မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသင်္ကာသည့် အကျဉ်းသားများအား စအိုအတွင်း လက်နှိုက်ကာ ရှာဖွေရေးအစား စက်ပစ္စည်းဖြင့် အသုံးပြုရှာဖွေရန် လွှတ်တော်တွင် မေးမြန်းဆွေးနွေး

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသင်္ကာသည့် အကျဉ်းသားများအား စအိုအတွင်း လက်နှိုက်ကာ ရှာဖွေရေးအစား စက်ပစ္စည်းဖြင့် အသုံးပြုရှာဖွေရန် လွှတ်တော်တွင် မေးမြန်းဆွေးနွေး
မတျ 4, 2019
By Tachileik News Agency

ထောင်ကျအကျဉ်းသားများအား ရုံးထုတ်အပြန်တွင် သတင်းအရ မူးယစ်ဆေးဝါးရှာဖွေမှုအဖြစ် စအိုအတွင်း လက်ဖြင့် နှိုက်ရှာခြင်း မပြုလုပ်ဘဲ X-Ray စက်ဖြင့် ရှာဖွေခြင်းပြုလုပ်ရန်အတွက် လိုအပ်သည့် စက်များကို မည်သည့် ဘဏ္ဍာနှစ်တွင် တပ်ဆင်အသုံးပြုမည်ကို  သိရှိလိုကြောင်း သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က လွှတ်တော်တွင် မေးမြန်းဆွေးနွေးလိုက်သည်။

၂၀၁၉ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းသို့ ပြန်ဝင်လာချိန်တွင် ခန္ဓာကိုယ်အတွင်း၌ တရားမဝင် ပစ္စည်းများ လျှို့ဝှက် သယ်ဆောင်လာကြောင်း သတင်းရရှိ၍ စအိုအတွင်း လက်ဖြင့် နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ်ပါသဖြင့် X-ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့် ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခြင်း ဖြစ်သည်။

အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scanner သုံးစုံနှင့် X-ray Baggage Expression Machine စက်သုံးလုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဖြည့်စွက် ရန်ပုံတွင် လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်းလျာထား တင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားသည်။

“ခန္ဓာကိုယ်အတွင်း သွင်းယူလာကြောင်း သတင်း အတိအကျရရှိသူကို စအိုအတွင်း လက်နှိုက်ရှာဖွေခြင်းလုံးဝ မပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထပြုလုပ်စေခြင်းနှင့် အန်စေခြင်းနည်းလမ်းတို့ကိုသာ ဆောင်ရွက် ပြီးရှာဖွေလျက်ရှိရာမှာ မူးယစ်ဆေးဝါးထွက်ရှိလာခြင်း မရှိပါက အကျဉ်းထောင် ဆေးရုံတွင်ရှိ သည့် ရောဂါရှာဖွေရန်ထားရှိထားသော ဓာတ်မှန်ရိုက်စက်ဖြင့် ဓာတ်မှန် ရိုက်စစ်ဆေးလျက် ရှိပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထောင်ကျအကျဉ်းသားများအား ရုံးထုတ်အပြန်တွင် သတင်းအရ မူးယစ်ဆေးဝါးရှာဖွေမှုအဖြစ် စအိုအတွင်း လက်ဖြင့် နှိုက်ရှာခြင်း မပြုလုပ်ဘဲ X-Ray စက်ဖြင့် ရှာဖွခြေင်းပြုလုပ်ရန်အတွက် လိုအပ်သည့် စက်များကို မည်သည့် ဘဏ္ဍာနှစ်တွင် တပ်ဆင်အသုံးပြုမည်ကို သိရှိလိုကြောင်း သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က လွှတ်တော်တွင် မေးမြန်းဆွေးနွေးလိုက်သည်။

၂၀၁၉ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအေဝးတွင် သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းသို့ ပြန်ဝင်လာချိန်တွင် ခန္ဓာကိုယ်အတွင်း၌ တရားမဝင် ပစ္စည်းများ လျှို့ဝှက် သယ်ဆောင်လာကြောင်း သတင်းရရှိ၍ စအိုအတွင်း လက်ဖြင့် နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခါ၊ လူ့အခွင့်အရေးနှင့် မညီညွတ်ပါသဖြင့် X-ray စက်ဖြင့် ရှာဖွခြေင်းကို မည်သည့် ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခြင်း ဖြစ်သည်။

အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scanner သုံးစုံနှင့် X-ray Baggage Expression Machine စက်သုံးလုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဖြည့်စွက် ရန်ပုံတွင် လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်းလျာထား တင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြကြေားသည်။

“ခန္ဓာကိုယ်အတွင်း သွင်းယူလာကြောင်း သတင်း အတိအကျရရှိသူကို စအိုအတွင်း လက်နှိုက်ရှာဖွခြေင်းလုံးဝ မပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထပြုလုပ်စခြေင်းနှင့် အန်စခြေင်းနည်းလမ်းတို့ကိုသာ ဆောင်ရွက် ပြီးရှာဖွေလျက်ရှိရာမှာ မူးယစ်ဆေးဝါးထွက်ရှိလာခြင်း မရှိပါက အကျဉ်းထောင် ဆေးရုံတွင်ရှိ သည့် ရောဂါရှာဖွေရန်ထားရှိထားသော ဓာတ်မှန်ရိုက်စက်ဖြင့် ဓာတ်မှန် ရိုက်စစ်ဆေးလျက် ရှိပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scanner သုံးစုံနှင့် X-ray Baggage Expression Machine စက်သုံးလုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဖြည့်စွက် ရန်ပုံတွင် လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်းလျာထား တင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net