနိုင်ငံသား (၂)ဦးတို့ကို ထောင်ဒဏ် (၃)လ (၁၅)ရက်စီနှင့် ငွေဒဏ် ဘတ်(၃၀၀၀)စီကိုလည်းကောင်း၊ ထိုင်းနိုင်ငံသားတစ်ဦးကို ထောင်ဒဏ် (၁၅)ရက်နှင့် ငွေဒဏ် (၂၇၅၀)ဘတ်ကိုလည်းကောင်း၊ ကျန်ထိုင်းနိုင်ငံသူတစ်ဦးနှင့် ထိင်းနိုင်ငံသားတစ်ဦးတို့ကို ထောင်ဒဏ် (၁၅)ရက်စီနှင့် ငွေဒဏ် ဘတ် (၇၅၀)စီတို့ကို အသီးသီးပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ဒုခရိုင်အုပ်ချုပ်ရေးမှူးမှာ အဆိုပါဖြစ်ရပ်ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရကြောင်း သိရသည်။

အမျိုးဥယျာဉ်တာဝန်ရှိသူများက အဖွဲ့လိုက်ဝင်ရောက်လည်ပတ်ခွင့်ပေးထားခဲ့ခြင်းမရှိသော်လည်း ဥယျာဉ်အတွင်း ချက်ပြုတ်စားသောက်ထားသည့်နေရာတစ်ခုနှင့် တောရိုင်းတိရစ္ဆာန်အကြွင်းအကျန်အစအနများတွေ့ရာမှ ဝက်ဝံအမဲလိုက်သူများကို ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာသာပြန်သတင်း #ဇာနှင်း
Ref:Bangkokpost,Thaipbs

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net