တာခ်ီလိတ္တြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ျဖင့္ဖမ္းမိသည့္ ထုိင္းႏိုင္ငံသားႏွစ္ဦးကို (၃)ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏုိင္သည့္ ပုဒ္မျဖင့္ အေရးယူ

တာခ်ီလိတ္တြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ျဖင့္ဖမ္းမိသည့္ ထုိင္းႏိုင္ငံသားႏွစ္ဦးကို (၃)ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏုိင္သည့္ ပုဒ္မျဖင့္ အေရးယူ
ဖေဖော်ဝါရီ 26, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသည့္ ထုိင္းႏိုင္ငံသား အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတုိ႔ကို စစ္ေဆးေတြ႔ရိွရသျဖင့္ သံုးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏုိင္သည့္ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မျဖင့္ အေရးယူထားေၾကာင္း သိရသည္။

ဝန္းေက်ာက္ရပ္ကြက္၊ ကားေလးကြင္းေရွ႕တြင္ ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၂၅)ရက္ေန႔ ည(၉)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ပိတ္ဆို႔စစ္ေဆးေနစဥ္ ထုိင္းနုိင္ငံသား Kitsanakon Bongkaew ႏွင့္ ထုိင္းႏုိင္ငံသူ Boon Chit Jamrunsiri တို႔ စီးနင္းလာသည့္ SHN နံပါတ္ျပားတပ္ထားသည့္ယာဥ္အား စစ္ေဆးရာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

အဆိုပါ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္အား သိမ္းဆည္းလုိက္ၿပီး Kitsanakon Bongkaew ႏွင့္  Boon Chit Jamrunsiri တို႔ႏွစ္ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၀၂/၂၀၁၉၊ ၂၀၁၂ ခုႏွစ္ ပို႔ကုန္/သြင္းကုန္ ဥပေဒပုဒ္မ ၈ျဖင့္ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၂ ခုႏွစ္ ပို႔ကုန္သြင္းကုန္ဥပေဒအရ ကန္႔သတ္တားျမစ္ပိတ္ပင္ထားေသာ ကုန္ပစၥည္းမ်ားကိုလည္းေကာင္း ခြင့္ျပဳခ်က္ရယူရန္သတ္မွတ္ထားေသာ ကုန္ပစၥည္းမ်ားကို ခြင့္ျပဳခ်က္ရယူျခင္းမရိွဘဲ တင္ပို႔ျခင္း သို႔မဟုတ္ တင္သြင္းျခင္းမျပဳလုပ္ရဟု တားျမစ္ထားၿပီး အဆုိပါ တားျမစ္ခ်က္ကို ေဖါက္ဖ်က္ပါက သံုးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း ျပဌာန္းထားသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့်ဖမ်းမိသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို (၃)နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရေးယူ
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်မောင်းနှင်လာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ဝန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့တွင် ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်အချိန်တွင် ပိတ်ဆို့စစ်ဆေးနေစဉ် ထိုင်းနိုင်ငံသား Kitsanakon Bongkaew နှင့် ထိုင်းနိုင်ငံသူ Boon Chit Jamrunsiri တို့ စီးနင်းလာသည့် SHN နံပါတ်ပြားတပ်ထားသည့်ယာဉ်အား စစ်ဆေးရာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါ လိုင်စင်မဲ့မော်တော်ယာဉ်အား သိမ်းဆည်းလိုက်ပြီး Kitsanakon Bongkaew နှင့်  Boon Chit Jamrunsiri တို့နှစ်ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၀၂/၂၀၁၉၊ ၂၀၁၂ ခုနှစ် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေအရ ကန့်သတ်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကိုလည်းကောင်း ခွင့်ပြုချက်ရယူရန်သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုလုပ်ရဟု တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်ကို ဖေါက်ဖျက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~