တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္းေက်းရြာအုပ္စုအတြင္း လူငယ္တစ္ဦး ဆိုင္ကယ္တိမ္းေမွာက္ေသဆံုး

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္းေက်းရြာအုပ္စုအတြင္း လူငယ္တစ္ဦး ဆိုင္ကယ္တိမ္းေမွာက္ေသဆံုး
မတ် 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း (ခ)ေက်းရြာအုပ္စု၊ ေဝေလွလန္ေက်းရြာတြင္ ၂၀၁၉ ခုနွစ္၊ မတ္လ (၁၁)ရက္ေန႔ နံနက္အေစာပိုင္းက ဆုိင္ကယ္တစ္စီးတိမ္းေမွာက္ၿပီး အမ်ိဳးသားတစ္ဦး ေသဆံုးေနသျဖင့္ ဝမ္ပံုနယ္ေျမရဲစခန္းမွ တာဝန္ရိွသူမ်ားက အခင္းျဖစ္ေနရာအား စစ္ေဆးၿပီး အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ သယ္ေဆာင္ထားေၾကာင္း သိရသည္။

ဝမ္ပံုနယ္ေျမရဲစခန္းတာဝန္ရိွသူက နံနက္ (၄)နာရီေက်ာ္တြင္ တာခ်ီလိတ္နာေရးကူညီမႈအသင္းသို႔ ဆက္သြယ္အကူအညီေတာင္းသျဖင့္ အခင္းျဖစ္ေနရာသို႔ သြားေရာက္ရာ ဆိုင္ကယ္ႏွင့္ ေပ(၂၀)ခန္႔အကြာထိ လမ္းေပၚတြင္ ဒရြတ္တုိက္ဆြဲထားသည့္ အရာမ်ားကို ေတြ႔ခဲ့ရၿပီး အသက္ (၂၀)ဝန္းက်င္အရြယ္ လူငယ္တစ္ဦးမွာ ဦးေခါင္းဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား သက္ဆုိင္ရာရဲတပ္ဖြဲ႕က မွတ္တမ္းရယူၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက အေလာင္းအား စစ္ေဆးႏုိင္ရန္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဝေလှေလန်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ နံနက်အစောပိုင်းက ဆိုင်ကယ်တစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးနေသဖြင့် ဝမ်ပုံနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်နေရာအား စစ်ဆေးပြီး အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ထားကြောင်း သိရသည်။

ဝမ်ပုံနယ်မြေရဲစခန်းတာဝန်ရှိသူက နံနက် (၄)နာရီကျော်တွင် တာချီလိတ်နာရေးကူညီမှုအသင်းသို့ ဆက်သွယ်အကူအညီတောင်းသဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ရာ ဆိုင်ကယ်နှင့် ပေ(၂၀)ခန့်အကွာထိ လမ်းပေါ်တွင် ဒရွတ်တိုက်ဆွဲထားသည့် အရာများကို တွေ့ခဲ့ရပြီး အသက် (၂၀)ဝန်းကျင်အရွယ် လူငယ်တစ်ဦးမှာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာအား သက်ဆိုင်ရာရဲတပ်ဖွဲ့က မှတ်တမ်းရယူပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက အလောင်းအား စစ်ဆေးနိုင်ရန် တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net