ထုိင္းဘုရင့္အစ္မေတာ္အေနျဖင့္ ႏုိင္ငံေရးတြင္ ပါဝင္မည္ကို ဘုရင္က ကန္႔ကြက္လုိက္ၿပီး ၿပိဳင္ဘက္ပါတီကလည္း ကန္႔ကြက္ထား

ထုိင္းဘုရင့္အစ္မေတာ္အေနျဖင့္ ႏုိင္ငံေရးတြင္ ပါဝင္မည္ကို ဘုရင္က ကန္႔ကြက္လုိက္ၿပီး ၿပိဳင္ဘက္ပါတီကလည္း ကန္႔ကြက္ထား
ဖေဖော်ဝါရီ 9, 2019
By 🌸
ထုိင္းဘုရင္၏အစ္မေတာ္ အူဘုိရာသာနာအေနျဖင့္ ေတာ္ဝင္မိသားစုဝင္ျဖစ္ေန၍ ႏုိင္ငံေရးတြင္ မပါဝင္သင့္ေၾကာင္း ထုိင္းဘုရင္က ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၈)ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္လုိက္ၿပီး အူဘိုရာသာနာအေနျဖင့္ ဝန္ႀကီးခ်ဳပ္ အမည္စာရင္းေပးသြင္းျခင္းမွာ ဥပေဒႏွင့္မညီေၾကာင္း PRP ပါတီကလည္း ေရြးေကာက္ပြဲေကာ္မရွင္ကို ကန္႔ကြက္ထားေၾကာင္း သိရသည္။

ထိုင္းဘုရင့္အစ္မေတာ္က သက္ဆင္ကိုေထာက္ခံသည့္ TRC မွ ဝန္ႀကီးခ်ဳပ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အတည္ျပဳလုိက္ေၾကာင္း ေဖေဖၚဝါရီလ (၈)ရက္ေန႔က သတင္းထုတ္ျပန္ၿပီးေနာက္ လက္ရိွဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာကလည္း PRP ပါတီမွ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သတင္းမ်ားထုတ္ျပန္လာျခင္းျဖစ္သည္။

အူဘိုရာသာနာက ၁၉၇၂ ခုႏွစ္တြင္ ေတာ္ဝင္မင္းသမီးဘြဲ႕ကို စြန္႔လႊတ္ခဲ့ၿပီးျဖစ္သျဖင့္ ေရြးေကာက္ပြဲဥပေဒႏွင့္ ညီညြတ္သည္ဟု TRC ပါတီက ထုတ္ျပန္ထားသည္။

မင္းသမီးသည္ ေတာ္ဝင္မင္းသမီးဘြဲ႕ကို စြန္႔လႊတ္ထားသည့္တုိင္ ေတာ္ဝင္မိသားစုဝင္ျဖစ္ေနဆဲျဖစ္ၿပီး ႏိုင္ငံေရးရာထူးမ်ား၏အထက္တြင္ရိွေနသည့္ ေတာ္ဝင္မိသားစုမ်ားက ႏုိင္ငံေရးတြင္ မပါဝင္သင့္ေၾကာင္း ဘုရင္၏ထုတ္ျပန္ခ်က္တြင္ ပါဝင္သည္။

အူဘိုရာသာနာ၏ အမည္စာရင္းတင္သြင္းမႈထြက္လာၿပီးေနာက္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ သူမအား ေထာက္ခံသူမ်ားႏွင့္ ျပင္းျပင္းထန္ထန္ကန္႔ကြက္သူမ်ား ရိွလာျခင္းျဖစ္သည္။

အူဘိုရာသာနာက သူမအေနျဖင့္ သာမန္ႏုိင္ငံသားတစ္ဦးအေနျဖင့္ ရရိွခံစားခြင့္ရိွသည့္ လြတ္လပ္ခြင့္၊ အခြင့္အေရးမ်ားအတုိင္း ေရြးေကာက္ပြဲဝင္ရန္ဆံုးျဖတ္ျခင္းျဖစ္သည္ဟု အင္စတာဂရမ္တြင္ ေရးသားခဲ့သည္။

Ref: Bangkok Post, PBS

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းဘုရင့်အစ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မည်ကို ဘုရင်က ကန့်ကွက်လိုက်ပြီး ပြိုင်ဘက်ပါတီကလည်း ကန့်ကွက်ထား
**********
ထိုင်းဘုရင်၏အစ်မတော် အူဘိုရာသာနာအနေဖြင့် တော်ဝင်မိသားစုဝင်ဖြစ်နေ၍ နိုင်ငံရေးတွင် မပါဝင်သင့်ကြောင်း ထိုင်းဘုရင်က ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် ကြေညာချက်ထုတ်လိုက်ပြီး အူဘိုရာသာနာအနေဖြင့် ဝန်ကြီးချုပ် အမည်စာရင်းပေးသွင်းခြင်းမှာ ဥပဒေနှင့်မညီကြောင်း PRP ပါတီကလည်း ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ထားကြောင်း သိရသည်။

ထိုင်းဘုရင့်အစ်မတော်က သက်ဆင်ကိုထောက်ခံသည့် TRC မှ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုလိုက်ကြောင်း ဖေဖေါ်ဝါရီလ (၈)ရက်နေ့က သတင်းထုတ်ပြန်ပြီးနောက် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း PRP ပါတီမှ ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းများထုတ်ပြန်လာခြင်းဖြစ်သည်။

အူဘိုရာသာနာက ၁၉၇၂ ခုနှစ်တွင် တော်ဝင်မင်းသမီးဘွဲ့ကို စွန့်လွှတ်ခဲ့ပြီးဖြစ်သဖြင့် ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်သည်ဟု TRC ပါတီက ထုတ်ပြန်ထားသည်။

မင်းသမီးသည် တော်ဝင်မင်းသမီးဘွဲ့ကို စွန့်လွှတ်ထားသည့်တိုင် တော်ဝင်မိသားစုဝင်ဖြစ်နေဆဲဖြစ်ပြီး နိုင်ငံရေးရာထူးများ၏အထက်တွင်ရှိနေသည့် တော်ဝင်မိသားစုများက နိုင်ငံရေးတွင် မပါဝင်သင့်ကြောင်း ဘုရင်၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အူဘိုရာသာနာ၏ အမည်စာရင်းတင်သွင်းမှုထွက်လာပြီးနောက် လူမှုကွန်ယက်စာမျက်နှာတွင် သူမအား ထောက်ခံသူများနှင့် ပြင်းပြင်းထန်ထန်ကန့်ကွက်သူများ ရှိလာခြင်းဖြစ်သည်။

အူဘိုရာသာနာက သူမအနေဖြင့် သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိခံစားခွင့်ရှိသည့် လွတ်လပ်ခွင့်၊ အခွင့်အရေးများအတိုင်း ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

Ref: Bangkok Post, PBS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~