ဖြဲ႔စည္းပံုအေျခခံဥပေဒ ၂၀၀၈ ႏွင့္ ျမန္မာ့ႏိုင္ငံေရးအေရြ႕ စကား၀ိုင္းေဆြးေႏြးပြဲ မေကြးတြင္ ျပဳလုပ္

ဖြဲ႔စည္းပံုအေျခခံဥပေဒ ၂၀၀၈ ႏွင့္ ျမန္မာ့ႏိုင္ငံေရးအေရြ႕ စကား၀ိုင္းေဆြးေႏြးပြဲ မေကြးတြင္ ျပဳလုပ္
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ဖြဲ႔စည္းပံုအေျခခံဥပေဒ ၂၀၀၈ ႏွင့္ ျမန္မာ့ႏိုင္ငံေရးအေရြ႕ စကား၀ိုင္းေဆြးေႏြးပြဲကို ယံုၾကည္ရာ အသိပညာျပန္႔ပြားေရးအသင္း၏ စီစဥ္မႈျဖင့္  ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔ ေန႔လယ္ပိုင္းက မေကြးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ျပဳလုပ္ခဲ့ၾကသည္။

“ကြ်န္ေတာ္တုိ႔ နုိင္ငံဟာ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကုိသြားဖို႔ ေဖာ္ေဆာင္ေနတာျဖစ္လို႔ ေဖာ္ေဆာင္ ေပးနုိင္မယ့္ ဖြဲ႔စည္းပံုတစ္ရပ္ျဖစ္လာမွသာ ကြ်န္ေတာ္တုိ႔ နုိင္ငံသား အားလံုးရဲ႕ ဘံုရည္မွန္းခ်က္ကို ေရာက္ရိွမွာ ျဖစ္ပါတယ္။ ဖြဲ႔စည္းပံုအေျခခံဥပေဒကုိ ဘယ္လိုျပင္ဆင္ၾကရင္ေကာင္းမလဲ၊ ဘာေတြျဖည့္စြက္ရင္ ေကာင္းမလဲ၊ ဘယ္လို ညွိနႈိင္း ေဆာင္ရြက္ရင္ေကာင္းမလဲ ဆိုတာေတြကို ေဆြးေႏြးနုိင္ၾကဖို႔ ဒီလိုစကားဝိုင္း ျပဳလုပ္ရတာျဖစ္ပါတယ္”ဟု ယံုၾကည္ ရာ အသိပညာ ျပန္႔ပြားေရးအသင္း  အမႈေဆာင္ေကာ္မတီဝင္ ဦးတင္ထြန္းေအာင္ က ေျပာသည္။

အဆုိပါ စကားဝုိင္းေဆြးေႏြးပြဲတြင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဗဟုိျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမွဴး မံုရြာ ဦးေအာင္ရွင္၊ မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌ ေဒါက္တာ ေအာင္နုိင္ဦး၊ The Voice Journal အမႈေဆာင္အရာရွိခ်ဳပ္ ဦးေဇယ်သူ၊ ISP-Myanmar ျပင္ပဆက္ဆံေရးဒါရိုက္တာ ဦးေအာင္သူျငိမ္း တုိ႔က ၂၀၀၈ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးဆြဲနုိင္ေရး အတြက္ ဦးေဆာင္ေဆြးေႏြးၾကၿပီး တက္ေရာက္လာသူမ်ား၏ ျပန္လည္ေဆြးေႏြးေမးျမန္းခ်က္မ်ားအေပၚ ေျဖၾကားၾကေၾကာင္း သိရသည္။

“ဒီေန႔ စကားဝိုင္းက တစ္နုိင္ငံလံုးက သိပ္ၿပီးေတာ့ ေမွ်ာ္လင့္ေနတဲ့အေၾကာင္းအရာအေပၚမွာ ေဆြးေႏြးတဲ့ စကားဝိုင္း ျဖစ္ပါတယ္။ အထူးသျဖင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဘယ္လိုျပဳျပင္ေျပာင္းလဲေရးလုပ္မလဲ၊ ဘယ္လုိအတည္ျပဳ ေအာင္လုပ္မလဲ၊ ဘာေတြေျပာင္းလဲမလဲဆုိတာကို ျပည္သူလူထုက သိပ္ၿပီးေတာ့ သိခ်င္ေနၾကတယ္။ ဒီအေၾကာင္းအရာအေပၚမွာ ကြ်န္ေတာ္တုိ႔က ေဆြးေႏြးၾကတာျဖစ္လုိ႔ ေတာ္ေတာ္လည္း တန္ဖိုးရွိပါတယ္။ ဒီေပၚမွာ စိတ္ဝင္တစားနဲ႔ တက္ေရာက္ေဆြးေႏြးေမးျမန္းၾကတဲ့ မေကြးေဒသခံေတြကုိ အလြန္ေလးစားစရာေကာင္းတယ္လုိ႔ ေျပာခ်င္ပါတယ္။ အားလံုးကေမွ်ာ္မွန္းေနတဲ့ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကိုု အေႏွးနဲ႔အျမန္ ရလာမွာပါ။ ပထမ အဆင့္အေနနဲ႔ အတန္အသင့္ ျပင္နုိင္ၿပီဆုိရင္ကိုပဲ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိၿပီး တရားဥပေဒစုိးမုိးေရးလည္း အေတာ္ ေလးရွိလာမွာ ျဖစ္ပါတယ္”ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဗဟုိျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမွဴး မံုရြာ ဦးေအာင္ရွင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စကားဝိုင္းအား ေဖေဖာ္ဝါရီလ(၂၄)ရက္ မြန္းလဲြ(၁)နာရီမွ ညေန(၄)နာရီအထိ ျပဳလုပ္ရာ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠဌႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အရပ္ဖက္ လူမႈအဖဲြ႔အစည္းမ်ား၊ တကၠသိုလ္အသီးသီးမွေက်ာင္းသားေက်ာင္းသူမ်ား၊အျခားစိတ္ပါဝင္စားသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့် မြန်မာ့နိုင်ငံရေးအရွေ့ စကားဝိုင်းဆွေးနွေးပွဲကို ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း၏ စီစဉ်မှုဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ ဖော်ဆောင်နေတာဖြစ်လို့ ဖော်ဆောင် ပေးနိုင်မယ့် ဖွဲ့စည်းပုံတစ်ရပ်ဖြစ်လာမှသာ ကျွန်တော်တို့ နိုင်ငံသား အားလုံးရဲ့ ဘုံရည်မှန်းချက်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ကြရင်ကောင်းမလဲ၊ ဘာတွဖြေည့်စွက်ရင် ကောင်းမလဲ၊ ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရင်ကောင်းမလဲ ဆိုတာတွေကို ဆွေးနွေးနိုင်ကြဖို့ ဒီလိုစကားဝိုင်း ပြုလုပ်ရတာဖြစ်ပါတယ်”ဟု ယုံကြည် ရာ အသိပညာ ပြန့်ပွားရေးအသင်း အမှုဆောင်ကော်မတီဝင် ဦးတင်ထွန်းအောင် က ပြောသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး၊ The Voice Journal အမှုဆောင်အရာရှိချုပ် ဦးဇေယျသူ၊ ISP-Myanmar ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်း တို့က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေး အတွက် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ ပြန်လည်ဆွေးနွေးမေးမြန်းချက်များအပေါ် ဖြကြေားကြကြောင်း သိရသည်။

“ဒီနေ့ စကားဝိုင်းက တစ်နိုင်ငံလုံးက သိပ်ပြီးတော့ မျှော်လင့်နေတဲ့အကြောင်းအရာအပေါ်မှာ ဆွေးနွေးတဲ့ စကားဝိုင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြုပြင်ပြောင်းလဲရေးလုပ်မလဲ၊ ဘယ်လိုအတည်ပြု အောင်လုပ်မလဲ၊ ဘာတွေပြောင်းလဲမလဲဆိုတာကို ပြည်သူလူထုက သိပ်ပြီးတော့ သိချင်နကြေတယ်။ ဒီအကြောင်းအရာအပေါ်မှာ ကျွန်တော်တို့က ဆွေးနွေးကြတာဖြစ်လို့ တော်တော်လည်း တန်ဖိုးရှိပါတယ်။ ဒီပေါ်မှာ စိတ်ဝင်တစားနဲ့ တက်ရောက်ဆွေးနွေးမေးမြန်းကြတဲ့ မကွေးဒေသခံတွေကို အလွန်လေးစားစရာကောင်းတယ်လို့ ပြောချင်ပါတယ်။ အားလုံးကမျှော်မှန်းနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အနှေးနဲ့အမြန် ရလာမှာပါ။ ပထမ အဆင့်အနေနဲ့ အတန်အသင့် ပြင်နိုင်ပြီဆိုရင်ကိုပဲ ပြည်တွင်းငြိမ်းချမ်းရေးရရှိပြီး တရားဥပဒေစိုးမိုးရေးလည်း အတော် လေးရှိလာမှာ ဖြစ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စကားဝိုင်းအား ဖေဖော်ဝါရီလ(၂၄)ရက် မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ တက္ကသိုလ်အသီးသီးမှကျောင်းသားကျောင်းသူများ၊အခြားစိတ်ပါဝင်စားသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~