တနသၤာရီတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင့္ GGS ကုမၸဏီမွ (၃)ဦးတုိ႔ကို အဂတိလုိက္စားမႈျဖင့္ အေရးယူ

တနသၤာရီတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင့္ GGS ကုမၸဏီမွ (၃)ဦးတုိ႔ကို အဂတိလုိက္စားမႈျဖင့္ အေရးယူ
မတ် 10, 2019
By 🌸
တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လဲ့လဲ့ေမာ္အား အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္က စံုစမ္းေရးအဖြဲ႕ျဖင့္ စံုစမ္းၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ႏွင့္အတူ GGS ကုမၸဏီမွ MD ဦးသိန္းေထြး၊ ဒါရိုက္တာ ဦးေအာင္ျမတ္ ႏွင့္ ဦးသူရအုံတို႔အား အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၀)ရက္ေန႔တြင္ အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လဲ့လဲ့ေမာ္အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရလည္းေကာင္း၊ GGS ကုမၸဏီမွ MD ဦးသိန္းေထြး၊ ဒါရိုက္တာ ဦးေအာင္ျမတ္ ႏွင့္ ဦးသူရအုံတို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅/၆၃ အရ လည္းေကာင္း သီးျခား ျပစ္မႈမ်ားအတြက္ သီးျခားစြဲခ်က္မ်ားျဖင့္ အမႈ(၄)မႈခြဲ၍ အေရးယူေဆာင္ရြက္ရန္ ထားဝယ္ၿမိဳ႕၊ ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဝန္ႀကီးခ်ဳပ္အားတိုင္ၾကားစာမ်ားႏွင့္စပ္လ်ဥ္း၍ ေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း၍ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၄)ရက္ေန႔မွ မတ္လ (၆)ရက္ေန႔အထိ ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ ထားဝယ္ၿမိဳ႕မ်ားတြင္ စံုစမ္းစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 ၂၀၁၆ ခုႏွစ္ ဧၿပီလတြင္ မဟာသၾကၤန္ပြဲေတာ္ ဗဟိုမ႑ပ္ တည္ေဆာက္ေရးလုပ္ငန္း၊ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလတြင္ ထားဝယ္တကၠသိုလ္ဝင္းအတြင္း ခ်ဳံႏြယ္ ရွင္းလင္းျခင္းလုပ္ငန္း၊ ထားဝယ္ေလယာဥ္ကြင္း အျပင္ဘက္ ခ်ဳံႏြယ္ရွင္းလင္းျခင္း လုပ္ငန္းမ်ားအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထိုက္သင့္သည့္ တန္ဖိုးမေပးဘဲ F-22 Sunny Construction Co.,Ltd. သို႔ တာဝန္ေပး ေဆာင္ရြက္ေစခဲ့ၿပီး ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ တင္ဒါေခၚယူျခင္း၊ အစိုးရအဖြဲ႕ အစည္းအေဝး၌ အတည္ျပဳဆုံးျဖတ္ျခင္းတို႔မရွိဘဲ ထားဝယ္ေလယာဥ္ကြင္းအတြင္း ခ်ဳံႏြယ္ရွင္းလင္းျခင္း လုပ္ငန္းတစ္ခုတည္းကို ခြင့္ျပဳေငြ က်ပ္သိန္း (၄၀၀၀) ျဖင့္ ဝန္ႀကီးခ်ဳပ္၏ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ F-22 Sunny Construction Co.,Ltd. သို႔ တိုက္ရိုက္ခြင့္ျပဳေဆာင္ရြက္ေစျခင္းသည္ တံစိုးလက္ေဆာင္ကို အဖြဲ႕အစည္းအတြက္ ရယူျခင္းျဖစ္ေၾကာင္းႏွင့္ တိုင္းေဒသႀကီးမ်ား၏ ေဒသႏၲရေပါက္ေစ်းမ်ားႏွင့္ ႏွိဳင္းယွဥ္ တြက္ခ်က္မႈအရ ႏုိင္ငံေတာ္ဘ႑ာေငြမ်ား နစ္နာဆုံးရႈံးရေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

ယင္းအျပင္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လဲ့လဲ့ေမာ္သည္ ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းမ်ား၊ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ညႊန္ၾကားခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ျခင္း မရွိဘဲ လမ္းဦးစီးဌာနသို႔ တစ္လုံးတစ္ခဲတည္း ေငြက်ပ္ (၁.၉) ဘီလီယံခန္႔ ထုတ္ယူရန္ အခြင့္အေရး ေပးအပ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလခန္႔တြင္ တိုင္းေဒသႀကီး လမ္းဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးအား သူမ၏ ခင္ပြန္း ဦးထြန္းမင္းက ဦးျမင့္ဟို အမည္ျဖင့္ ဝယ္ယူထားေသာ ထားဝယ္ၿမိဳ႕ ေဆး႐ုံလမ္းႏွင့္ ေဂၚသဇင္ လမ္းေထာင့္ရွိ အိမ္အမွတ္ (၁၀၆၈) ႏွင့္ (၁၀၇၀) ေျမကြက္ ႏွစ္ကြက္ကို အုတ္ၿခံစည္းရိုး ကာရံေပးရန္ ေစခိုင္းခဲ့ရာ ေငြက်ပ္သိန္း (၁၄၀) ေက်ာ္ ကုန္က်ခဲ့ၿပီး သူမအား စုံစမ္းစစ္ေဆးသည့္အခါမွ ယင္းေငြကို ျပန္လည္ေပးေခ်ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ထိုက္သင့္သည့္တန္ဖိုး ေပးေခ်ျခင္းမရွိဘဲ အုတ္ၿခံစည္းရိုး ကာရံေပးေစျခင္းျဖင့္ တံစိုးလက္ေဆာင္အျဖစ္ ရယူခဲ့ေၾကာင္း ထပ္မံေပၚေပါက္ခဲ့သည္ဟု သိရသည္။

ဝန္ႀကီးခ်ဳပ္သည္ ၎၏ မိသားစု ပိုင္သည့္ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ၿမိဳ႕မရပ္၊ ၿမိတ္-ထားဝယ္ ကားလမ္း၊ အိမ္အမွတ္ (၆)ရွိ ႏွစ္ထပ္ေနအိမ္ႏွင့္ ဝိုင္းေျမကို ကာလတန္ဖိုး က်ပ္ (၃၂၀)သိန္းေက်ာ္ ခန္႔သာ တန္ဖိုးရွိေသာ္လည္း က်ပ္သိန္း(၂၀၀၀)ျဖင့္ GGS ကုမၸဏီသို႔ ေရာင္းခ်ခဲ့ကာ GGS ကုမၸဏီအား သရက္ေခ်ာင္း ငါးေလလံေစ်းတည္ေဆာက္ျခင္း၊ ထားဝယ္ခရိုင္ လၽွပ္စစ္ဓါတ္အား ထုတ္လုပ္ျဖန္႔ျဖဴးျခင္း၊ ထားဝယ္ၿမိဳ႕ ျခင္းလုံး႐ုံ တည္ေဆာက္ျခင္း၊ ပုေလာၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ တည္ေဆာက္ျခင္း၊ ထားဝယ္ႏွင့္ ၿမိတ္တြင္ ေျခာက္ခန္းတြဲ ေလးထပ္ တန္ဖိုးနည္း အငွားအိမ္ရာ(၄)လုံး တည္ေဆာက္ျခင္း၊ ေနျပည္ေတာ္တြင္ တနသၤာရီတိုင္း ဧည့္ရိပ္သာႏွင့္ ဝန္ထမ္းအိမ္ရာ ေဆာက္လုပ္ ျခင္း လုပ္ငန္းမ်ားကို လုပ္ကိုင္ခြင့္ျပဳျခင္းျဖင့္ အခြင့္အေရးေပးခဲ့ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သတင္းထုတ္ျပန္သည္။

ဝန္ႀကီးခ်ဳပ္၏ေနအိမ္ကို ဝယ္ယူသူ ဦးသူရအုံသည္ GGS ကုမၸဏီအေထြေထြမန္ေနဂ်ာႏွင့္အတူ GGS ကုမၸဏီမွ တာဝန္ရွိသူမ်ားျဖစ္ေသာ ဦးသိန္းေထြး၊ ဦးေအာင္ျမတ္တို႔သည္ အိမ္ႏွင့္ေျမကို ကာလ တန္ဖိုးထက္ (၆)ဆခန္႔ ပိုသည့္တန္ဖိုးျဖင့္ ေစ်းပိုေပး၍ ဝယ္ယူခဲ့ၿပီး အက်ိဳးအျမတ္ ရရွိမည့္ လုပ္ငန္းမ်ား လုပ္ကိုင္ခြင့္ ရရွိခဲ့ၾကေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု ေကာ္မရွင္က သတင္းထုတ္ျပသည္။

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခရိုင္အတြင္း လၽွပ္စစ္ဓါတ္အား ထုတ္လုပ္ ေရာင္းခ်ျခင္းဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၆)ရက္ေန႔က ခ်ဳပ္ဆိုခဲ့ၿပီး လုပ္ကိုင္ခြင့္ျပဳသူ ေနရာတြင္ တိုင္းအစိုးရအဖြဲ႕ ကိုယ္စား အတြင္းေရးမွဴးႏွင့္ လုပ္ကိုင္ခြင့္ရသူ ေနရာတြင္ GGS ကုမၸဏီကိုယ္စား ဦးသိန္းေထြးတို႔ လက္မွတ္ေရးထိုးခဲ့ၾကကာ စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားအတိုင္း အေကာင္အထည္ေဖာ္ေရး ႀကီးၾကပ္ရန္ ပ်က္ကြက္ျခင္း၊ ၂၀၁၇ ခုႏွစ္ ဇူလုိင္လ (၁)ရက္ေန႔မွစ၍ စစ္ေဆးသည့္အခ်ိန္အထိ သဘာဝဓါတ္ေငြ႕ဖိုး က်ပ္သန္း (၈၀၀၀) ေက်ာ္ကို ေပးေခ်ရန္ တာဝန္ရွိသည့္ GGS ကုမၸဏီဘက္မွ ေပးေခ်ရန္ ပ်က္ကြက္ေနသျဖင့္ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ စိုက္ထုတ္က်ခံခဲ့ရမႈမ်ားကို စစ္ေဆးေတြ႔ရိွရသျဖင့္ နိုင္ငံေတာ္ဘ႑ာေငြမ်ား ထိခိုက္နစ္နာဆုံးရႈံးမႈရွိသျဖင့္ အဆိုပါလုပ္ငန္းစဥ္တြင္ ပါဝင္ခဲ့သည့္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ GGS ကုမၸဏီမွ ဦးသိန္းေထြးႏွင့္ ဦးေအာင္ျမတ္တို႔သည္ အဂတိလိုက္စားမႈျဖင့္ ၿငိစြန္းေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ (၃)ဦးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ
*************
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းရေးအဖွဲ့ဖြင့် စုံစမ်းပြီးနောက် ဝန်ကြီးချုပ်နှင့်အတူ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်အားတိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၄)ရက်နေ့မှ မတ်လ (၆)ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသြင်္ကန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေ ကျပ်သိန်း (၄၀၀၀) ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ F-22 Sunny Construction Co.,Ltd. သို့ တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ယင်းအပြင် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် (၁.၉) ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား သူမ၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀) ကျော် ကုန်ကျခဲ့ပြီး သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ၎င်း၏ မိသားစု ပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၀)သိန်းကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကာ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ(၄)လုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းထုတ်ပြန်သည်။

ဝန်ကြီးချုပ်၏နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီအထွေထွေမန်နေဂျာနှင့်အတူ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ်တို့သည် အိမ်နှင့်မြေကို ကာလ တန်ဖိုးထက် (၆)ဆခန့် ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး၍ ဝယ်ယူခဲ့ပြီး အကျိုးအမြတ် ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ကော်မရှင်က သတင်းထုတ်ပြသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့က ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စား အတွင်းရေးမှူးနှင့် လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကာ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်ခြင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေသဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရမှုများကို စစ်ဆေးတွေ့ရှိရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိသဖြင့် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net