သင်္ကြန်ကာလအတွင်း မှုခင်းလျော့နည်းရေးအတွက် ကွမ်းယာဆိုင် နှင့် ဆေးဆိုင်များကို ရှောင်တခင် ၀င်စစ်

သင်္ကြန်ကာလအတွင်း မှုခင်းလျော့နည်းရေးအတွက် ကွမ်းယာဆိုင် နှင့် ဆေးဆိုင်များကို ရှောင်တခင် ၀င်စစ်
မတ် 13, 2019
By Tachileik News Agency

သင်္ကြန်ကာလမှုခင်းလျော့နည်းရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်များနှင့် ကွမ်းယာဆိုင်များကို ရှောင်တခင် စစ်ဆေးခြင်းအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

"ကျိုင်းလပ်မြို့ပေါ်မှာရှိတဲ့ ဆေးဆိုင်တွေ ကွမ်းယာဆိုင်တွေ အကုန်လုံး စစ်တာပေါ့။ ကာမရာဂစိတ်ကြွဆေးတွေ ရောင်းချနေရှိ၊ မရှိ လိုက်စစ်ဆေးတာပေါ့။ ရှိရင်လည်းတားဆီးဖမ်းဆီးရေးအတွက် ဆောင်ရွက်တာပေါ့။ မှုခင်းပညာပေးမှုတွေလည်း လုပ်ဆောင်ခဲ့တာ။ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ပေါ့"ဟု ကျိုင်းလပ်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်းလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ကာလအတွင်း မှုခင်း မဖြစ်ပွားစေရေးနှင့် လုံခြုံရေးအတွက် မိုင်းယောင်းမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများဖြင့် ပူးပေါင်းကာ ဆက်လက်၍ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net