တာခ်ီလိတ္ေလထုအရည္အေသြးက်ဆင္းေနသျဖင့္ အသက္ရႈလမ္းေၾကာင္းဆုိင္ရာေရာဂါမ်ား သတိထားရန္ အသိေပးႏိႈးေဆာ္ထား

တာခ်ီလိတ္ေလထုအရည္အေသြးက်ဆင္းေနသျဖင့္ အသက္ရႈလမ္းေၾကာင္းဆုိင္ရာေရာဂါမ်ား သတိထားရန္ အသိေပးႏိႈးေဆာ္ထား
မတ် 17, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးတုိင္းတာသည့္ ပထမေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ မတ္လ(၁၆)ရက္ေန႔ ရလဒ္အရ ေလထုအရည္အေသြးအညႊန္းကိန္း (၃၀၂)ရိွေနသျဖင့္ လူထုအေနျဖင့္ ႏွာေခါင္းစည္းမ်ားတပ္ဆင္ျခင္းအပါအဝင္ အသက္ရႈလမ္းေၾကာင္းဆုိင္ရာေရာဂါမ်ားကို သတိထားၾကရန္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လ (၁၅)ရက္ေန႔ ညေန (၃)နာရီ (၁၆)မိနစ္မွ မတ္လ (၁၆) ရက္ေန႔ ညေန (၃)နာရီ (၁၆)မိနစ္အတြင္း တိုင္းတာမႈအရ ေလထုအတြင္း အမႈန္ပါဝင္မႈအလြန္မ်ားျပားေနသည္ကို ေတြ႔ရကာ အႏၱရာယ္ျဖစ္ေစႏုိင္သည့္ ဓါတုပစၥည္းပါဝင္မႈနည္းပါးၿပီး ေအာက္ဆီဂ်င္ပါဝင္မႈႏႈန္း ျမင့္မားေနဆဲျဖစ္သည္ဟု သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ေလထုအတြင္း အမႈန္ပါဝင္မႈမ်ားေနသျဖင့္ ကေလးမ်ား၊ သက္ႀကီးရြယ္အိုမ်ား၊ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါရိွသူမ်ားအေနျဖင့္ တတ္ႏုိင္သမွ် ေနအိမ္အတြင္း ေနထုိင္ၾကရန္၊ အျပင္ထြက္ပါက ႏွာေခါင္းစည္းမ်ား တပ္ဆင္ၾကရန္၊ မ်က္စိစပ္ျခင္းျဖစ္ေပၚပါက လက္ျဖင့္ပြတ္သပ္ျခင္းမျပဳဘဲ သန္႔ရွင္းေသာ ေရစိုဝတ္ျဖင့္ သုတ္ျခင္း၊ ေရသန္႔ျဖင့္ေဆးေၾကာျခင္းမ်ား ျပဳလုပ္ၾကရန္ အသိေပးႏိႈးေဆာ္ထားျခင္းျဖစ္သည္။

က်န္းမာေရးအေပၚ သက္ေရာက္မႈရိွသည့္ ေလထုအရည္အေသြးတိုင္းတာရာတြင္ ေလထုအတြင္း အိုဇုန္းေမာ္လီက်ဴး၊ အမႈန္ပါဝင္မႈ၊ ကာဗြန္မိုေနာဆိုဒ္ႏွင့္ ဆာလဖာဒိုင္ေအာက္ဆိုဒ္တုိ႔ ပါဝင္မႈႏႈန္းကို တုိင္းတာသတ္မွတ္ျခင္းျဖစ္ၿပီး (၀) မွ (၅၀)အထိမွာ ေကာင္းမြန္သည့္အေနအထား၊ (၅၁)မွ (၁၀၀)အထိမွာ အတန္အသင့္ေကာင္းမြန္သည့္အေနအထား၊ (၁၀၁)မွ (၁၅၀)အထိမွာ ဓါတ္မတည့္မႈျဖစ္ပြားလြယ္သူမ်ားအတြက္ ထိခိုက္ေစႏုိင္သည့္အေနအထား၊ (၁၅၁)မွ (၂၀၀)အထိမွာ က်န္းမာေရး ထိခိုက္ေစသည့္အေနအထား၊ (၂၀၁)မွ (၃၀၀)အထိ က်န္းမာေရးကို အလြန္ထိခိုက္ေစသည့္အေနအထားႏွင့္ (၃၀၁)မွ (၅၀၀)အထိကို အႏၱရာယ္ျဖစ္ေစသည့္အေနအထားအျဖစ္  စံႏႈန္းသတ္မွတ္ထားျခင္းျဖစ္သည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕၌ျဖစ္ေပၚေနသည့္ ေလထုအရည္အေသြးက်ဆင္းမႈႏွင့္ပတ္သက္၍ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ လိုအပ္သည့္ေဆာင္ရြက္ခ်က္မ်ား လုပ္ေဆာင္ေပးႏုိင္ရန္ တင္ျပထားေၾကာင္း တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုမွ လက္ေထာက္ဆရာဝန္ ေဒါက္တာ ဟန္လင္းစိုးထံမွ သိရသည္။

လက္ရိွတြင္ က်န္းမာေရးဌာနအေနျဖင့္ သက္ဆုိင္ရာဌာနအသီးသီးပါဝင္သည့္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရး ေကာ္မတီႏွင့္အတူပူးေပါင္း၍ လူထုအားက်န္းမာေရးအသိေပးျခင္း၊ ႏွာေခါင္းစည္းမ်ား အခမဲ့ေဝငွျခင္း၊ မီးခိုးျမဴမ်ားေလ်ာ့က်ရန္အတြက္ မီးသတ္ယာဥ္မ်ားျဖင့္ ၿမိဳ႕တြင္း ေရမႈန္ေရမႊားမ်ားဖ်န္းေပးျခင္းတုိ႔ လုပ္ေဆာင္ေနေၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးတုိင္းတာျခင္းကို ဆက္လက္လုပ္ေဆာင္ေနၿပီး မတ္လ (၁၇)ရက္ေန႔ ညေန (၃)နာရီ (၁၆)မိနစ္အထိ တုိင္းတာမႈအေျခအေနမ်ားကိုလည္း ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီမွ ထပ္မံထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်လေထုအရည်အသွေးကျဆင်းနေသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ သတိထားရန် အသိပေးနှိုးဆော်ထား
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာသည့် ပထမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့ ရလဒ်အရ လေထုအရည်အသွေးအညွှန်းကိန်း (၃၀၂)ရှိနေသဖြင့် လူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ခြင်းအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကို သတိထားကြရန် မြို့နယ်စီမံခန့်ခွဲရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

တာချီလိတ်မြို့တွင် မတ်လ (၁၅)ရက်နေ့ ညနေ (၃)နာရီ (၁၆)မိနစ်မှ မတ်လ (၁၆) ရက်နေ့ ညနေ (၃)နာရီ (၁၆)မိနစ်အတွင်း တိုင်းတာမှုအရ လေထုအတွင်း အမှုန်ပါဝင်မှုအလွန်များပြားနေသည်ကို တွေ့ရကာ အန္တရာယ်ဖြစ်စေနိုင်သည့် ဓါတုပစ္စည်းပါဝင်မှုနည်းပါးပြီး အောက်ဆီဂျင်ပါဝင်မှုနှုန်း မြင့်မားနေဆဲဖြစ်သည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

လေထုအတွင်း အမှုန်ပါဝင်မှုများနေသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်အတွင်း နေထိုင်ကြရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ မျက်စိစပ်ခြင်းဖြစ်ပေါ်ပါက လက်ဖြင့်ပွတ်သပ်ခြင်းမပြုဘဲ သန့်ရှင်းသော ရေစိုဝတ်ဖြင့် သုတ်ခြင်း၊ ရေသန့်ဖြင့်ဆေးကြောခြင်းများ ပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။

ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသည့် လေထုအရည်အသွေးတိုင်းတာရာတွင် လေထုအတွင်း အိုဇုန်းမော်လီကျူး၊ အမှုန်ပါဝင်မှု၊ ကာဗွန်မိုနောဆိုဒ်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်တို့ ပါဝင်မှုနှုန်းကို တိုင်းတာသတ်မှတ်ခြင်းဖြစ်ပြီး (ဝ) မှ (၅၀)အထိမှာ ကောင်းမွန်သည့်အနေအထား၊ (၅၁)မှ (၁၀၀)အထိမှာ အတန်အသင့်ကောင်းမွန်သည့်အနေအထား၊ (၁၀၁)မှ (၁၅၀)အထိမှာ ဓါတ်မတည့်မှုဖြစ်ပွားလွယ်သူများအတွက် ထိခိုက်စေနိုင်သည့်အနေအထား၊ (၁၅၁)မှ (၂၀၀)အထိမှာ ကျန်းမာရေး ထိခိုက်စေသည့်အနေအထား၊ (၂၀၁)မှ (၃၀၀)အထိ ကျန်းမာရေးကို အလွန်ထိခိုက်စေသည့်အနေအထားနှင့် (၃၀၁)မှ (၅၀၀)အထိကို အန္တရာယ်ဖြစ်စေသည့်အနေအထားအဖြစ်  စံနှုန်းသတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် တာချီလိတ်မြို့၌ဖြစ်ပေါ်နေသည့် လေထုအရည်အသွေးကျဆင်းမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ဆောင်ရွက်ချက်များ လုပ်ဆောင်ပေးနိုင်ရန် တင်ပြထားကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဟန်လင်းစိုးထံမှ သိရသည်။

လက်ရှိတွင် ကျန်းမာရေးဌာနအနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးပါဝင်သည့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့်အတူပူးပေါင်း၍ လူထုအားကျန်းမာရေးအသိပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊ မီးခိုးမြူများလျော့ကျရန်အတွက် မီးသတ်ယာဉ်များဖြင့် မြို့တွင်း ရေမှုန်ရေမွှားများဖျန်းပေးခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာခြင်းကို ဆက်လက်လုပ်ဆောင်နေပြီး မတ်လ (၁၇)ရက်နေ့ ညနေ (၃)နာရီ (၁၆)မိနစ်အထိ တိုင်းတာမှုအခြေအနေများကိုလည်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net