က်ဳိင္းတံုၿမိဳ႕ က်ဳိင္းေဖာင္းတြင္ ယစ္မ်ဳိးလိုင္စင္မရွိဘဲ အရက္ဘီယာေရာင္းခ်ေနသည့္ ဆိုင္ကို ၀င္ေရာက္စစ္ေဆးၿပီး ဖမ္းဆီးအေရးယူ

က်ဳိင္းတံုၿမိဳ႕ က်ဳိင္းေဖာင္းတြင္ ယစ္မ်ဳိးလိုင္စင္မရွိဘဲ အရက္ဘီယာေရာင္းခ်ေနသည့္ ဆိုင္ကို ၀င္ေရာက္စစ္ေဆးၿပီး ဖမ္းဆီးအေရးယူ
မတ် 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ က်ိဳင္းေဖါင္းေက်းရြာတြင္ လုိင္စင္မရွိဘဲ အရက္ေရာင္းသည့္ဆိုင္ကို ဝင္ေရာက္ရွာေဖြၿပီး အရက္ေရာင္းခ်သည့္ အသက္ (၂၈)ႏွစ္အရြယ္ လူငယ္ကို အေရးယူထားေၾကာင္း သိရသည္။

က်ိဳင္းေဖါင္းေက်းရြာရိွ ၿဖိဳးသီဟေအာင္၏ ဆိုင္တြင္ ယစ္မ်ိဳးလုိင္စင္မရိွဘဲ အရက္မ်ားေရာင္းခ်ေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၁)ရက္ေန႔ ည(၉)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ဝင္ေရာက္စစ္ေဆးရာ High Class ဝီစကီ (၆)ပုလင္း၊ Grand Royal Special ဝီစကီ (၄)ပုလင္း၊ Grand Royal Black ဝီစကီ (၂)ပုလင္း၊ Grand Royal ဝီစကီ (၁)ပုလင္းႏွင့္ Myanmar Beer (၄)ဗူးတုိ႔ကို ရွာေဖြေတြ႔ရိွရၿပီး အရက္ေရာင္းခ်ခြင့္အတြက္ ယစ္မ်ိဳးလုိင္စင္မရိွေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

ၿဖိဳးသီဟေအာင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၆၃/၂၀၁၉၊ ယစ္မ်ိဳးဥပေဒပုဒ္မ ၃၇ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းကျေးရွာတွင် လိုင်စင်မရှိဘဲ အရက်ရောင်းသည့်ဆိုင်ကို ဝင်ရောက်ရှာဖွပြေီး အရက်ရောင်းချသည့် အသက် (၂၈)နှစ်အရွယ် လူငယ်ကို အရေးယူထားကြောင်း သိရသည်။

ကျိုင်းဖောင်းကျေးရွာရှိ ဖြိုးသီဟအောင်၏ ဆိုင်တွင် ယစ်မျိုးလိုင်စင်မရှိဘဲ အရက်များရောင်းချနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်အချိန်တွင် ဝင်ရောက်စစ်ဆေးရာ High Class ဝီစကီ (၆)ပုလင်း၊ Grand Royal Special ဝီစကီ (၄)ပုလင်း၊ Grand Royal Black ဝီစကီ (၂)ပုလင်း၊ Grand Royal ဝီစကီ (၁)ပုလင်းနှင့် Myanmar Beer (၄)ဗူးတို့ကို ရှာဖွေတွေ့ရှိရပြီး အရက်ရောင်းချခွင့်အတွက် ယစ်မျိုးလိုင်စင်မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ဖြိုးသီဟအောင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၂၆၃/၂၀၁၉၊ ယစ်မျိုးဥပဒေပုဒ်မ ၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net