မန္းစက္ေတာ္ရာဘုရား၏ ဘ႑ာေတာ္ က်ပ္သန္းေပါင္းေျခာက္ေထာင္ေက်ာ္ကို ဘဏ္စာရင္းဖြင့္လွစ္ အပ္ႏွံထားၿပီး ေန႔စဥ္အလွဴေငြမ်ားကို ထုတ္ျပန္ေၾကညာေပးေန

မန္းစက္ေတာ္ရာဘုရား၏ ဘ႑ာေတာ္ က်ပ္သန္းေပါင္းေျခာက္ေထာင္ေက်ာ္ကို ဘဏ္စာရင္းဖြင့္လွစ္ အပ္ႏွံထားၿပီး ေန႔စဥ္အလွဴေငြမ်ားကို ထုတ္ျပန္ေၾကညာေပးေန
မတ် 11, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕ မန္းစက္ေတာ္ရာဘုရား၏ ဘ႑ာေတာ္စာရင္းဖြင့္အပ္ႏွံထားသည့္ ဘဏ္အပ္ေငြ စုစုေပါင္းမွာ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလအထိ က်ပ္သန္းေပါင္းေျခာက္ေထာင္ေက်ာ္ရိွေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၉)ရက္ေန႔မွ စတင္ကာ ရက္ေပါင္း (၇၀)က်င္းပေနသည့္ ဘုရားပဲြေတာ္ကာလတြင္ ဘုရားဖူးမ်ားေန႔စဥ္ လွဴဒါန္းမႈကို ေဂါပကအဖြဲ႕က ေန႔စဥ္ထုတ္ျပန္ေၾကညာေပးေနျခင္းျဖစ္ၿပီး ေဖေဖၚဝါရီလ (၉)ရက္ေန႔မွ မတ္လ (၈)ရက္ေန႔အထိ လွဴဒါန္းေငြစုစုေပါင္းမွာ က်ပ္(၂၇၅ ,၆၂၆,၄၅၀)ရိွေၾကာင္း မန္းေ႐ႊစက္ေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႔ထံမွ သိရသည္။

"ေန႔စဥ္ ည(၈)နာရီမွာ ဘ႑ာေရးအဖြဲ႔နဲ႔ ရံုးဝန္ထမ္းေတြစုေပါင္းၿပီး ေငြသိမ္းၿပီး ေရတြက္စစ္ေဆးပါတယ္။ အလွဴခံရေငြေတြကို ဘ႑ာေတာ္ ထိန္းသိမ္းတဲ့ ေငြတိုက္မွာ သိမ္းပါတယ္။ (၇) ရက္တစ္ႀကိမ္ေလာက္ မင္း ဘူးၿမိဳ႕ ၊ ျမန္မာ့စီးပြားေရးဘဏ္မွာ ဖြင့္ထားတဲ့ ေငြစာရင္းထဲကို ထည့္ပါတယ္ " ဟု ဘ႑ာေရးမႉး ဦးေအာင္ၾကည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မန္းစက္ေတာ္ရာဘုရား၏ ဘ႑ာေတာ္ေငြမ်ားအား ျမန္မာ့စီးပြားေရးဘဏ္တြင္ ေငြစာရင္း (၃)ခုျဖင့္ ဖြင့္လွစ္အပ္ႏွံထားျခင္းျဖစ္ၿပီး ဧရာဝတီဘဏ္စာရင္းရိွ လက္က်န္ေငြ က်ပ္(၁၂၁,၉၁၆.၆၃)အပါအဝင္ စုစုေပါင္းပမာဏမွာ က်ပ္(၆၇၂၇၀၂၂၁၇၂.၈၈)ရိွေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု-  ဖီးနစ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မန်းစက်တော်ရာဘုရား၏ ဘဏ္ဍာတော်စာရင်းဖွင့်အပ်နှံထားသည့် ဘဏ်အပ်ငွေ စုစုပေါင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ကျပ်သန်းပေါင်းခြောက်ထောင်ကျော်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့မှ စတင်ကာ ရက်ပေါင်း (၇၀)ကျင်းပနေသည့် ဘုရားပွဲတော်ကာလတွင် ဘုရားဖူးများနေ့စဉ် လှူဒါန်းမှုကို ဂေါပကအဖွဲ့က နေ့စဉ်ထုတ်ပြန်ကြေညာပေးနခြေင်းဖြစ်ပြီး ဖေဖော်ဝါရီလ (၉)ရက်နေ့မှ မတ်လ (၈)ရက်နေ့အထိ လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်(၂၇၅ ,၆၂၆,၄၅၀)ရှိကြောင်း မန်းရွှေစက်တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

"နေ့စဉ် ည(၈)နာရီမှာ ဘဏ္ဍာရေးအဖွဲ့နဲ့ ရုံးဝန်ထမ်းတွေစုပေါင်းပြီး ငွေသိမ်းပြီး ရေတွက်စစ်ဆေးပါတယ်။ အလှူခံရငွေတွေကို ဘဏ္ဍာတော် ထိန်းသိမ်းတဲ့ ငွေတိုက်မှာ သိမ်းပါတယ်။ (၇) ရက်တစ်ကြိမ်လောက် မင်း ဘူးမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်ထားတဲ့ ငွေစာရင်းထဲကို ထည့်ပါတယ် " ဟု ဘဏ္ဍာရေးမှူး ဦးအောင်ကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန်းစက်တော်ရာဘုရား၏ ဘဏ္ဍာတော်ငွေများအား မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်း (၃)ခုဖြင့် ဖွင့်လှစ်အပ်နှံထားခြင်းဖြစ်ပြီး ဧရာဝတီဘဏ်စာရင်းရှိ လက်ကျန်ငွေ ကျပ်(၁၂၁,၉၁၆.၆၃)အပါအဝင် စုစုပေါင်းပမာဏမှာ ကျပ်(၆၇၂၇၀၂၂၁၇၂.၈၈)ရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net