တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း စိတ္ၾကြေဆးမ်ားႏွင့္အတူ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း စိတ္ၾကြေဆးမ်ားႏွင့္အတူ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
မတ် 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း မသကၤာဖြယ္အမ်ိဳးသားတစ္ဦးကို စစ္ေဆးရာေဖြရာမွ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄၆) ျပားကို ၂၀၁၉ ခုႏွစ္ မတ္လ (၁၀) ရက္ေန႔ နံနက္ (၁၁) နာရီ (၃၀) မိနစ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

"နယ္ထိန္းအဖြဲ႕နဲ႔ ရပ္ကြက္သက္ေသေတြနဲ႔ လွည့္ကင္းပတ္ရင္းနဲ႔မိတာ။ အဲဒီနားေတြက မူးယစ္ေဆး၀ါး သံုးတဲ့ လူငယ္ေတြက အဲဒီနားေလးမွာ ရိွတတ္တယ္လို႔ သိရတာေပါ့။ လွည့္ကင္းပတ္ရင္းနဲ႔သြားလိုက္ေတာ့ အဲဒီနားေလးမွာ လြယ္အိတ္လြယ္ၿပီးေတာ့ ရပ္ေနတာ။ မယ္ေခါင္ရပ္ကြက္ (၄) လမ္းထဲမွာေပါ့"ဟု တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းမွ   ဒုနယ္ထိန္းေခါင္းေဆာင္ ရဲအရာခံေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

နယ္ေျမလွည့္ကင္း ေဆာင္ရြက္ေနခ်ိန္တြင္ စိုင္းသန္းေက်ာ္(ခ) စိုင္းေက်ာ္ေက်ာ္ကို မသကၤာဖြယ္ေတြ႕ရိွသျဖင့္ စစ္ေဆးရွာေဖြရာတြင္ လြယ္ထားသည့္ အနက္ေရာင္သားေရေဘးလြယ္အိတ္အတြင္းမွ Premium Gold ေဆးလိပ္ဘူးခြံအတြင္းမွ အျပာေရာင္ကပ္ခြါအိပ္အတြင္းထည့္ထားသည့္ WY စာတမ္းပါလိေမၼာ္ေရာင္စိတ္ၾကြေဆးျပညး (၁၄၆) ျပားကို ရွာေဖြေတြ႕ရိွခဲ့ျခင္းျဖစ္သည္။

စိတ္ၾကြေဆးျပားမ်ားျဖင့္ ဖမ္းဆီးရမိသည့္ တရားခံ စိုင္းသန္းေက်ာ္(ခ) စိုင္းေက်ာ္ေက်ာ္ကို တာခ်ီလိတ္ၿမိဳ႕
ရဲစခန္းတြင္ မယ(ပ)၃၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မသင်္ကာဖွယ်အမျိုးသားတစ်ဦးကို စစ်ဆေးရာဖွေရာမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၆) ပြားကို ၂၀၁၉ ခုနှစ် မတ်လ (၁၀) ရက်နေ့ နံနက် (၁၁) နာရီ (၃၀) မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"နယ်ထိန်းအဖွဲ့နဲ့ ရပ်ကွက်သက်သေတွေနဲ့ လှည့်ကင်းပတ်ရင်းနဲ့မိတာ။ အဲဒီနားတွေက မူးယစ်ဆေးဝါး သုံးတဲ့ လူငယ်တွေက အဲဒီနားလေးမှာ ရှိတတ်တယ်လို့ သိရတာပေါ့။ လှည့်ကင်းပတ်ရင်းနဲ့သွားလိုက်တော့ အဲဒီနားလေးမှာ လွယ်အိတ်လွယ်ပြီးတော့ ရပ်နေတာ။ မယ်ခေါင်ရပ်ကွက် (၄) လမ်းထဲမှာပေါ့"ဟု တာချီလိတ် မြို့မရဲစခန်းမှ ဒုနယ်ထိန်းခေါင်းဆောင် ရဲအရာခံကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နယ်မြေလှည့်ကင်း ဆောင်ရွက်နေချိန်တွင် စိုင်းသန်းကျော်(ခ) စိုင်းကျော်ကျော်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာတွင် လွယ်ထားသည့် အနက်ရောင်သားရေဘေးလွယ်အိတ်အတွင်းမှ Premium Gold ဆေးလိပ်ဘူးခွံအတွင်းမှ အပြာရောင်ကပ်ခွာအိပ်အတွင်းထည့်ထားသည့် WY စာတမ်းပါလိမ္မော်ရောင်စိတ်ကြွဆေးပြညး (၁၄၆) ပြားကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

စိတ်ကြွဆေးပြားများဖြင့် ဖမ်းဆီးရမိသည့် တရားခံ စိုင်းသန်းကျော်(ခ) စိုင်းကျော်ကျော်ကို တာချီလိတ်မြို့ ရဲစခန်းတွင် မယ(ပ)၃၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net