ဖူးခက္ရိွ နာမည္ေက်ာ္ ဘုရားေက်ာင္းဝန္းအတြင္း Pre – wedding ရုိက္ကူးေနသည့္ တရုတ္ဓါတ္ပံုဆရာမ်ား အဖမ္းခံရ

ဖူးခက္ရိွ နာမည္ေက်ာ္ ဘုရားေက်ာင္းဝန္းအတြင္း Pre – wedding ရုိက္ကူးေနသည့္ တရုတ္ဓါတ္ပံုဆရာမ်ား အဖမ္းခံရ
မတ် 7, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ တရားဝင္အလုပ္လုပ္ကိုင္ခြင့္မရိွဘဲ Pre – wedding ရိုက္ကူးေရးအဖြဲ႕၌ ဓါတ္ပံုဆရာႏွင့္ လက္ေထာက္မ်ားအျဖစ္ အလုပ္လုပ္ေနသည့္ တရုတ္ႏုိင္ငံသား (၃)ဦးကို Pre – wedding ရိုက္ကူးမႈအတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ေၾကာင္း The Nation သတင္းဌာနက ၂၀၁၉ ခုႏွစ္ မတ္လ (၆)ရက္ေန႔သတင္းတြင္ ေဖၚျပထားသည္။

ဖမ္းဆီးခံရသူမ်ားသည္ ဖူးခက္ရိွ နာမည္ေက်ာ္ ခ်င္ေလာင္းဘုရားေက်ာင္းဝန္းအတြင္း စံုတြဲ (၃)တြဲကို Pre-wedding ရိုက္ကူးေနစဥ္ ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါရိုက္ကူးေရးအဖြဲ႕မွာ ထုိင္းႏိုင္ငံသားမ်ားလုပ္ကိုင္ေနျခင္းျဖစ္ၿပီး တရားဝင္အလုပ္လုပ္ကိုင္ခြင့္ရယူထားျခင္းမရိွသည့္ တရုတ္ႏုိင္ငံသား (၃)ဦး ပါဝင္သျဖင့္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္နုိင္ငံသား(၃)ဦးကို တရားမဝင္အလုပ္လုပ္ကိုင္မႈျဖင့္ ခ်င္ေလာင္းရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဘာသာျပန္သတင္း #ဇာႏွင္း
Ref:The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖူးခက်ရှိ နာမည်ကျော် ဘုရားကျောင်းဝန်းအတွင်း Pre – wedding ရိုက်ကူးနေသည့် တရုတ်ဓါတ်ပုံဆရာများ အဖမ်းခံရ
***********
ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ Pre – wedding ရိုက်ကူးရေးအဖွဲ့၌ ဓါတ်ပုံဆရာနှင့် လက်ထောက်များအဖြစ် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား (၃)ဦးကို Pre – wedding ရိုက်ကူးမှုအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း The Nation သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ (၆)ရက်နေ့သတင်းတွင် ဖေါ်ပြထားသည်။

ဖမ်းဆီးခံရသူများသည် ဖူးခက်ရှိ နာမည်ကျော် ချင်လောင်းဘုရားကျောင်းဝန်းအတွင်း စုံတွဲ (၃)တွဲကို Pre-wedding ရိုက်ကူးနေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရိုက်ကူးရေးအဖွဲ့မှာ ထိုင်းနိုင်ငံသားများလုပ်ကိုင်နေခြင်းဖြစ်ပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရယူထားခြင်းမရှိသည့် တရုတ်နိုင်ငံသား (၃)ဦး ပါဝင်သဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား(၃)ဦးကို တရားမဝင်အလုပ်လုပ်ကိုင်မှုဖြင့် ချင်လောင်းရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဘာသာပြန်သတင်း #ဇာနှင်း
Ref:The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net