တာခ်ီလိတ္မွ ေကာ္ဖီကို ေစ်းကြက္မွစိတ္ဝင္စားမႈရိွေန၍ GAP လက္မွတ္ရယူထားရန္ စိုက္ပ်ိဳးေရးဦးစီးဌာနတုိက္တြန္း

တာခ်ီလိတ္မွ ေကာ္ဖီကို ေစ်းကြက္မွစိတ္ဝင္စားမႈရိွေန၍ GAP လက္မွတ္ရယူထားရန္ စိုက္ပ်ိဳးေရးဦးစီးဌာနတုိက္တြန္း
မတ် 1, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးထုတ္လုပ္ေနသည့္ ေကာ္ဖီမ်ား ျပည္တြင္းျပည္ပေစ်းကြက္ထိုးေဖါက္ရန္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္း(GAP) လက္မွတ္မ်ား ရယူလိုပါက စိုက္ပ်ိဳးေရးဦးစီးဌာနထံမွ အကူအညီရယူႏိုင္ေၾကာင္း သိရသည္။

 “စိုက္ပ်ိဳးေရးဆိုင္ရာအေလ့အက်င့္ေကာင္း(GAP) တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ လုပ္ေနတယ္။ GAP လက္မွတ္တစ္ခုရဖို႔က ေနာက္ဆံုး ရိတ္သိမ္း၊ ဆြတ္ခူးၿပီးတဲ့အသီးအႏွံေတြေပါ့။ လက္မွတ္ထုတ္ေပးဖို႔က ဓာတ္ၾကြင္းက်န္၊ မက်န္စစ္ရတယ္။ ဓာတ္ၾကြင္းပါ၀င္မႈႏႈန္းက တစ္သန္းပံု၊ တစ္ပံုေလာက္ပဲ ပါခြင့္ရိွတယ္။ အဲဒါထက္ေက်ာ္ေနလို႔ရိွရင္ GAP လက္မွတ္ထုတ္ေပးလို႔မရဘူး။ ပိုးသတ္ေဆးဓာတ္ၾကြင္းမပါမွ GAP လက္မွတ္ထုတ္ေပးလို႔ရတာ”ဟု ွ တာခ်ီလိတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္လည္း စိုက္ပ်ိဳးေရးဦးစီးဌာနက ေဒသတြင္း ေကာ္ဖီစိုက္ၿခံမ်ားသို႔ သြားေရာက္ၿပီး GAP လက္မွတ္ရရိွရန္ ေတာင္သူမွတ္တမ္း၊ ဌာနမွတ္တမ္း၊ ေရႏွင့္ေျမ စစ္ေဆးမႈ၊ စိုက္ပ်ိဳးမႈပံုစံု၊ ေျမၾသ
ဇာထည့္သြင္းျခင္း၊ ျပဳစုထိန္းသိမ္းျခင္းစသည့္ လုပ္ငန္းစဥ္မ်ားအေၾကာင္း ရွင္းလင္းေဆြးေႏြးေပးေနေၾကာင္း သိရသည္။

လက္ရိွတြင္ ျမန္မာ့သီးႏွံအမ်ားစုမွာ ဓာတ္ၾကြင္းက်န္ရိွမႈမ်ားေနသျဖင့္ ႏိုင္ငံတကာေစ်းကြက္ေပ်ာက္ေနရာ ဓါတ္ၾကြင္းကင္းစင္သည့္ သီးႏွံမ်ားထုတ္လုပ္ႏုိင္ရန္ စိုက္ပ်ိဳးနည္းစနစ္မ်ား၊ စိုက္ပ်ိဳးေရးသြင္းအားစုမ်ားကို စနစ္တက် အသံုးျပဳႏိုင္ေရးအတြက္ ကြင္းဆင္းပညာေပးမႈမ်ားအျပင္ ေစ်းကြက္အတြင္း သတ္မွတ္ခ်က္ႏွင့္မကုိက္ညီသည့္ စိုက္ပ်ိဳးေရးသြင္းအားစုမ်ား ေရာင္းခ်ေနမႈကိုလည္း စိစစ္ျခင္းကို တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္းမွ ေကာ္ဖီမ်ား သတ္မွတ္အရည္အေသြးျပည့္မီပါက ဝယ္ယူလိုေၾကာင္း ၂၀၁၉ ခုႏွစ္အတြင္း ကမ္းလွမ္းထားသည့္ကုမၸဏီလည္းရိွေနသျဖင့္ အရည္အေသြးမီွေကာ္ဖီမ်ားထုတ္လုပ္ႏိုင္ေရးအတြက္ စိုက္ပ်ိဳးေရးဦးစီီးဌာနထံမွ အကူအညီရယူၾကရန္ တုိက္တြန္းထားသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -သန္းထြဋ္လြင္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မှ ကော်ဖီကို ဈေးကွက်မှစိတ်ဝင်စားမှုရှိနေ၍ GAP လက်မှတ်ရယူထားရန် စိုက်ပျိုးရေးဦးစီးဌာနတိုက်တွန်း
*******
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်နေသည့် ကော်ဖီများ ပြည်တွင်းပြည်ပဈေးကွက်ထိုးဖေါက်ရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) လက်မှတ်များ ရယူလိုပါက စိုက်ပျိုးရေးဦးစီးဌာနထံမှ အကူအညီရယူနိုင်ကြောင်း သိရသည်။

 “စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP) တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေတယ်။ GAP လက်မှတ်တစ်ခုရဖို့က နောက်ဆုံး ရိတ်သိမ်း၊ ဆွတ်ခူးပြီးတဲ့အသီးအနှံတွေပေါ့။ လက်မှတ်ထုတ်ပေးဖို့က ဓာတ်ကြွင်းကျန်၊ မကျန်စစ်ရတယ်။ ဓာတ်ကြွင်းပါဝင်မှုနှုန်းက တစ်သန်းပုံ၊ တစ်ပုံလောက်ပဲ ပါခွင့်ရှိတယ်။ အဲဒါထက်ကျော်နေလို့ရှိရင် GAP လက်မှတ်ထုတ်ပေးလို့မရဘူး။ ပိုးသတ်ဆေးဓာတ်ကြွင်းမပါမှ GAP လက်မှတ်ထုတ်ပေးလို့ရတာ”ဟု ှ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်း ကော်ဖီစိုက်ခြံများသို့ သွားရောက်ပြီး GAP လက်မှတ်ရရှိရန် တောင်သူမှတ်တမ်း၊ ဌာနမှတ်တမ်း၊ ရေနှင့်မြေ စစ်ဆေးမှု၊ စိုက်ပျိုးမှုပုံစုံ၊ မြေသြ
ဇာထည့်သွင်းခြင်း၊ ပြုစုထိန်းသိမ်းခြင်းစသည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးနွေးပေးနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့သီးနှံအများစုမှာ ဓာတ်ကြွင်းကျန်ရှိမှုများနေသဖြင့် နိုင်ငံတကာဈေးကွက်ပျောက်နေရာ ဓါတ်ကြွင်းကင်းစင်သည့် သီးနှံများထုတ်လုပ်နိုင်ရန် စိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးရေးသွင်းအားစုများကို စနစ်တကျ အသုံးပြုနိုင်ရေးအတွက် ကွင်းဆင်းပညာပေးမှုများအပြင် ဈေးကွက်အတွင်း သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချနေမှုကိုလည်း စိစစ်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင်းမှ ကော်ဖီများ သတ်မှတ်အရည်အသွေးပြည့်မီပါက ဝယ်ယူလိုကြောင်း ၂၀၁၉ ခုနှစ်အတွင်း ကမ်းလှမ်းထားသည့်ကုမ္ပဏီလည်းရှိနေသဖြင့် အရည်အသွေးမှီကော်ဖီများထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနထံမှ အကူအညီရယူကြရန် တိုက်တွန်းထားသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -သန်းထွဋ်လွင် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~