မေကြးတုိင္းအတြင္း ေရရရိွေရးလုပ္ငန္းေပါင္း(၁၂၃)ခုအတြက္ က်ပ္သန္းေပါင္း (၂၃၆၀) ေက်ာ္ခြင့္ျပဳထား

မေကြးတုိင္းအတြင္း ေရရရိွေရးလုပ္ငန္းေပါင္း(၁၂၃)ခုအတြက္ က်ပ္သန္းေပါင္း (၂၃၆၀) ေက်ာ္ခြင့္ျပဳထား
မတ် 1, 2019
By 🌸
ေႏြရာသီေသာက္သုံးေရရွားပါမႈအျဖစ္မ်ားသည့္ မေကြးတုိင္းေဒသႀကီးအတြင္း ေရရွိေရးလုပ္ငန္း (၁၂၃)ခုကို  ၂၀၁၉ ခုႏွစ္၊ မိုးရာသီမေရာက္မီ အၿပီးသတ္ေဆာင္ရြက္ရန္ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနကို ရန္ပံုေငြ က်ပ္သန္းေပါင္း (၂၃၆၀)ေက်ာ္ခြင့္ျပဳထားေၾကာင္း သိရသည္။

ေရရွားပါးသည့္ေက်းရြာမ်ားအလုိက္ သင့္ေလ်ာ္သည့္ ေရရရိွေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရန္ လုပ္ငန္းေဖၚေဆာင္မည့္ ေက်းရြာႏွင့္ လုပ္ငန္းအမ်ိဳးအစားတုိ႔ကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနတို႔ ညိႇႏိႈင္းေရြးခ်ယ္ၿပီး တုိင္းေဒသႀကီးအစိုးရထံ တင္ျပေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “ရာသီတုေဖာက္ျပန္မႈေၾကာင့္ ေက်းရြာေတြမွာ အေရးေပၚ ေရရွားပါးမႈေတြ ႀကဳံေတြ႔လာရင္လည္း အျမန္ဆုံး ေဆာင္ရြက္ေပးသြားမွာပါ”ဟု တိုင္းေဒသႀကီး ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာန ဦးစီးမွဴး ဦးမ်ိဳးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၈)ရက္ေန႔က ေျပာသည္။
ယခင္ႏွစ္က ေရရွားပါးမႈႀကံဳခဲ့ရသည့္ေက်းရြာမ်ားကို ဦးစားေပးေရြးခ်ယ္ၿပီး တြင္းနက္စက္ေရတြင္း (၇၄)တြင္း၊ တြင္းတိမ္စက္ေရတြင္း (၃)တြင္း၊ လက္တူးတြင္း(၂)တြင္း၊ ေျမသားေရကန္(၆)ကန္၊ စိမ့္စမ္းေရသြယ္ယူျခင္း လုပ္ငန္း(၅)ခု၊ အျခား ေရရရွိေရးလုပ္ငန္း(၃၃)ခု စုစုေပါင္း ေရရွိေရးလုပ္ငန္းေပါင္း(၁၂၃)ခုကုိ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

စက္ေရတြင္းတူးေဖာ္ျခင္းလုပ္ငန္းတြင္ ဂါလံ (၂၄၀၀)ဆံ့ေရစင္(သုိ႔မဟုတ္) ဂါလံ (၅၀၀၀)ဆံ့ အုတ္ေရကန္နွင့္ ေရစက္တစ္ခုစီ၊ ေျမသားေရကန္တူးေဖာ္ျခင္းလုပ္ငန္းတြင္ ျခံစည္းရုိးခတ္ျခင္းႏွင့္ လက္နွိပ္ တုံကင္တပ္ဆင္ျခင္း၊ လက္တူးတြင္းတူးေဖာ္ျခင္းလုပ္ငန္းတြင္ ျခံစည္းရိုးခတ္ျခင္းႏွင့္ လက္ႏွိပ္ တုံကင္တပ္ဆပ္ျခင္း၊ စိမ့္စမ္းေရသြယ္ယူျခင္းလုပ္ငန္းတြင္ ေရတားတမံတည္ေဆာက္ျခင္း၊ ေရပုိက္လုိင္းသြယ္တန္းျခင္းႏွင့္ ဂါလံ(၅၀၀၀)ဆံ့ အုတ္ေရကန္လုပ္ငန္းမ်ားပါဝင္ကာ  အခ်ိဳ႕ေက်းရြာမ်ားတြင္ အိမ္တိုင္ရာေရာက္ ေရပုိက္လိုင္းသြယ္တန္းျခင္းလုပ္ငန္းမ်ားလည္း ပါရိွေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု - ေက်းလက္ဦးစီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းအတွင်း ရေရရှိရေးလုပ်ငန်းပေါင်း(၁၂၃)ခုအတွက် ကျပ်သန်းပေါင်း (၂၃၆၀) ကျော်ခွင့်ပြုထား
****************
နွေရာသီသောက်သုံးရေရှားပါမှုအဖြစ်များသည့် မကွေးတိုင်းဒေသကြီးအတွင်း ရေရှိရေးလုပ်ငန်း (၁၂၃)ခုကို  ၂၀၁၉ ခုနှစ်၊ မိုးရာသီမရောက်မီ အပြီးသတ်ဆောင်ရွက်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ရန်ပုံငွေ ကျပ်သန်းပေါင်း (၂၃၆၀)ကျော်ခွင့်ပြုထားကြောင်း သိရသည်။

ရေရှားပါးသည့်ကျေးရွာများအလိုက် သင့်လျော်သည့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းဖေါ်ဆောင်မည့် ကျေးရွာနှင့် လုပ်ငန်းအမျိုးအစားတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ညှိနှိုင်းရွေးချယ်ပြီး တိုင်းဒေသကြီးအစိုးရထံ တင်ပြဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 “ရာသီတုဖောက်ပြန်မှုကြောင့် ကျေးရွာတွေမှာ အရေးပေါ် ရေရှားပါးမှုတွေ ကြုံတွေ့လာရင်လည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာပါ”ဟု တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့က ပြောသည်။
ယခင်နှစ်က ရေရှားပါးမှုကြုံခဲ့ရသည့်ကျေးရွာများကို ဦးစားပေးရွေးချယ်ပြီး တွင်းနက်စက်ရေတွင်း (၇၄)တွင်း၊ တွင်းတိမ်စက်ရေတွင်း (၃)တွင်း၊ လက်တူးတွင်း(၂)တွင်း၊ မြေသားရေကန်(၆)ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း(၅)ခု၊ အခြား ရေရရှိရေးလုပ်ငန်း(၃၃)ခု စုစုပေါင်း ရေရှိရေးလုပ်ငန်းပေါင်း(၁၂၃)ခုကို လုပ်ဆောင်နေကြောင်း သိရသည်။

စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် ဂါလံ (၂၄၀၀)ဆံ့ရေစင်(သို့မဟုတ်) ဂါလံ (၅၀၀၀)ဆံ့ အုတ်ရေကန်နှင့် ရေစက်တစ်ခုစီ၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ် တုံကင်တပ်ဆင်ခြင်း၊ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းတွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ် တုံကင်တပ်ဆပ်ခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းတွင် ရေတားတမံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်လုပ်ငန်းများပါဝင်ကာ  အချို့ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများလည်း ပါရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ - ကျေးလက်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~