ေရပုတ္ႀကီးေက်းရြာမွ ဆံရစ္ဝိုင္းသမီးပ်ိဳ(၄၅)ဦး ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေလ့လာေရးသြားေရာက္မည္

ေရပုတ္ႀကီးေက်းရြာမွ ဆံရစ္ဝိုင္းသမီးပ်ိဳ(၄၅)ဦး ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေလ့လာေရးသြားေရာက္မည္
မတ် 11, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေရပုတ္ႀကီးေက်းရြာရိွ ဆံရစ္ဝိုင္းသမီးပ်ဳိ (၄၅)ဦးကို ျပည္ေထာင္စု လႊတ္ေတာ္ ေလ့လာေရးခရီးစဥ္ အျဖစ္ မတ္လ(၁၂)ရက္ေန႔တြင္ ပို႔ေဆာင္မည္ေၾကာင္း သိရသည္။

ပြင့္ျဖဴၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းႏွင့္ မေကြးတိုင္းေဒသႀကီး၊ပြင့္ျဖဴ မဲဆႏၵနယ္ အမွတ္(၂) မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္ဆန္း တို႔၏ စီစဥ္မႈ ေက်းရြာ ေဒသခံမ်ား၏ ကူညီပံ့ပိုးမႈျဖင့္ အဆိုပါ ခရီးစဥ္ကို ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအေနျဖင့္ မိမိၿမိဳ႕နယ္ရိွ ေက်းရြာသူေလးမ်ား၏ ရိုးရာယဥ္ေက်းမႈ ေစာင့္ထိန္းပံုကို ေဖာ္ထုတ္ေပးခ်င္သည့္ဆႏၵျဖင့္ စီစဥ္ခဲ့ျခင္း ျဖစ္သည္ဆို၏။

“ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ကိုယ့္ၿမိဳ႕နယ္မွာရိွတဲ့ ေက်းရြာသူေလးေတြရဲ႕ ယဥ္ေက်းမႈေစာင့္ထိန္း ပံုကို ေဖာ္ထုတ္ေပးခ်င္တာပါ။ သူတို႔ေလးေတြရဲ႕ဘဝေတြ၊ စိတ္ဓာတ္ေတြ၊ ခြန္အားေတြကိုလည္း ျမွင့္တင္ ေပးခ်င္တယ္။ သူတို႔ေတြရဲ႕ အသိပညာ ဗဟုသုတ အရမ္းေနာက္က်ခဲ့ၾကတယ္။ အေတာ္မ်ားမ်ားက ေလး၊ ငါး၊ ေျခာက္တန္းနဲ႔ ေက်ာင္းထြက္ၾကရတယ္။သူတို႔ ရဲ႕ ရိုးရာအေမြထိန္းသိမ္းမႈအေပၚ ျပည္တြင္းကသာ မဟုတ္ဘဲ ႏိုင္ငံျခားကပါ စိတ္ဝင္စားေစခ်င္တာလည္း ပါပါတယ္”ဟု ပြင့္ျဖဴ မဲဆႏၵနယ္ အမွတ္(၂) မွ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္ဆန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာ သည္။

ဆံရစ္ဝိုင္းသမီးပ်ိဳ (၄၅)ဦး မွာ ေနျပည္ေတာ္တြင္ တစ္ညအိပ္နားေနကာ ျပည္ေထာင္စုလႊတ္ေတာ္ တြင္ ေလ့လာႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းက စီစဥ္ထားမည္ေၾကာင္းသိရေသာ္လည္း မည္သို႔မည္ပံု ေလ့လာခြင့္ရမည္ဆိုသည္ကိုမူ မသိရိွရေသးဟု ဆိုသည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ေတြ႔ရင္ ေမးဖို႔အစီအစဥ္ေတြကေတာ့ အမ်ားႀကီးရိွပါတယ္။ ဘာေတြ ေဆာင္ရြက္ေနသလဲ၊ ဆက္ၿပီး ဘာေတြေဆာင္ရြက္မလဲ စသျဖင့္ေပါ့။ လႊတ္ေတာ္ ဆိုတာ တီဗြီထဲမွာ ပဲျမင္ဖူးတာ။ ဒီလိုအေတြ႔အႀကံဳမ်ိဳး တစ္ခါမွ မေတြ႔ၾကံဳဖူးေတာ့ ဒီခရီးစဥ္အတြက္ ရင္ခုန္ပါတယ္။ ညီမ ေလးတို႔ရြာမွာ ဒီလိုဆံရစ္ဝိုင္းေလးေတြထားခဲ့ၾကတဲ့ ဆင္ယင္ထံုးဖဲြ႔မႈကို အရင္က အျပစ္တင္ကဲ့ရဲ႕သူေတြ ရိွခဲ့တယ္။ အခုေတာ့ ၂၀၁၄-၂၀၁၅ခုႏွစ္ ေလာက္ကစၿပီး အသိအမွတ္ျပဳ ခ်ီးက်ဴးလာၾကတာေၾကာင့္ ကိုယ္ တျမတ္တႏိုး ထားခဲ့တဲ့ ယဥ္ေက်းမႈအေပၚ ပိုၿပီး ဂုဏ္ယူ ေပ်ာ္ရႊင္ေနၾကပါတယ္”ဟု ေလ့လာေရးခရီတြင္ လိုက္ပါလာသူ ဆံရစ္ဝိုင္းသမီးပ်ိဳ တစ္ဦးက ေျပာသည္။

ေရပုတ္ႀကီးေက်းရြာတြင္ အိမ္ေျခ (၇၀၀)နီးပါး၊ လူဦးေရ (၃,၀၀၀)ေက်ာ္ရိွၿပီး ဆံရစ္ဝိုင္းထားရိွသူ (၆၀၀) ဝန္းက်င္ရိွသည့္တိုင္ အလားတူ ဆံရစ္ဝိုင္းထားရိွေသာ ေညာင္ဦးၿမိဳ႕နယ္ စက္စက္ယိုေက်းရြာ ေလာက္ လူသိမ်ားထင္ရွားျခင္းမရိွေသးေသာ္လည္း ၿပီးခဲ့သည့္ႏွစ္ က က်င္းပခဲ့ေသာ မေကြးတိုင္းေဒသႀကီး မဟာ သၾကၤန္တြင္ ေရပုတ္ႀကီးေက်းရြာမွ ဆံရစ္ဝိုင္းပ်ိဳျဖဴ(၂၀)ဦးကို သၾကၤန္တြင္း၌ ဖိတ္ေခၚေရကစားေစခဲ့ျခင္း၊ မီီယာမ်ား၊ ဓာတ္ပံုဆရာမ်ား၏ ေဖာ္ထုတ္တင္ျပမႈ ရိွလာျခင္းတို႔ေၾကာင့္ အထိုက္အေလွ်ာက္ လူသိမ်ား ထင္ရွားလာခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာရှိ ဆံရစ်ဝိုင်းသမီးပျို (၄၅)ဦးကို ပြည်ထောင်စု လွှတ်တော် လေ့လာရေးခရီးစဉ် အဖြစ် မတ်လ(၁၂)ရက်နေ့တွင် ပို့ဆောင်မည်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနှင့် မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူ မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း တို့၏ စီစဉ်မှု ကျေးရွာ ဒေသခံများ၏ ကူညီပံ့ပိုးမှုဖြင့် အဆိုပါ ခရီးစဉ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များအနဖြေင့် မိမိမြို့နယ်ရှိ ကျေးရွာသူလေးများ၏ ရိုးရာယဉ်ကျေးမှု စောင့်ထိန်းပုံကို ဖော်ထုတ်ပေးချင်သည့်ဆန္ဒဖြင့် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဆို၏။

“ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကိုယ့်မြို့နယ်မှာရှိတဲ့ ကျေးရွာသူလေးတွေရဲ့ ယဉ်ကျေးမှုစောင့်ထိန်း ပုံကို ဖော်ထုတ်ပေးချင်တာပါ။ သူတို့လေးတွေရဲ့ဘဝတွေ၊ စိတ်ဓာတ်တွေ၊ ခွန်အားတွေကိုလည်း မြှင့်တင် ပေးချင်တယ်။ သူတို့တွေရဲ့ အသိပညာ ဗဟုသုတ အရမ်းနောက်ကျခဲ့ကြတယ်။ အတော်များများက လေး၊ ငါး၊ ခြောက်တန်းနဲ့ ကျောင်းထွက်ကြရတယ်။သူတို့ ရဲ့ ရိုးရာအမွေထိန်းသိမ်းမှုအပေါ် ပြည်တွင်းကသာ မဟုတ်ဘဲ နိုင်ငံခြားကပါ စိတ်ဝင်စားစေချင်တာလည်း ပါပါတယ်”ဟု ပွင့်ဖြူ မဲဆန္ဒနယ် အမှတ်(၂) မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြော သည်။

ဆံရစ်ဝိုင်းသမီးပျို (၄၅)ဦး မှာ နပြေည်တော်တွင် တစ်ညအိပ်နားနေကာ ပြည်ထောင်စုလွှတ်တော် တွင် လေ့လာနိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက စီစဉ်ထားမည်ကြောင်းသိရသော်လည်း မည်သို့မည်ပုံ လေ့လာခွင့်ရမည်ဆိုသည်ကိုမူ မသိရှိရသေးဟု ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ရင် မေးဖို့အစီအစဉ်တွေကတော့ အများကြီးရှိပါတယ်။ ဘာတွေ ဆောင်ရွက်နေသလဲ၊ ဆက်ပြီး ဘာတွေဆောင်ရွက်မလဲ စသဖြင့်ပေါ့။ လွှတ်တော် ဆိုတာ တီဗွီထဲမှာ ပဲမြင်ဖူးတာ။ ဒီလိုအတွေ့အကြုံမျိုး တစ်ခါမှ မတွေ့ကြုံဖူးတော့ ဒီခရီးစဉ်အတွက် ရင်ခုန်ပါတယ်။ ညီမ လေးတို့ရွာမှာ ဒီလိုဆံရစ်ဝိုင်းလေးတွေထားခဲ့ကြတဲ့ ဆင်ယင်ထုံးဖွဲ့မှုကို အရင်က အပြစ်တင်ကဲ့ရဲ့သူတွေ ရှိခဲ့တယ်။ အခုတော့ ၂၀၁၄-၂၀၁၅ခုနှစ် လောက်ကစပြီး အသိအမှတ်ပြု ချီးကျူးလာကြတာကြောင့် ကိုယ် တမြတ်တနိုး ထားခဲ့တဲ့ ယဉ်ကျေးမှုအပေါ် ပိုပြီး ဂုဏ်ယူ ပျော်ရွှင်နကြေပါတယ်”ဟု လေ့လာရေးခရီတွင် လိုက်ပါလာသူ ဆံရစ်ဝိုင်းသမီးပျို တစ်ဦးက ပြောသည်။

ရေပုတ်ကြီးကျေးရွာတွင် အိမ်ခြေ (၇၀၀)နီးပါး၊ လူဦးရေ (၃,ဝဝဝ)ကျော်ရှိပြီး ဆံရစ်ဝိုင်းထားရှိသူ (၆၀၀) ဝန်းကျင်ရှိသည့်တိုင် အလားတူ ဆံရစ်ဝိုင်းထားရှိသော ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာ လောက် လူသိများထင်ရှားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့်နှစ် က ကျင်းပခဲ့သော မကွေးတိုင်းဒေသကြီး မဟာ သင်္ကြန်တွင် ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်းပျိုဖြူ(၂၀)ဦးကို သင်္ကြန်တွင်း၌ ဖိတ်ခေါ်ရေကစားစေခဲ့ခြင်း၊ မီယာများ၊ ဓာတ်ပုံဆရာများ၏ ဖော်ထုတ်တင်ပြမှု ရှိလာခြင်းတို့ကြောင့် အထိုက်အလျှောက် လူသိများ ထင်ရှားလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net