မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် မူးယစ်တပ်ဖွဲ့စုများ တိုးချဲ့ဖွဲ့စည်းမည်

မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် မူးယစ်တပ်ဖွဲ့စုများ တိုးချဲ့ဖွဲ့စည်းမည်
မတျ 4, 2019
By Tachileik News Agency



မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထူးခြားသည့် မှုခင်းများ၊ ပမာဏများပြားသည့် မှုခင်းများ၊ ဂိုဏ်းဖွဲ့ကျူးလွန်သည့် မှုခင်းများ၊ နိုင်ငံဖြတ်ကျော် ကျူးလွန်သည့် မှုခင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တိုက်ရိုက်ကြီးကြပ်လျက် ရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပေးပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက် လျက်ရှိနေကြောင်း၊ အုပ်စုဖွဲ့၍ နိုင်ငံဖြတ်ကျော်ကျူးလွန်သော မူးယစ်ဆေးဝါးမှုခင်းများတွင် ပါဝင်သည့် ကွင်းဆက်ကျူးလွန်မှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများရှိ ရဲတပ်ဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် အာဆီယံရဲတပ်ဖွဲ့( ASEAN NARCO ) အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol)၊ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး ဗဟိုအဖွဲ့(CCDAC)အနေဖြင့် မနီကာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)၊ တရုတ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်မှု အဖွဲ့ရုံး(ONCP)တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

၂၀၁၉ ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်  ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက် တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာ တစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေး အဆိုအပေါ်တွင် ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်စည်။

 


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စုများတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

"မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ (၃) ခွဲ၊ တပ်ဖွဲ့စု (၅၀) စု၊ အရာရှိ (၄၀၁)ဦး၊ အခြားအဆင့် (၈၀၂)ဦး စုစုပေါင်း (၁,၂၀၃)ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိတဲ့အပြင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရေးအတွက် တပ်ဖွဲ့ခွဲ (၁၀) ခွဲ တပ်ဖွဲ့စု (၆၅)စု အထိတိုးချဲ့ ဖွဲ့စည်းနိုင်ရေးလျာထားဆောင်ရွက်လျှက်ရှိပါတယ်"ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနဖြေင့် ထူးခြားသည့် မှုခင်းများ၊ ပမာဏများပြားသည့် မှုခင်းများ၊ ဂိုဏ်းဖွဲ့ကျူးလွန်သည့် မှုခင်းများ၊ နိုင်ငံဖြတ်ကျော် ကျူးလွန်သည့် မှုခင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တိုက်ရိုက်ကြီးကြပ်လျက် ရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပေးပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက် လျက်ရှိနေကြောင်း၊ အုပ်စုဖွဲ့၍ နိုင်ငံဖြတ်ကျော်ကျူးလွန်သော မူးယစ်ဆေးဝါးမှုခင်းများတွင် ပါဝင်သည့် ကွင်းဆက်ကျူးလွန်မှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများရှိ ရဲတပ်ဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် အာဆီယံရဲတပ်ဖွဲ့( ASEAN NARCO ) အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol)၊ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး ဗဟိုအဖွဲ့(CCDAC)အနဖြေင့် မနီကာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)၊ တရုတ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်မှု အဖွဲ့ရုံး(ONCP)တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

၂၀၁၉ ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအေဝးတွင် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက် တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာ တစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေး အဆိုအပေါ်တွင် ဒုတိယဝန်ကြီးက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်စည်။

ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံး၊ တရားရေးဌာန၊ အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ရုံး(DEA)မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် အမေရိကန်ဒေါ်လာ ၁၈၉၇၂၆.၃၅ ဒေါ်လာ တန်ဖိုးရှိ အထောက်အကူပြုပစ္စည်း (၁၉)မျိုးကို ၂၀၁၉ခုနှစ် မတ်လ (၁) ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net