မယ္ဆုိင္ဂူတြင္း ပိတ္မိခဲ့သည့္ (၁၃)ဦးႏွင့္ ပတ္သက္၍ Netflix တြင္ ျပသမည့္ ရုပ္ရွင္စီးရီးအတြက္ တစ္ဦးကို ထိုင္းဘတ္ေငြ (၃)သန္းစီ ေပးမည္

မယ္ဆုိင္ဂူတြင္း ပိတ္မိခဲ့သည့္ (၁၃)ဦးႏွင့္ ပတ္သက္၍ Netflix တြင္ ျပသမည့္ ရုပ္ရွင္စီးရီးအတြက္ တစ္ဦးကို ထိုင္းဘတ္ေငြ (၃)သန္းစီ ေပးမည္
မတ် 8, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ရွိ ထမ့္လြမ္ဂူတြင္း ေတာဝက္ေဘာလံုးအသင္းမွ (၁၃)ဦး ႏွစ္ပတ္ၾကာပိတ္မိခဲ့သည့္ အျဖစ္အပ်က္ကို Netflix တြင္ စီးရီးအျဖစ္ ထုတ္လႊင့္မည့္ ေဟာလိဝုဒ္ SK Global Entertainment က အဆိုပါ (၁၃)ဦးအတြက္ တစ္ဦးလွ်င္ ဘတ္(၃)သန္းစီေပးအပ္မည္ျဖစ္ေၾကာင္း ထုိင္းယဥ္ေက်းမႈဝန္ႀကီးက ၂၀၁၉ ခုႏွစ္၊ မတ္လ (၇)ရက္ေန႔တြင္ သတင္းထုတ္ျပန္လုိက္သည္။

Crazy Rich Asians၊ 9 and half Weeks၊ Swimfan၊ Age of Adeline စသည္တို႔ကို ထုတ္လုပ္ေနသည့္ SK Global က အဆိုပါ အျဖစ္အပ်က္ ရုပ္သံစီးရီးထုတ္လုပ္မႈအတြက္ ေဘာလံုးအဖြဲ႕ဝင္ (၁၃)ဦးကို ဘတ္(၃)သန္းစီ ေပးအပ္ျခင္းျဖစ္ၿပီး ကယ္ဆယ္ေရးလုပ္ငန္းအတြင္း ပါဝင္ခဲ့သည့္ အဖြဲ႕အစည္းမ်ား၊ ေဖာင္ေဒးရွင္းမ်ားသို႔လည္း ေငြေၾကးေပးအပ္မႈမ်ားရိွမည္ျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံတကာကယ္ဆယ္ေရးမ်ားပူးေပါင္းပါဝင္ခဲ့သည့္ မယ္ဆုိင္ဂူကယ္ဆယ္ေရးအျဖစ္အပ်က္အား ရုပ္ရွင္ရုိက္ကူးရန္ စိတ္ဝင္စားမႈျမင့္ေနရာ ရိုက္ကူးခြင့္၊မူပိုင္ခြင့္မ်ားႏွင့္ ပတ္သက္၍ ခြင့္ျပဳခ်က္ေပးရန္ႏွင့္ညိႇႏိႈင္းျခင္းမ်ား ေဆာင္ရြက္ရန္ 13 Tham Luang Company ကို ဖြဲ႕စည္းတည္ေထာင္ထားၿပီး ယဥ္ေက်းမႈဝန္ႀကီးက
ေျပာေရးဆိုခြင့္ရိွသူအျဖစ္ တာဝန္ယူထားျခင္းျဖစ္သည္။

ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔အေနျဖင့္ အဆိုပါကုမၸဏီ၏ ခြင့္ျပဳခ်က္မရိွဘဲ မည္သည့္သတင္းမီဒီယာကိုမွ အင္တာဗ်ဴး ေျဖၾကားခြင့္မ်ား မရိွေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation
Photo: MGRonline


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူတွင်း တောဝက်ဘောလုံးအသင်းမှ (၁၃)ဦး နှစ်ပတ်ကြာပိတ်မိခဲ့သည့် အဖြစ်အပျက်ကို Netflix တွင် စီးရီးအဖြစ် ထုတ်လွှင့်မည့် ဟောလိဝုဒ် SK Global Entertainment က အဆိုပါ (၁၃)ဦးအတွက် တစ်ဦးလျှင် ဘတ်(၃)သန်းစီပေးအပ်မည်ဖြစ်ကြောင်း ထိုင်းယဉ်ကျေးမှုဝန်ကြီးက ၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

Crazy Rich Asians၊ 9 and half Weeks၊ Swimfan၊ Age of Adeline စသည်တို့ကို ထုတ်လုပ်နေသည့် SK Global က အဆိုပါ အဖြစ်အပျက် ရုပ်သံစီးရီးထုတ်လုပ်မှုအတွက် ဘောလုံးအဖွဲ့ဝင် (၁၃)ဦးကို ဘတ်(၃)သန်းစီ ပေးအပ်ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ပါဝင်ခဲ့သည့် အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများသို့လည်း ငွေကြေးပေးအပ်မှုများရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာကယ်ဆယ်ရေးများပူးပေါင်းပါဝင်ခဲ့သည့် မယ်ဆိုင်ဂူကယ်ဆယ်ရေးအဖြစ်အပျက်အား ရုပ်ရှင်ရိုက်ကူးရန် စိတ်ဝင်စားမှုမြင့်နေရာ ရိုက်ကူးခွင့်၊မူပိုင်ခွင့်များနှင့် ပတ်သက်၍ ခွင့်ပြုချက်ပေးရန်နှင့်ညှိနှိုင်းခြင်းများ ဆောင်ရွက်ရန် 13 Tham Luang Company ကို ဖွဲ့စည်းတည်ထောင်ထားပြီး ယဉ်ကျေးမှုဝန်ကြီးကပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။

ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့အနဖြေင့် အဆိုပါကုမ္ပဏီ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်သတင်းမီဒီယာကိုမှ အင်တာဗျူး ဖြကြေားခွင့်များ မရှိကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation
Photo: MGRonline

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net