တာခ်ီလိတ္ၿမိဳ႕ လြယ္စတံု(ေအာက္)ရြာရွိ ေတာင္ယာအတြင္း ေခြးမ်ားဆြဲမႈေၾကာင့္ ေျမႀကီးတြင္းမွ ေပၚလာသည့္ အေလာင္းကို စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕ လြယ္စတံု(ေအာက္)ရြာရွိ ေတာင္ယာအတြင္း ေခြးမ်ားဆြဲမႈေၾကာင့္ ေျမႀကီးတြင္းမွ ေပၚလာသည့္ အေလာင္းကို စစ္ေဆး
မတ် 6, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စတုံ(ေအာက္)ေက်း႐ြာရိွ ေတာင္ယာအတြင္း ေခြးမ်ားဆြဲ၍ ေပၚလာသည့္ အေလာင္းႏွင့္ ပတ္သက္၍ ၂၀၁၉ ခုႏွစ္၊ မတ္လ (၆) ရက္ေန႔က တူးေဖၚစစ္ေဆးၿပီးေနာက္ ေသဆံုးသူမွာ အမ်ိဳးသားျဖစ္သည္ဟု မႈခင္းဆရာဝန္က အတည္ျပဳေၾကာင္း သိရသည္။

ဝမ္လံုေက်းရြာအုပ္စု၊ လြယ္စတံု(ေအာက္)ေက်းရြာ သခ်ဳႋင္းအနီးရိွ ဦးလီဆာ၏ ေတာင္ယာတဲအစပ္နားတြင္ ေခြးမ်ားဆြဲ၍ ေျမႀကီးအတြင္းမွ ေပၚလာသည့္ လူေသအေလာင္းတစ္ေလာင္းေတြ႔ရေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္က  တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ထံ မတ္လ(၅)ရက္ေန႔ ညေန (၃)နာရီက အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သက္ဆိုင္ရာမွ ပူးေပါင္းအဖြဲ႔ျဖင့္ အခင္းျဖစ္ေနရာအား မတ္လ (၅)ရက္ေန႔က သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာ ေျမႀကီးႏွင့္သစ္ရြက္ေျခာက္မ်ားဖံုးလ်က္ ေျခေထာက္တစ္ဖက္ ေျမႀကီးေပၚ ေပၚေနသည့္အေလာင္းအား ေတြ႔ရျခင္းျဖစ္ၿပီး က်ား/မခြဲ၍ မရေတာ့ဘဲ အရိုးမ်ားက်ေနၿပီး Boss တံဆိပ္ပါ ခါးပတ္ျဖင့္ ေဘာင္းဘီရွည္ဝတ္ထားသည္ကို ေတြ႔ခဲ့ရေၾကာင္း သိရသည္။

သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္  မတ္လ (၆)ရက္ေန႔ နံနက္ (၁၀)နာရီက အေလာင္းအား တူးေဖၚၿပီး ေသဆံုးရျခင္းအေၾကာင္းရင္းကို အမႈဖြင့္ စစ္ေဆးခဲ့ၾကျခင္းျဖစ္သည္။

"မေန႔(မတ္လ (၅) ရက္) ေန႔လည္ေလာက္က သတင္း၀င္တယ္။ အေလာင္းျမႇဳပ္ထားတယ္ေပါ့။ သခ်ဳႋင္းနဲ႔လည္းနီးတယ္ေပါ့။ အေၾကာင္းၾကားလာတာနဲ႔ သြားၾကည့္ၾကတယ္။ ဒီေန႔မနက္မွာပဲ ေဖာ္ၾကတာ။ ဒီမနက္ (မတ္လ (၆) ရက္) တူးေဖာ္ၿပီးစစ္တာ (၄၅) မိနစ္ (၁) နာရီေလာက္ၾကာတာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အေလာင္းအား မႈခင္းဆရာဝန္၏ေဆးစစ္ခ်က္ရယူၿပီးေနာက္ ေတာင္ယာပိုင္ရွင္၏ ခြင့္ျပဳခ်က္ျဖင့္ အဆိုပါေနရာတြင္ ျပန္လည္ျမဳပ္ႏွံလုိက္ေၾကာင္း ႏွင့္ ေသဆံုးမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၆/၂၀၁၉)ျဖင့္ အမႈဖြင့္စံုစမ္းေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ကျေးရွာရှိ တောင်ယာအတွင်း ခွေးများဆွဲ၍ ပေါ်လာသည့် အလောင်းနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ မတ်လ (၆) ရက်နေ့က တူးဖော်စစ်ဆေးပြီးနောက် သေဆုံးသူမှာ အမျိုးသားဖြစ်သည်ဟု မှုခင်းဆရာဝန်က အတည်ပြုကြောင်း သိရသည်။

ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ကျေးရွာ သင်္ချိုင်းအနီးရှိ ဦးလီဆာ၏ တောင်ယာတဲအစပ်နားတွင် ခွေးများဆွဲ၍ မြကြေီးအတွင်းမှ ပေါ်လာသည့် လူသေအလောင်းတစ်လောင်းတွေ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်က တာချီလိတ်မြို့မရဲတပ်ဖွဲ့ထံ မတ်လ(၅)ရက်နေ့ ညနေ (၃)နာရီက အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ ပူးပေါင်းအဖွဲ့ဖြင့် အခင်းဖြစ်နေရာအား မတ်လ (၅)ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြကြေီးနှင့်သစ်ရွက်ခြောက်များဖုံးလျက် ခြေထောက်တစ်ဖက် မြကြေီးပေါ် ပေါ်နေသည့်အလောင်းအား တွေ့ရခြင်းဖြစ်ပြီး ကျား/မခွဲ၍ မရတော့ဘဲ အရိုးများကျနပြေီး Boss တံဆိပ်ပါ ခါးပတ်ဖြင့် ဘောင်းဘီရှည်ဝတ်ထားသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မတ်လ (၆)ရက်နေ့ နံနက် (၁၀)နာရီက အလောင်းအား တူးဖော်ပြီး သေဆုံးရခြင်းအကြောင်းရင်းကို အမှုဖွင့် စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

"မနေ့(မတ်လ (၅) ရက်) နေ့လည်လောက်က သတင်းဝင်တယ်။ အလောင်းမြှုပ်ထားတယ်ပေါ့။ သင်္ချိုင်းနဲ့လည်းနီးတယ်ပေါ့။ အကြောင်းကြားလာတာနဲ့ သွားကြည့်ကြတယ်။ ဒီနေ့မနက်မှာပဲ ဖော်ကြတာ။ ဒီမနက် (မတ်လ (၆) ရက်) တူးဖော်ပြီးစစ်တာ (၄၅) မိနစ် (၁) နာရီလောက်ကြာတာပေါ့"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အလောင်းအား မှုခင်းဆရာဝန်၏ဆေးစစ်ချက်ရယူပြီးနောက် တောင်ယာပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် အဆိုပါနေရာတွင် ပြန်လည်မြုပ်နှံလိုက်ကြောင်း နှင့် သေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၉)ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net