တာလေမြို့ ဝေဝုန်းကျေးရွာအနီးတွင် ကာလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၍ တစ်ဦးသေဆုံး

တာလေမြို့ ဝေဝုန်းကျေးရွာအနီးတွင် ကာလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၍ တစ်ဦးသေဆုံး
မတျ 19, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ဝေဝုန်းကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ်ကားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရသည်။


ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အားထူမှာ ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် တာလေပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - တာလေ ထွေ/အုပ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့ ဝေဝုန်းကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ်ကားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရသည်။

ဝေဝုန်းကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ ညနေ (၆)နာရီ မိနစ်(၂၀)ဝန်းကျင်က ကျိုင်းတုံ - တာချီလိတ်ကားလမ်းအတိုင်း တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ အောင်သူရထိုက် မောင်းနှင်လာသည့်ကားနှင့် မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ အားထူ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အားထူမှာ ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် တာလပြေည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သူရထိုက်နှင့် အားထူတို့အား တာလေနယ်မြေရဲစခန်းတွင် (ပ) ၃/ ၂၀၁၉၊ ရာဇသတ်ကြီး ၃၃၇ /၃၀၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာလေ ထွေ/အုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net