လူေပါင္း (၃၄၆)ဦးေသဆံုးခဲ့ရၿပီးေနာက္ ဘိုးရင္း 737 MAX 8 အသံုးျပဳမႈရပ္ဆုိင္းသည့္ ႏုိင္ငံအေရအတြက္ တိုးလာ

လူေပါင္း (၃၄၆)ဦးေသဆံုးခဲ့ရၿပီးေနာက္ ဘိုးရင္း 737 MAX 8 အသံုးျပဳမႈရပ္ဆုိင္းသည့္ ႏုိင္ငံအေရအတြက္ တိုးလာ
မတ် 13, 2019
By 🌸
(၅)လတာအတြင္း ဘိုးရင္း 737 MAX 8 ေလယာဥ္ (၂)စင္းပ်က္က်မႈေၾကာင့္ လူေပါင္း (၃၄၆)ဦး ေသဆံုးခဲ့ၿပီးေနာက္ ခရီးသည္မ်ားက  ေလယာဥ္အမ်ိဳးအစားေရြးခ်ယ္မႈမ်ားရိွလာၿပီး အဆိုပါ ေလယာဥ္အမ်ိဳးအစားမ်ား ပ်ံသန္းျခင္းကို ရပ္ဆုိင္းလုိက္သည့္ ႏိုင္ငံအေရအတြက္လည္း တိုးလာေနသည္။
စကၤာပူ၊ တရုတ္၊ ေတာင္ကိုရီးယား၊ အင္ဒိုနီးရွား၊ မေလးရွား၊ အိႏၵိယ၊ကူဝိတ္၊ ၿဗိတိန္၊ ၾသစေတးလ်၊ မကၠဆီကို၊ အီသီယိုးပီးယား၊ အာဖရိက၊ ေတာင္အာဖရိက၊ ေမာ္ရိုကို၊ တူရကီ၊ ေနာ္ေဝ၊ အိုမန္၊ အိုင္ယာလန္၊ ေျမာက္အေမရိကႏုိင္ငံမ်ား၊ ေတာင္အေမရိကႏုိင္ငံမ်ားႏွင့္ ဥေရာပႏုိင္ငံမ်ားတြင္ အဆိုပါေလယာဥ္အမ်ိဳးအစားမ်ား ဆင္းသက္ခြင့္ရပ္ဆုိင္းျခင္း၊ လက္ရိွအသံုးျပဳေနသည္မ်ားကို ရပ္ဆုိင္းျခင္းမ်ား လုပ္ေဆာင္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။
လူေပါင္း (၁၅၇)ဦးလိုက္ပါသြားသည့္ အီသီယိုးပီးယားေလေၾကာင္းလုိင္းမွ Boeing 737 MAX 8 ေလယာဥ္မွာ ၂၀၁၉ ခုႏွစ္ မတ္လ (၁၀)ရက္ေန႔က ကြင္းမွတက္ၿပီး (၆)မိနစ္အတြင္း ပ်က္က်သြားခဲ့ရာ လိုက္ပါသူအားလံုး ေသဆံုးသြားခဲ့ၿပီး အမ်ိဳးအစားတူေလယာဥ္ျဖစ္သည့္ အင္ဒိုနီးရွား Lion ေလေၾကာင္းလုိင္းမွ ေလယာဥ္တစ္စီးမွာလည္း လြန္ခဲ့သည့္(၅)လခန္႔က ခရီးသည္ (၁၈၉)ဦးႏွင့္အတူ ပ်က္က်ခဲ့သျဖင့္ လက္ရိွတြင္ ေလေၾကာင္းလုိင္းေပါင္း (၂၅)ခုက ၎တို႔အသံုးျပဳေနသည့့္ Boeing 737 MAX 8 ေလယာဥ္မ်ားကို ဆက္လက္အသံုးမျပဳေတာ့ဘဲ ရပ္ဆုိင္းလုိက္ၾကေၾကာင္း သိရသည္။
ဘိုးရင္းကုမၸဏီက ေလယာဥ္ပ်က္က်မႈမ်ားအား စံုစမ္းစစ္ေဆးမႈမ်ားတြင္ အနီးကပ္ပါဝင္ေဆာင္ရြက္ေနၿပီး MAX မိသားစုအေနျဖင့္ ေလယာဥ္မ်ား၏ ေဘးကင္းလံုၿခံဳေရးလုိက္နာေဆာင္ရြက္ရမည့္အဆင့္မ်ားအားလံုးကို ေဆာင္ရြက္ထားပါသျဖင့္ 737 MAX ၏ လံုၿခံဳေဘးကင္းမႈအေပၚ ယံုၾကည္မႈရိွေၾကာင္း ဘိုးရင္းကုမၸဏီ၏ စီအီးအိုက ကုမၸဏီဝန္ထမ္းမ်ားထံေပးပို႔သည့္စာတြင္ ေဖၚျပထားေၾကာင္း သိရသည္။
ေလယာဥ္ပ်က္က်မႈျဖစ္စဥ္ျဖစ္ပြားၿပီး ေနာက္တစ္ေန႔တြင္ အီသီယိုပီးယားႏုိင္ငံ၏ ဝမ္းနည္းျခင္းေန႔အျဖစ္ အီသီယိုးပီးယား ဝန္ႀကီးခ်ဳပ္က ေၾကညာထားသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

လူပေါင်း (၃၄၆)ဦးသေဆုံးခဲ့ရပြီးနောက် ဘိုးရင်း 737 MAX 8 အသုံးပြုမှုရပ်ဆိုင်းသည့် နိုင်ငံအရေအတွက် တိုးလာ
************
(၅)လတာအတွင်း ဘိုးရင်း 737 MAX 8 လေယာဉ် (၂)စင်းပျက်ကျမှုကြောင့် လူပေါင်း (၃၄၆)ဦး သေဆုံးခဲ့ပြီးနောက် ခရီးသည်များက  လေယာဉ်အမျိုးအစားရွေးချယ်မှုများရှိလာပြီး အဆိုပါ လေယာဉ်အမျိုးအစားများ ပျံသန်းခြင်းကို ရပ်ဆိုင်းလိုက်သည့် နိုင်ငံအရေအတွက်လည်း တိုးလာနေသည်။

စင်္ကာပူ၊ တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ကူဝိတ်၊ ဗြိတိန်၊ သြစတေးလျ၊ မက္ကဆီကို၊ အီသီယိုးပီးယား၊ အာဖရိက၊ တောင်အာဖရိက၊ မော်ရိုကို၊ တူရကီ၊ နော်ဝေ၊ အိုမန်၊ အိုင်ယာလန်၊ မြောက်အမေရိကနိုင်ငံများ၊ တောင်အမေရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် အဆိုပါလေယာဉ်အမျိုးအစားများ ဆင်းသက်ခွင့်ရပ်ဆိုင်းခြင်း၊ လက်ရှိအသုံးပြုနေသည်များကို ရပ်ဆိုင်းခြင်းများ လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

လူပေါင်း (၁၅၇)ဦးလိုက်ပါသွားသည့် အီသီယိုးပီးယားလေကြောင်းလိုင်းမှ Boeing 737 MAX 8 လေယာဉ်မှာ ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့က ကွင်းမှတက်ပြီး (၆)မိနစ်အတွင်း ပျက်ကျသွားခဲ့ရာ လိုက်ပါသူအားလုံး သေဆုံးသွားခဲ့ပြီး အမျိုးအစားတူလေယာဉ်ဖြစ်သည့် အင်ဒိုနီးရှား Lion လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးမှာလည်း လွန်ခဲ့သည့်(၅)လခန့်က ခရီးသည် (၁၈၉)ဦးနှင့်အတူ ပျက်ကျခဲ့သဖြင့် လက်ရှိတွင် လေကြောင်းလိုင်းပေါင်း (၂၅)ခုက ၎င်းတို့အသုံးပြုနေသည့် Boeing 737 MAX 8 လေယာဉ်များကို ဆက်လက်အသုံးမပြုတော့ဘဲ ရပ်ဆိုင်းလိုက်ကြကြောင်း သိရသည်။

ဘိုးရင်းကုမ္ပဏီက လေယာဉ်ပျက်ကျမှုများအား စုံစမ်းစစ်ဆေးမှုများတွင် အနီးကပ်ပါဝင်ဆောင်ရွက်နေပြီး MAX မိသားစုအနေဖြင့် လေယာဉ်များ၏ ဘေးကင်းလုံခြုံရေးလိုက်နာဆောင်ရွက်ရမည့်အဆင့်များအားလုံးကို ဆောင်ရွက်ထားပါသဖြင့် 737 MAX ၏ လုံခြုံဘေးကင်းမှုအပေါ် ယုံကြည်မှုရှိကြောင်း ဘိုးရင်းကုမ္ပဏီ၏ စီအီးအိုက ကုမ္ပဏီဝန်ထမ်းများထံပေးပို့သည့်စာတွင် ဖေါ်ပြထားကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့တွင် အီသီယိုပီးယားနိုင်ငံ၏ ဝမ်းနည်းခြင်းနေ့အဖြစ် အီသီယိုးပီးယား ဝန်ကြီးချုပ်က ကြေညာထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net